ငါးမွေးမြူရေးတွင်အရေးပါသော အပင်မျှောလှေးမွေးမြူနည်း

31/10/2024 10:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အပင်မျှောလှေး( Phytoplankton )သည် Greek(ဂရိ)ဘာသာစကားမှ ဆင်းသက်လာပြီး phyto(အပင်)နှင့် plankton(မျှောလှေး)ဟု အဓိပ္ပာယ်ရပါသည်။ Phytoplankton (အပင်မျှောလှေး)သည် zooplankton(အကောင်မျှောလှေး)များ၏ အဓိကစားသုံးခြင်းကိုခံရပြီး primary producers (မူလထုတ်လုပ်သူများ)ဖြစ်ကြပါသည်။ Zooplankton(အကောင်မျှောလှေး)များမှာမူ phytoplankton(အပင်မျှောလှေး)များအပေါ် မှီခိုနေရ​သော primary consumers မူလစားသုံးသူများလည်း ဖြစ်ကြပါသည်။

Phytoplankton(အပင်မျှောလှေး)တွင် diatom(ဆဲလ်တခုတည်းရှိသောရေညှိ)နှင့်dinoflagellate(ဆဲလ်တခုနှင့် flagella(အမျှင်)များပါ၀င်သော သက်ရှိတစ်မျိုး) အစရှိသည်တို့ဖြစ်ကြပါသည်။

Diatoms၏ အရွယ်အစားသည် (80 micrometers) ရှိပြီး Dinoflagellates ၏အရွယ်အစားမှာ (100 micrometers) ရှိပါသည်။

Phytoplankton(အပင်မျှောလှေး) များကိုမူ  near the seasurface (ပင်လယ်ရေမျက်နှာပြင်)တွင် အပေါများဆုံးတွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော်အပင်မျှောလှေးများသည် photosynthetic(ကိုယ်ပိုင်အစာချက်လုပ်)နိုင်ဖို့အတွက် (sunlight)ဟုခေါ်သော နေရောင်ခြည်ကိုအပြည့်အ၀ရရန် လိုအပ်၍ဖြစ်သည်။

ကုန်းပေါ်မှာရှိသော အပင်များနှင့် တူသောအချက်မှာ Phytoplankton (အပင်မျှောလှေး) များသည်လည်း carbondioxide ကိုယူပြီး အစာချက်လုပ်ပြီးလျှင် oxygen ကို ပြန်လည်ထုတ်ပေးခြင်းအားဖြင့် အခြားသော oxygen ကိုအသုံးပြုပြီး ရှင်သန်နေရသော သက်ရှိများအတွက် များစွာအထောက်အကူပြုပေးပါသည်။

ကမ္ဘာကြီး၏ ၇၀ ရာခိုင်နှုန်းသည် ပင်လယ်ကြီးဖြစ်ပြီး သေးငယ်ပြီးများပြားလှသောPhytoplankton လေးများသည် ကုန်းမြေကြီးတွင်ရှိသော အပင်များထက်ပင် များပြားလျက်ရှိပါသည်။ ထို့ကြောင့် Phytoplankton များသည် ကုန်းပေါ်မှအပင်များထက် oxygen ထုတ်လုပ်မှုပိုများပါသည်။ ထို့အပြင် phytoplankton လေးများသည် ကုန်းမြေကြီးထံမှ ပင်လယ်ထဲသို့ စီး၀င်လာသော carbondioxide များနှင့် လေထုဖြစ်သော(Atmosphere)မှ ပင်လယ်ကြီးထံသို့ကျဆင်းလာသည့် carbondioxide များကိုစုပ်ယူခြင်းဖြင့်လည်း Global warming(ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်စဥ်တွင်) အဓိကကျသော Carbondioxide များကို စုပ်ယူခြင်းဖြင့် ပူနွေးမှုကိုလျော့ကျစေခြင်းဖြင့်အရေးပါသောကဏ္ဍမှ ပါ၀င်လျက်ရှိပါသည်။

ငါးမွေးမြူရေးကဏ္ဍနှင့် အပင်မျှောလှေး

ငါးမွေးမြူရေးအခန်းကဏ္ဍတွင်လည်း အပင်မျှောလှေးများကို အသုံးများပြီး ယင်းအပင်မျှောလှေးများတွင် ပရိုတိန်း(Protein)၊အဆီဓာတ်များ(Fats)၊ ကစီဓာတ်များ(Carbohydrates)၊ အမိုင်နိုအက်စစ်ဓာတ်များ(Amino acids)၊ အင်ဇိုင်းဓာတ်များ(Enzymes)နှင့် ပြည့်ဝအဆီ (Polyunsaturated fatty acids) ပါဝင်ပြီး အာဟာရပြည့်စုံစွာ ပါဝင်ရုံမျှမက အစာချေဖျက်နှုန်းကောင်းမွန်သော သက်ရှိအရာ(အစာ)များလည်း ဖြစ်ပါသည်။

