ထန်း​တော​ပေါတဲ့ အညာ​မြေရဲ့ဒေသစာ ထန်းပင်မြစ်

11/01/2022 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ထန်းတောတွေ ပေါတဲ့ အထက်အညာဒေသရဲ့ ဒေသစာ ထန်းပင်မြစ် အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။

ထန်းပင်မြစ်ဆိုတာ ဆောင်းရာသီနဲ့ အင်မတန်လိုက်ဖက်လှပြီး အညာဒေသရဲ့ မပါမဖြစ် ရာသီစာ အစားအစာတစ်မျိုးဖြစ်ပါတယ်။

ထန်းပင်​မြစ်ဆိုတော့ တချို့မသိသေးသူတွေက ထန်းပင်ကြီးရဲ့ အမြစ်​တွေလို့ ထင်​နေကြ​ပါလိမ့်မယ်။ တကယ်တော့ ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွား​စာကျွေးဖို့အတွက် မြက်တွေထည့်တဲ့ခွက်ကြီး (နွားစာကျင်း)​ တွေတောင် ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ ထန်းပင်မြစ်ဆိုတာက ထန်းသီးတွေဟာ ဝါဆိုလမှာ ရင့်မှည့်ပြီး ဝါခေါင်-တော်သလင်းလ တွေမှာ ကြွေကျပါတယ်။ အဲ့ဒီ ထန်းသီးအမှည့်တွေကို အနက် ၁တောင်ခန့် တူးထားတဲ့ မြေကျင်းထဲမှာထည့်ပြီး မြေပြန်ဖိ​ထားရာကနေ ၃လခန့်အကြာမှာ အပင်ပေါက်လေးတွေ ရရှိလာပါတယ်။ အဲ့ဒီ ထန်းပင်ပေါက်လေးတွေကို ထန်းပင်မြစ်(ထန်းမြစ်) လို့ ခေါ်ကြတာပါ။

သူ့အရသာက​ နုလွန်းရင် ခါးသက်သက်ဖြစ်တတ်ပြီး ရောင်းတန်းဝင်အရွယ်​လောက်ဆိုရင်​​တော့ စားပီးရင်း စားချင်စရာ​ကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုး​​လေးကို ခံစားရစေမှာပါ။

ထန်းပင်မြစ်ကို မီးဖုတ်ပြီး စားကြသလို ဆီ၊ ဆား နှင့်လည်း တို့စားကြပါတယ်။ ထန်းမြစ်ကို မီးဖုတ်စားရင် အနံ့ပို​ပြီးမွှေးတာကြောင့် ထန်းမြစ်မီးဖုတ်နဲ့ ရေနွေးကြမ်းက တကယ်ကို လိုက်ဖက်လှပါပေတယ်။

ထန်းပင်မြစ်ကို ဘယ်လိုစားရလဲဆိုတော့-

ထန်းပင်မြစ်မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကို အခွံခွာပီးရင် ထန်းမြစ်​ဖွေး​ဖွေး​လေး​ တွေ့ပါလိမ့်မယ်။ အဲ့ဒီထန်းမြစ်​လေးရဲ့အ​ပေါ်ယံအမျှင်ပါး​လေးကို ​နောက်တစ်ကြိမ်ထပ်ခွာပါ။ ပြီးရင် အလယ်က​နေခြမ်းကာ အထဲကအူတိုင်အနှံ​လေးကို ဖယ်ပီး စိတ်ကြိုက်စားလို့ရပါပြီ။

တစ်ချို့ကလည်း ထန်းမြစ်ကို ထန်းမြစ်​ကြော်၊ ထန်းမြစ်နှမ်း​ထောင်း စသဖြင့် အမျိုးမျိုးပြုလုပ်စား​လေ့ ရှိကြပါတယ်။ ပဲဆီပေါပေါများများရနိုင်တဲ့ အညာဒေသမှာ ထန်းပင်မြစ်ကို ပြုတ်ကာ ထောင်းပြီးကြော်ထားသော ထန်းပင်မြစ်ကြော်ကို ခလေး၊ လူကြီးမရွေး နှစ်သက်ကြတယ်လို့ သိရပါတယ်။

 

ထန်းပင်မြစ်ကို ဆောင်းရာသီမှာ ပေါပေါများများရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်းအပူဓာတ်ကို လျော့ချပေးနိုင်တဲ့ ရာသီစာ ဆေးဘက်ဝင်အစားအစာတစ်မျိုးလည်း ဖြစ်ကြပါတယ်။ အရွယ် ၃ပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်တယ်လို့ မှတ်သားရဖူးပါတယ်။

ဒါ့​ကြောင့် အညာဒေသကို အလည်သွားရင် အညာစာတစ်မျိုးဖြစ်တဲ့ စေးစေးဆိမ့်ဆိမ့်အရသာရှိပြီး ဆေးဘက်လည်းဝင်တဲ့ ထန်းပင်မြစ်​ကို စားကြည့်ဖို့ မ​မေ့ကြပါနဲ့​နော်။

ရေးသားသူ - ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း- ယာတောသူ၏ "အညာမြေမှ ထန်းပင်မြစ်" အကြောင်း။

 

                                   

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်