အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂျုံတွင်ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများ

ဂျုံတွင်ဖြစ်ပွားတတ်သော ပိုးမွှားရောဂါများ

Green Way
Green Way • 20/09/2021

ဂျုံသည် ကမ္ဘာပေါ်ရှိသီးနှံများအကြားတွင် အဓိကသီးနှံအဖြစ်ပါဝင်သည်။ အမေရိကန်တွင်စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သည်။ ရုရှားနိုင်ငံတွင် ဒုတိယအများဆုံးထုတ်ပြီး ကနေဒါသည် တတိယ၊ အိန္ဒိယသည် စတုတ္ထအများဆုံးစိုက်ပျိုးထုတ်လုပ်ကြသည်။ စားသုံးမှုများသောဂျုံကို အောက်တိုဘာလနှင့် နိုဝင်ဘာအစောပိုင်းအထိစိုက်ပျိုးကြပါတယ်။ ဂျုံမှာအမာစား၊ အပျော့စားဟူ၍ ၂ မျိုးကွဲသည်။ အနီရောင်၊ အဝါရောင်၊ အဖြူရောင်ဆိုပြီးအရောင်သုံးမျိုးရှိပြီး ရင့်မှည့်ချိန်ကွာသည်။

ဂျုံမှုန့်နု၊ ဂျုံမှုန့်ကြမ်း၊ ရွှေကြည်မှုန့်ခေါ်ဂျုံဆန်ကွဲ၊ ဂျုံဖွဲဟူ၍ အမျိုးအစားအများကို စက်တင်ကြိတ်ပြီးသာမက ဂျုံရိုးတံများကိုလည်း ဦးထုပ်များ၊ စက္ကူ၊ ဖျာ၊ ဖျာပန်းအတူများ ပြုလုပ်နိုင်ပါသည်။ အထွက်နှုန်းထိခိုက်မှုမရှိပဲ စိုက်ပျိုးနိုင်ရန်အတွက် ရောဂါပိုးမွှားကဏ္ဍကလည်း အရေးကြီးလှပါပေတယ်။ ဂျုံသီးနှံတွင်ကျရောက်ဖျက်ဆီးတတ်သော ရောဂါပိုးမွှားများအကြောင်းကို လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ရောဂါများ

ဂျုံများတွင် အဓိကဖြစ်ပွားသောရောဂါ (၂) မျိုးမှာ နနွင်းရောဂါနှင့် ဂျုံလောင်မီးရောဂါတို့ဖြစ်ကြသည်။ မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ဂျုံပင်၏ပင်စည်၊ အရွက်အစိတ်အပိုင်းကို ဝင်ရောက်စားသောက်ကြသည်။ ထိုအခါအရွက်များ၊ အပင်များပေါ်တွင် အဝါစက်၊ အဝါပြောက်ကျားဖြစ်နေသည်။ နနွင်းရောဂါဖြစ်ပွားပါက အသီးညံ့ဖျင်း၍ မအောင်မြင်ခြင်း၊ အထွက်နည်းခြင်းများ ဖြစ်တတ်ပြီး ဆိုးရွားစွာကျရောက်ပါက မျိုးပြန်မရသည်အထိအခြေအနေဆိုးနိုင်သည်။ ကာကွယ်ရန်မှာ ရောဂါဒဏ်ခံနိုင်သောမျိုးကို စိုက်ပျိုးရမည်။

ဂျုံလောင်မီးရောဂါသည် ဂျုံစေ့ဖြစ်မည့်နေရာတွင် မည်းနက်သောမှိုစေ့အခဲများဖြစ်ပေါ်လာပြီး ဆိုးရွားစွာဖြစ်ပေါ်ပါက ဂျုံစေ့လုံးဝပြန်မရတော့ပေ။ ကာကွယ်ရန်မှာ ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးစိုက်ရမည်။ ဂျုံလောင်မီးရောဂါသည် ဂျုံနီများတွင် ပိုမိုကျရောက်ပြီး ဂျုံဖြူများတွင်ကျရောက်မှုမရှိသလောက်ပင်ဖြစ်သည်။

ပိုးမွှားများ

ဂျုံသီးနှံများကို ဖျက်ဆီးတတ်သောပိုးမွှားများမှာ ဖြုတ်စိမ်း၊ ငမြှောင်တောင်ပိုင်းနှင့် ခြများ ဖြစ်ကြသည်။

ဖြုတ်စိမ်းပိုးသည် အရွက်များ၊ အနှံများတွင် တွယ်ကပ်၍ အရည်ကိုစုပ်ယူတတ်ကြသည်။ အထူးသဖြင့် မိုးအုံ့ပျပျတွင် ပို၍ကျရောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ရန်မှာ အင်ဒရင်းဆေးရည် (၁၉.၅%) ကို ဆေးနှင့်ရေအချိုး ဆေး (၁) ဆ ရေ (၇၅၀) ဆ ကို ပက်ဖျန်းနှိမ်နင်းနိုင်သည်။

ငမြှောင်တောင်ပိုးမှာ အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းကျသည်။ ဂျုံပင်များကို အောက်ခြေမှနေ၍ ဖြတ်တောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ရန်မှာ ဂျုံမစိုက်မီ ဂျုံစေ့တစ်တင်းလျှင် (၂.၅%) အော်ဒရင်းဆေးမှုန့်တစ်ပေါင်ရော၍ နယ်ပြီးစိုက်ရမည်။ အော်ဒရင်အစား (၅%) ဒီဒီတီဆေးမှုန့်ကိုလည်း အသုံးပြုနိုင်သည်။

ခြများ၏ရန်မှ ကာကွယ်ရန်မစိုက်ပျိုးမီမြေကို (၂.၅%) အော်ဒရင်းဆေးမှုန့်တစ်ဧကလျှင် ပေါင်(၄၀)နှုန်းချ၍ ထွန်မွှေပေးရမည်။ ထိုသို့ထွန်မွှေပြီးမှသာ မျိုးစေ့ချစိုက်ရမည်။

ကိုးကား

ဝီကီပီးဒီးယား https://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AF%E1%80%B6

ရောဂါပိုးမွှားများအကြောင်းကို “အောင်ဝင်းထွဋ် လယ်ယာသီးနှံစိုက်ပျိုးနည်း စာအုပ်” မှကောက်နုတ်ဖော်ပြသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။