ဂျုံတွင်ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများ

20/09/2021 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဂျုံသည် ကမ္ဘာပေါ်ရှိသီးနှံများအကြားတွင် အဓိကသီးနှံအဖြစ်ပါဝင်သည်။ အမေရိကန်တွင်စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သည်။ ရုရှားနိုင်ငံတွင် ဒုတိယအများဆုံးထုတ်ပြီး ကနေဒါသည် တတိယ၊ အိန္ဒိယသည် စတုတ္ထအများဆုံးစိုက်ပျိုးထုတ်လုပ်ကြသည်။ စားသုံးမှုများသောဂျုံကို အောက်တိုဘာလနှင့် နိုဝင်ဘာအစောပိုင်းအထိစိုက်ပျိုးကြပါတယ်။ ဂျုံမှာအမာစား၊ အပျော့စားဟူ၍ ၂ မျိုးကွဲသည်။ အနီရောင်၊ အဝါရောင်၊ အဖြူရောင်ဆိုပြီးအရောင်သုံးမျိုးရှိပြီး ရင့်မှည့်ချိန်ကွာသည်။

ဂျုံမှုန့်နု၊ ဂျုံမှုန့်ကြမ်း၊ ရွှေကြည်မှုန့်ခေါ်ဂျုံဆန်ကွဲ၊ ဂျုံဖွဲဟူ၍ အမျိုးအစားအများကို စက်တင်ကြိတ်ပြီးသာမက ဂျုံရိုးတံများကိုလည်း ဦးထုပ်များ၊ စက္ကူ၊ ဖျာ၊ ဖျာပန်းအတူများ ပြုလုပ်နိုင်ပါသည်။ အထွက်နှုန်းထိခိုက်မှုမရှိပဲ စိုက်ပျိုးနိုင်ရန်အတွက် ရောဂါပိုးမွှားကဏ္ဍကလည်း အရေးကြီးလှပါပေတယ်။ ဂျုံသီးနှံတွင်ကျရောက်ဖျက်ဆီးတတ်သော ရောဂါပိုးမွှားများအကြောင်းကို လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ရောဂါများ

ဂျုံများတွင် အဓိကဖြစ်ပွားသောရောဂါ (၂) မျိုးမှာ နနွင်းရောဂါနှင့် ဂျုံလောင်မီးရောဂါတို့ဖြစ်ကြသည်။ မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ဂျုံပင်၏ပင်စည်၊ အရွက်အစိတ်အပိုင်းကို ဝင်ရောက်စားသောက်ကြသည်။ ထိုအခါအရွက်များ၊ အပင်များပေါ်တွင် အဝါစက်၊ အဝါပြောက်ကျားဖြစ်နေသည်။ နနွင်းရောဂါဖြစ်ပွားပါက အသီးညံ့ဖျင်း၍ မအောင်မြင်ခြင်း၊ အထွက်နည်းခြင်းများ ဖြစ်တတ်ပြီး ဆိုးရွားစွာကျရောက်ပါက မျိုးပြန်မရသည်အထိအခြေအနေဆိုးနိုင်သည်။ ကာကွယ်ရန်မှာ ရောဂါဒဏ်ခံနိုင်သောမျိုးကို စိုက်ပျိုးရမည်။

ဂျုံလောင်မီးရောဂါသည် ဂျုံစေ့ဖြစ်မည့်နေရာတွင် မည်းနက်သောမှိုစေ့အခဲများဖြစ်ပေါ်လာပြီး ဆိုးရွားစွာဖြစ်ပေါ်ပါက ဂျုံစေ့လုံးဝပြန်မရတော့ပေ။ ကာကွယ်ရန်မှာ ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးစိုက်ရမည်။ ဂျုံလောင်မီးရောဂါသည် ဂျုံနီများတွင် ပိုမိုကျရောက်ပြီး ဂျုံဖြူများတွင်ကျရောက်မှုမရှိသလောက်ပင်ဖြစ်သည်။

ပိုးမွှားများ

ဂျုံသီးနှံများကို ဖျက်ဆီးတတ်သောပိုးမွှားများမှာ ဖြုတ်စိမ်း၊ ငမြှောင်တောင်ပိုင်းနှင့် ခြများ ဖြစ်ကြသည်။

ဖြုတ်စိမ်းပိုးသည် အရွက်များ၊ အနှံများတွင် တွယ်ကပ်၍ အရည်ကိုစုပ်ယူတတ်ကြသည်။ အထူးသဖြင့် မိုးအုံ့ပျပျတွင် ပို၍ကျရောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ရန်မှာ အင်ဒရင်းဆေးရည် (၁၉.၅%) ကို ဆေးနှင့်ရေအချိုး ဆေး (၁) ဆ ရေ (၇၅၀) ဆ ကို ပက်ဖျန်းနှိမ်နင်းနိုင်သည်။

ငမြှောင်တောင်ပိုးမှာ အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းကျသည်။ ဂျုံပင်များကို အောက်ခြေမှနေ၍ ဖြတ်တောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ရန်မှာ ဂျုံမစိုက်မီ ဂျုံစေ့တစ်တင်းလျှင် (၂.၅%) အော်ဒရင်းဆေးမှုန့်တစ်ပေါင်ရော၍ နယ်ပြီးစိုက်ရမည်။ အော်ဒရင်အစား (၅%) ဒီဒီတီဆေးမှုန့်ကိုလည်း အသုံးပြုနိုင်သည်။

ခြများ၏ရန်မှ ကာကွယ်ရန်မစိုက်ပျိုးမီမြေကို (၂.၅%) အော်ဒရင်းဆေးမှုန့်တစ်ဧကလျှင် ပေါင်(၄၀)နှုန်းချ၍ ထွန်မွှေပေးရမည်။ ထိုသို့ထွန်မွှေပြီးမှသာ မျိုးစေ့ချစိုက်ရမည်။

ကိုးကား

ဝီကီပီးဒီးယား https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AF%E1%80%B6

ရောဂါပိုးမွှားများအကြောင်းကို “အောင်ဝင်းထွဋ် လယ်ယာသီးနှံစိုက်ပျိုးနည်း စာအုပ်” မှကောက်နုတ်ဖော်ပြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်