အပင်အတွက်လိုအပ်သောအာဟာရဓာတ်များနှင့် အလုပ်လုပ်ပုံများအကြောင်း (၁)

30/08/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နိုက်ထရိုဂျင်

ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကိုအားပေးသည်။ အစိမ်းရောင်ကိုဖြစ်စေသည်။ ပန်းပွင့်ခြင်းကို နှောင့်နှေးစေ သည်။ အမိုင်နိုအက်ဆစ်၊ ပရိုတင်း၊ အင်ဇိုင်း၊ နျူကလီယိုပရိုတင်းတည်ဆောက်မှုတွင် အထူးပါဝင်သော လုပ်ငန်းကို လုပ်ဆောင်ပေးသည်။

ဖော့စဖောရပ်

အမြစ်များကြီးထွားမှုကို နိုးဆွပေးသည်။ ရင့်မှည့်မှုကိုမြန်အောင်ပြုလုပ်ပေးသည်။ အစေ့ဖြစ်ပေါ်မှု (သို့) ထုတ်လုပ်မှုကိုအားပေးသည်။ ဆဲလ်များကိုပွားအောင်ဆောင်ရွက်ရာတွင် အဓိကဓာတ်မြေဩဇာ ပါဝင်သည်။ အပင်ဇီဝကမ္မလုပ်ငန်းများ (အဓိကလုပ်ငန်းများ)၊ ပေးပို့ခြင်း စွမ်းအားများကို အထူးပြုသော ဓာတ်ဖြစ်သည်။

ပိုတက်ဆီယမ်

ကောက်ရိုးများကိုတောင့်တင်းခိုင်မာစေသည်။ ကာဘိုဟိုက်ဒြိတ်တည်ဆောက်မှု၏ အဓိက ဓာတ်အဖြစ်ပါဝင်သည်။ ရောဂါဒဏ်များကို ခံနိုင်အောင်ဆောင်ရွက်ပေးပြီး၊ ဆဲလ်များကွဲပွားရာတွင်လည်း မရှိမဖြစ် ဓါတ်အဖြစ်ပါဝင်ကာ အခြားသော ဓါတ်များ (N,P,Ca,Mg) ညီမျှအောင်ထိန်းပေးသည်။ (လွန်ကဲစွာ ပါဝင်မှုကို ညီမျှအောင်လုပ်ပေးသည်ဟုဆိုပါသည်။) ပရိုတင်းဖြစ်ပေါ်မှုအတွက်လည်း ပါဝင်ပတ်သတ်နေပြီး အင်ဇိုင်းများလှုပ်ရှားရန် နိုးဆွပေးသည်။ နိုက်ထရိတ် (No3) များအပင် စုတ်ယူစားသုံးအောင် ဆောင်ရွက်ပေးသောကြောင့် No3 လျော့နည်းမှုကို ကာကွယ်ပေးသည်။

ကယ်လ်စီယမ်

အမြစ်များဖွံဖြိုးတိုးတက်အောင် လှုံဆော်ပေးသည်။ ဆဲလ်နံရံများအား ပြည့်စေသည်။ အပင်တစ်သျှူးဆိုင်ရာ pH ချဉ်ငံမှုကို အလှည့်ကျဖြစ်ပေါ်စေသည်။ ပဲမျိုးရင်ဝင်အပင်များ၏ မြစ်ဖုများကို ဆက်နွယ်လွှမ်းမိုးထားသည်။ middle Lemella ခေါ် ဆဲလ်များကိုပွားခြင်း၊ No3 – N (နိုက်ထရိတ်ဂျင် နိုက်ထရိုဂျင်) ယုတ်လျော့ခြင်းများကို ထိန်းပေးပြီး အင်ဇိုင်းများလှုပ်ရှားမှုကို လှုံဆော်ပေးပါသည်။

မဂ္ဂနီစီယမ်

ကလိုရိုဖီးလ်တည်ဆောက်ရာတွင် မရှိမဖြစ်ဓါတ်တစ်မျိုးဖြစ်သည်။ အပင်အတွင်းဖော့စဖတ်များ သွားလာ လှုပ်ရှားရာတွင် ပါဝင်ဆောင်ရွက်ပေးသည်။ ပရိုတင်းနှင့် အဆီ (oil) များတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ပေးပြီး များစွာသော အင်ဇိုင်းများအတွက်အထူးအရေးကြီးသည်။ ဥပမာ (phosphorylation reaction)

