သတင်းအမှားတွင်သုံးလေ့ရှိသော ဓာတ်ပုံများ

02/08/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ သတင်းအမှားတွေမှာ သုံးလေ့ရှိတဲ့ ဓာတ်ပုံတွေကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် ဗဟုသုတ အနေနဲ့မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

သတင်းအချက်အလက်တွေမှာ ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံဟာ သက်ရောက်မှု အားကြီးပါတယ်။ လူတွေရဲ့ သဘာဝအရ ဖတ်ရရုံ၊ သိရရုံထက် မြင်ရတာကို ပိုပြီး ယုံကြည်တတ်တာကြောင့် ဓာတ်ပုံတွေဟာ အရေးပါလှပါတယ်။ သတင်းအမှားတွေမှာ သုံးလေ့ရှိတဲ့ ဓာတ်ပုံတွေဟာ ဘယ်လိုပုံစံမျိုးရှိလည်းဆိုတာ လေ့လာကြည့်ရအောင်လား ခင်ဗျ။

၁။ သတင်းနဲ့ ဓာတ်ပုံ ကိုက်ညီမှု မရှိခြင်း

သတင်းအမှားတွေမှာ စာဖတ်သူတွေ ယုံကြည်စေဖို့ ဓာတ်ပုံတွေထည့်လေ့ရှိပြီး သေချာကြည့်ပါက သတင်းနဲ့ ကိုက်ညီမှု မရှိသလို အခြားသတင်းမှ ပုံအဟောင်းတွေနဲ့ အခြားနိုင်ငံ၏ အဖြစ်အပျက်မှ ပုံများကို ထည့်ထားလေ့ရှိပါတယ်။

အချို့သတင်းတွေမှာတော့ ပုံအစစ်သုံးထားသော်လည်း သတင်းမှားနေတာမျိုးတွေလည်း ရှိပါတယ်။

၂။ ဓါတ်ပုံများကို ပြုပြင်ထားခြင်း

အချို့သတင်းတွေမှာ ပုံနှင့် သတင်း ကိုက်ညီအောင် ပုံများကို နည်းပညာသုံးကာ ပြုပြင်ပြောင်းလဲထားတာမျိုးလည်းရှိပါတယ်။ ဖိုတိုရှေ့ာဆော့ဝဲများ အသုံးပြုပြီး သတင်းပုံအမှန်များမှ လိုချင်သလောက်သာ ဖြတ်တောက်ဖော်ပြခြင်းနဲ့ ပုံများပေါ်မှာ လိုအပ်တဲ့ လူများ၊ ပုံများကို ထပ်မံဖြည့်စွက်ဖန်တီးခြင်း တို့ကိုလည်း ပြုလုပ်ကြပါတယ်။

၃။ သတင်းအမှား၊ ပုံအတုမှန်း မသိသာစေရန် သတင်းများကို ဓါတ်ပုံများအသွင်ဖြင့် တင်ထားခြင်း

တချို့သော လူမှုကွန်ယက်မီဒီယာတွေမှာ သတင်းပြန်လည်ဝေမျှသူတွေဟာ အခြားသူများက ဝေမျှထားသည်ကို Screenshot (စခရင်ရှော့) ယူထားပြီး ပြန်လည်မျှဝေသည့် ပုံများကို တွေ့ရတတ်ပါတယ်။ ထိုသို့ ပြုလုပ်သည့် ပုံစံများကို လူအများ ဆန်းစစ်ခြင်းမရှိဘဲ အမြန်ပြန်လည် မျှဝေစေရန် အရေးပေါ်သတင်းများ ပုံစံဖြင့် ဖော်ပြထားလေ့ရှိပါတယ်။ 

ဒါ့ကြောင့် သတင်းတွေနဲ့အတူတွဲပြီး ပါလာတတ်တဲ့ ဓာတ်ပုံတွေကို သေသေချာချာ ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ အကြံပြုလိုက်ရပါတယ်။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ကျားနဲ့ မကြား ဒစ်ဂျစ်တယ် နည်းပညာကွာဟမှု

Mido Myanmar Website မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Source- https://curriculum.realornotmm.info/mil-curriculum-book/3/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်