တရုတ်သို့ ဆန်စပါးတင်ပို့မှု ကျဆင်းနေသောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေ

28/05/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏  အဓိကဆန်စပါးဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။

 “ စျေးနှုန်းကျဆင်းမှုမှာ ကိုယ်တို့ရဲ့ပုံမှန်တင်ပို့မှုလုပ်နေတဲ့ တရုတ်စျေးကွက်ကြီးဟာ ဒီနှစ်မှာ ၈၀ ရာခိုင်နှုန်း လောက် လျော့သွားတယ်။ နယ်စပ်တင်ပို့မှု လျော့သွားတဲ့အပြင် ပင်လယ်ရေကြောင်းတင်ပို့မှုမှာ EU က GSP အခွင့်အရေး(ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး)နဲ့ ပတ်သက်ပြီး ဆန်လုံးရှည်တွေကို GSP ရုပ်သိမ်းခဲ့ တယ်။ ဒါကြောင့်မို့လို့ ဝယ်လိုအား ကျဆင်းတယ်။ စျေးကွက်တွေ နည်းနည်းလျော့သွားတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်