ကန့်- ဆာလဖာ

ပဲပင်များတွင် အမြစ်နှင့် မြစ်ဖုများရှင်သန်ကြီးထွားရေးအတွက် လှုံဆော်ပေးသည်။ ပဲပင်များတွင် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအတွက်လည်း လှုံဆော်သည်။ ဆာလဖာသည် Cystine နှင့် glutalhione ဖွဲ့စည်းမှုအတွက် ပါဝင်ဆောင်ရွက်ပေးပြီး၊ အင်ဇိုင်းများ၏ ဇီဝကမ္မလုပ်ငန်းတွင် ဆာလဖာဓာတ် ပါဝင်မှုမှရရှိသည်။

တခြားအရေးကြီးသောဓာတ်များ၏အလုပ်လုပ်ပုံများကို ဆက်လက်ဖော်ပြပါဦးမည်။

မြေဆီလွှာဆရာဝန်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

 ' မြေဆီလွှာဆရာဝန်' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးခင်းထဲက ပေါင်းပင်တွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက် သတင်းကောင်း စရိတ်လည်းသက်သာ၊ လူလည်းမပင်ပန်းရတော့ဘူးဗျို့....ဦးကြီးတို့ရေ စပါးခင်းထဲမှာ ပေါင်းသတ်ဆေးတွေ ခဏခဏဖျန်းနေရလို့ ကုန်ကျစရိတ်တွေတက်၊ လူလည်း ပင်ပန်းနေပြီလား အနှောင့်အယှက်ပေးနေတဲ့ ပေါင်းပင်တွေကို အစိုသမန်းမှာတင် အပြတ်ရှင်းဖို့ ဒီမှာ Farm Link ရဲ့ #အစိုသမန်းပေါင်းအုပ်ဆေးErase (အီရေစ့်) ရှိတယ်လေ Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ ဘာကြောင့် "အီရေစ့်" ကိုမှ ရွေးချယ်သင့်တာလဲ? အခြားဆေးတွေမှာ Pretilachlor 30% ပဲ ပါဝင်ပေမယ့် #Erase (အီရေစ့်) မှာတော့ Pretilachlor 50% EC အထိ အချိုးအစား ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။ မြက်မျိုးရင်း၊ မြက်မုန်ညှင်းနဲ့ ရွက်ပြန့်ပေါင်းမှန်သမျှကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းပေးနိုင်ပါတယ်။ တစ်ကြိမ်ဖျန်းထားရုံနဲ့ ပေါင်းပင်ပေါက်ရောက်မှုကို သိသိသာသာ လျှော့ချပေးလို့ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင် စိတ်ချရပါတယ်။ "အီရေစ့်" ကို ဘယ်လိုသုံးရင် အထိရောက်ဆုံး ဖြစ်မလဲ စပါးခင်းထဲမှာ ပေါင်းပင်အစအနတောင် မကျန်အောင် ဒီနည်းလမ်းလေးအတိုင်း သုံးပေးပါနော် တိုက်ရိုက်အစေ့ချစိုက်ခင်းဆိုရင် စပါးစေ့ချပြီး (၄) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ပျိုးထောင်ရွှေ့ပြောင်းစိုက်ခင်းဆိုရင်တော့ စိုက်ပျိုးပြီး (၅) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ဒီအချိန်အတွင်းမှာသာ အမိအရဖျန်းပေးမယ်ဆိုရင် ဦးကြီးတို့ရဲ့ စပါးခင်းဟာ ပေါင်းကင်းစင်ပြီး အားကောင်းမောင်းသန်နဲ့ ကြီးထွားလာမှာ အသေအချာပါပဲဗျာ။ ဆေးနှုန်းထားအနေနဲ့ကတော့ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၇၀ - ၈၀ စီစီ နှုန်း ထည့်ပါ။ အီရေစ့် (၁) လီတာ တစ်ဘူးလျှင် (၃) ဧက အထိ စနစ်တကျ အသုံးပြုနိုင်ပါတယ်။ ကဲ... ဦးကြီးတို့ရေ "အချိန်မီဖျန်းမှ အထွက်နှုန်းသေချာ ပေါင်းပင်တွေနေရာ... အီရေစ့် (Erase) နဲ့ အမြန်ဦးအောင် ရှင်းလိုက်ပါ စရိတ်သက်သာ၊လူသက်သာပြီး အထွက်နှုန်းအတွက် စိတ်အေးရဖို့... စပါးခင်းထဲက ပေါင်းမှန်သမျှ အကုန် "ရွေ့" သွားစေမယ့် အီရေစ့် (Erase) ကို အခုပဲ အပြေးလေး ဝယ်ယူလိုက်တော့နော်
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်