ကပ်ပါးနေကာ အကျိုးပြုတဲ့ နကျယ်ကောင်

29/03/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

အတိုချုပ်ပြောရရင်တော့ ဥ တွေကို တစ်ခြားအင်းဆက်ကောင်တွေရဲ့ အထဲမှာ ဝင်ဥတယ်။ လူတွေကို အန္တရာယ်မပြုဘူး။ ဒေသမှာရှိတဲ့ ဖျက်ပိုးအင်းဆက်တွေရော၊ တစ်ခြားကနေ ပျံ့ပွားလာတဲ့ ဖျက်ပိုးအင်းဆက်တွေကိုရော ကာကွယ်နှိမ်နင်းတဲ့နေရာမှာ အကျိုးပြုတဲ့ နကျယ်ကောင်လေးတွေဖြစ်ပါတယ်။ 

အရွယ်ရောက်အကောင်

ကပ်ပါးနကျယ်ကောင်တွေက သေးငယ်ပြီး ပျံသန်းနိုင်တဲ့ အင်းဆက်ကောင်လေးတွေဖြစ်တာမို့ သိပ်ပြီး သတိထားမိတတ်တဲ့ အကောင်မျိုးလေးတွေတော့မဟုတ်ပါဘူး

အတော်များများကတော့ သေးငယ်ပြီး တစ်ချို့မျိုးစိတ်တွေဆို မီလီမီတာလောက်အထိကို သေးငယ်ပါတယ်။ 

ပန်းပွင့်နေရာလေးတွေမှာ အရွယ်ရောက်နကျယ်ကောင်လေးတွေကို တွေ့နိုင်သလို အပင်တွေအနီးတစ်ဝိုက်မှာ ဥ ဥဖို့ရှာနေကြတဲ့ အရွယ်ရောက်နကျယ်ကောင်လေးတွေကို မြင်တွေ့နိုင်မှာပါ။ 

သူတို့ကလည်း လိပ်ပြာတို့လိုမျိုးပဲ ဘဝစက်ဝန်းက (၄) ပိုင်းရှိပါတယ်။ မတူညီကွဲပြားတဲ့ အင်းဆက်မျိုးစုံကို ကပ်ပါးပြုနိုင်ပါတယ်။

အရွယ်ရောက်ကောင်တွေကတော့ ဝတ်ဆံတွေ ဝတ်မှုန်တွေကို စားပါတယ်။

သူတို့ရဲ့ ဘဝစက်ဝန်းအရ အင်းဆက်ကောင်တွေကို ကပ်ပါးပြုပြီးတော့ နေရမှာမို့ အသိုက်တို့ အုံတို့ ဆောက်ပြီး မနေသလို ပျားတွေလို ဘုရင်မလည်းမရှိပါဘူး။

နကျယ်မျိုးစိတ်တစ်ခုချင်းစီက အင်းဆက်တွေကိုရှာပြီးတော့ ရှာတွေ့တာနဲ့ သူတို့ရဲ့ ဥ တွေကို အင်းဆက်ကောင်တွေရဲ့  ခန္ဓာကိုယ်အတွင်းပိုင်းရောက်အောင် ဥ ကြပါတယ်။ 

သူတို့ ကပ်ပါးပြုတဲ့ အင်းဆက်တွေမှာဆိုရင် ပျတို့လိုမျိုးလည်းပါဝင်ပါတယ်။ အင်းဆက်ကောင်တွေရဲ့ ဘဝစက်ဝန်းအဆင့်မရွေး သူတို့က ကပ်ပါးပြုနိုင်ပါတယ်။ ဥ အဆင့်ကနေ အရွယ်ရောက်အကောင်အဆင့်အထိ အကုန်လုံးမှာ ကပ်ပါးပြုနိုင်ပါတယ်။ 

ဥ တွေက အင်းဆက်ကောင်တွေရဲ့ အထဲမှာရောက်နေတာဆိုတော့ ဥ ကနေ အကောင်ပေါက်လာတဲ့ သားလောင်းကောင်လေးတွေက သူတို့ ကပ်ပါးပြုထားတဲ့ အင်းဆက်ကောင်တွေကို စ ပြီးတော့ စားပါတယ်။

သားလောင်းကောင်ဘဝနဲ့ စားသောက်လို့ ပြီးသွားတဲ့အခါ ကပ်ပါးပြုထားတဲ့ အင်းဆက်ထဲမှာပဲ ပိုးတုံးလုံးကောင်အဖြစ် ဆက်နေပါတယ်။ တစ်ခါတစ်လေမှာ အဲ့ ပိုးရုပ်ဖုံးလေးတွေက ဆန်စေ့ပုံစံလိုမျိုးနဲ့ အင်းဆက်ကောင်ရဲ့ အပြင်ဖက်မှာလည်း မြင်နိုင်ပါတယ်။ 

အကောင်ကြီးဖြစ်လာတဲ့အခါမှာ အတောင်ပေါက်ပြီး ပျံထွက်သွားပါတယ်။ အဆင့်ဆင့်လည်း အစားခံထားရတဲ့အပြင်ကို အတောင်နဲ့ ဖောက်ထွက်သွားတဲ့အတွက် ကပ်ပါးပြုခံရတဲ့ အင်းဆက်လည်း သေသွားပါတော့တယ်။ 

ကိုယ့်စိုက်ခင်းထဲမှာ ဒီလို ကပ်ပါးနကျယ်ကောင်တွေ ရှိနေအောင် ဘယ်လိုလုပ်ထားပေးလို့ရမလဲ?

မမြင်ရပေမဲ့ သူတို့က အရမ်းကို အကျိုးရှိတဲ့ အကျိုးပြု အင်းဆက်တွေဖြစ်တာမို့ သူတို့နေထိုင်ကျက်စားတဲ့ အလေ့အကျင့်အတွက် စိုက်ခင်းအပြင်ဖက် နေရာလွတ်မှာဖြစ်ဖြစ် အရွယ်ရောက် နကျယ်အကောင်ကြီးတွေ နေထိုင်စားသောက်ဖို့အတွက် ပန်းပွင့်တဲ့ အပင်တွေစိုက်ပျိုးပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။ 

သူတို့ ကပ်ပါးပြုနိုင်တဲ့ အင်းဆက်အနည်းငယ် (စီးပွားရေးအရ မထိခိုက်တဲ့ ပမာဏ)ကို အပင်မှာ ခွင့်ပြုထားနိုင်ပါတယ်။ ဒါမှသာ အစာရှိလို့ ကပ်ပါးနကျယ်ကောင်တွေက နေထိုင်ကြမှာပါ။

ပိုးသတ်ဆေးတွေအသုံးပြုမှုတွေကို အကန့်အသတ်နဲ့ပြုလုပ်ပါ။ ပိုးသတ်ဆေး တော်တော်များများက အင်းဆက်တွေကိုရွေးပြီးတော့ သတ်တာမျိုးမဟုတ်ပဲနဲ့ အကုန်လုံး ဝါးလုံးနဲ့ သိမ်းကျုံးရိုက်တာလိုမျိုး အကုန်သေစေနိုင်တာကြောင့်မို့ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်