၁။ ကျရောက်သည့်အချိန်
ဖြုတ်ညို ကျရောက်မှု များပါက ဤရောဂါ ဖြစ်ပေါ်တတ်ပါသည်။
၂။ ရောဂါလက္ခဏာ
အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာ ထွက်ခြင်း၊ အပွင့်အင်္ဂါ အစိတ်အပိုင်းများ အစိမ်းရောင် ဖြစ်ခြင်းတို့ကိုတွေ့မြင်နိုင်ပါသည်။ နှမ်းခင်းအား အဝေးမှာ ကြည့်ပါက ထိပ်ဖျားတွင် အထက်ပါ လက္ခဏာကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်ရောင်မရှိဘဲ အစိမ်းရောင် ကိုတွေ့မြင်နိုင်ပါသည်။
၃။ ကူးစက်ပျံ့နှံ့ခြင်း
နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့် မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာ ကူးစက်နိုင်ပါသည်။ မျိုးစေ့ဆောင် အဖြစ် မတွေ့ရပါ။ ဤရောဂါ သယ်ဆောင်ကောင်မှာ ဖြုတ်ညို (Orosiusalbicinetus) ပိုးဖြစ်သည်။ ရောဂါဖြစ်စေ မိုက်ကိုပလပ်စာသည် အဓိကအားဖြင့် အပူချိန်ပေါ်တွင် မူတည်၍ သယ်ဆောင်ကောင်၏ ခန္ဓာကိုယ်တွင် (၁၅) ရက်မှ (၆၃) ရက်ကြာ ပြီးမှ ရောဂါကူးစက်စွမ်းအားရှိသည်။ ရောဂါအရအပင်တွင်း၌မူ (၁၃) ရက်မှ (၆၁) ရက်ကြာမှ ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသည်။
၄။ ကာကွယ်နှိမ်နင်းနည်း
(၁) နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို Dimethoate 200 cc/ac, phentheate 500 cc/ac ဖြင့် ပက်ဖြန်း ကာကွယ်ပါ။
(၂) စောစော စိုက်ခြင်းကိုရှောင်ပါ။
နှမ်းဖိုရောဂါသည် ဗိုင်းရပ်ကြောင့် ဖြစ်သော ရောဂါဖြစ်သောကြောင့် ကုသရန် ဆေးမရှိသေးပါ။ ဗိုင်းရပ်ပိုးကို သယ်ဆောင်သော ဖြုတ်ညိုပိုးကိုသာလျှင် နှိမ်နင်းခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီး နိုင်ပါသည်။
ကိုးကား-နှမ်းသီးနှံတွင် ကျရောက်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more