ဒေသခံတောင်သူလယ်သမားများအတွက် လက်တွဲပူးပေါင်းခြင်း

24/06/2023 11:00 AM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ဒီရေတောစိုက်ပျိုးထိန်းသိမ်းရာစီမံကိန်းဧရိယာများအတွင်းရှိ ဒေသခံများ၏ အသိပညာဗဟုသုတများ ပိုမို တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Worldview International Foundation (WIF) နှင့် Greenovator တို့ အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

Greenovator အနေဖြင့် Green Way အက်ပလီကေးရှင်းနှင့် အခြားသောဆိုရှယ်မီဒီယာအကောင့် များမှတဆင့် ဒီရေတောဂေဟစနစ်အကြောင်း၊ ဗဟုသုတများကို အသုံးပြုသူများထံ ပိုမိုကျယ်ပြန့်စွာ ဖြင့် အလွယ်တကူရောက်ရှိစေရေး ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

ဒေသခံများအနေဖြင့်လည်း Green Way - အစိမ်းရောင်လမ်း အက်ပလီကေးရှင်းအသုံးပြုခြင်း မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းပိုင်းဆိုင်ရာများကို လေ့လာ သိရှိနိုင်ခြင်း၊ ဒီရေတောဂေဟစနစ်ဆိုင်ရာဗဟုသုတများရရှိနိုင်ခြင်းအကျိုးများ ရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် အကြံအဉာဏ်များပေးနိုင်၊ ရယူနိုင်ခြင်းများလည်း ပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် Worldview International Foundation (WIF) နှင့် Greenovator တို့ ယခုကဲ့သို့ပူးပေါင်း ဆောင်ရွက်မှုသည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေနိုင်မည်ဟု ယုံကြည်မိပါသည်။

(English Version)

Thrilled being partnership in the community

A partnership between Worldview International Foundation (WIF) and Greenovator has been established to improve the knowledge of the community in the mangrove conservation and restoration project areas.

Greenovator is going to deliver the awareness of mangrove ecosystem through their Green Way application (which can be downloaded in Playstore and Appstore) and other social media accounts.

By using Green Way Application, the community will be able to catch up not only with their livestock, aquaculture, agriculture, and other livelihood issues but also mangrove ecosystem, and benefits.

As a result of this cooperation, the community can access the positive effects of both practical and theoretical knowledge above, as well as sharing their experiences with others.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်