အပင်မျှောလှေးဆိုသည်မှာ အရွယ်အစားသေးငယ်ပြီး ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလင်းမီစုအစာအာဟာရဖွဲ့စည်းခြင်း (Photosynthesis)နည်းဖြင့် ရှင်သန်ကြီးထွားပွားများသည့် ရေညှိရေမှော်များကို ဆိုလိုပါသည်။

ငါးမွေးမြူရေးကဏ္ဍတွင် ငါးများ၏ ပထမအဆင့် ငါးငယ်(ခေါ်) ငါးမှုန်အဆင့်ဘဝတွင် ကြီးထွားရှင်သန်နှုန်းကောင်းမွန်စေရန်နှင့် အဟာရပြည့်ဝစွာ စားသုံးနိုင်ရန်မှာ လွန်စွာအရေးကြီးလှပေသည်။ မွေးမြူရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ငါး(Fish)နှင့် အခွံမာသတ္တဝါလေးများ(Crustaceans) ၏ အစောဆုံးအရွယ်ဖြစ်သော သားပေါက်အဆင့်တွင် အလွယ်တကူ စားသုံးနိုင်ရန် ဖော်စပ်စာများကို အသုံးပြုလာကြသော်လည်း စိန်ခေါ်မှုအနေဖြင့် မွေးမြူရာ၌ အသုံးပြုသော ရေထုနှင့်ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သည့်အပြင် ငါးမှုန်အဆင့်တွင် ငါးများ၏အစာခြေစနစ်သည် ကောင်းစွာ မဖွံ့ဖြိုးသေးသည့်အတွက် ၄င်းတို့၏ပါးစပ်အရွယ်အစားနှင့် သင့်လျော်သော အစာကို ကျွေးမွေးရန်လိုအပ်ပြီး ထိုထဲတွင်မှ ရေညှိရေမှော် (အပင်မျှောလှေး)သည်လည်း အရေးပါလိုအပ်လှ ပါသည်။နိုင်ငံတကာတွင် ငါးမှုန်ငါးသန်ထုတ်လုပ်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာသည်နှင့်အမျှ အပင်မျှောလှေးများ နေ့စဥ်အမြောက်အများ လိုအပ်လျက်ရှိပါသည်။

ငါးမွေးမြူရေးကန်အတွင်းရှိ ရေညှိရေမှော်လေးများကို သတ္တမျှောလှေးများက လည်းကောင်း၊ သတ္တမျှောလှေးများကို ငါးငယ်များက လည်းကောင်းငါးငယ်လေးများကို ငါးကြီးများက လည်းကောင်း အဆင့်ဆင့်စားသုံးကြပြီး အစာကွင်းဆက်တစ်ခုအဖြစ် သဘာဝအတိုင်း လည်ပတ်လျက်ရှိကြပေသည်။

အပင်မျှောလှေး မွေးမြူနည်း

ရေညှိအမျိုးအစားပေါင်း ၄၃၀၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့်သည် ရေချိုရေပြင်များ၌သာ တွေ့ရှိရသကဲ့သို့ ရေငန်ရေပြင်များတွင်လည်း တွေ့မြင်ရသော ရေညှိမျိုးစိတ်များလည်းရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ရေချိုရေညှိတွင် အာဟာရတန်ဖိုး(% dry weight)အားဖြင့် အသားဓာတ် ၅၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်သည်။ ရေချိုရေညှိသည် လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားပြီး မူရင်းမိခင်ဆဲလ်တစ်ခုအတွင်းတွင် မိခင်ဆဲလ်နှင့် ပုံစံတူဆဲလ် လေးခုဖြစ်ပေါ်လာကာ မွေးမြူရန် အကောင်းဆုံးအပူချိန်မှာ (၂၀-၃၅°C) အတွင်း ဖြစ်ပါသည်။ ရေချိုရေညှိကို နေရောင်ခြည်ကောင်းစွာရရှိသော နေရာတွင် ပုံး၊ ကွန်ကရစ်ကန်၊ မိုးကာကန် စသည်ဖြင့် အဆင်ပြေသည့်ပစ္စည်းများကို အသုံးပြုနိုင်ပြီး ဇယားပါအချိုးအစားအတိုင်း ထည့်သွင်း၍ ပြင်ဆင်ရပါမည်။

စဥ်       ထည့်သွင်းအသုံးပြုရမည့်ပစ္စည်းများ             ထည့်သွင်းရမည့်အချိုးအစား 

၁။        NPK (16-16-8 )                                     0.26 g/L

၂။        Urea ( 46-0-0 )                                     0.26 g/ L

၃။       Superphosphate ( 0-45-0 )                    0.1 g/ L

၄။        ထုံး                                                         0.12 g/ L

၅။       ပဲပိစပ် (သို့)  ဖွဲနု                                        0.12 g/ L

၆။       သကာရည်                                                1.2 mL/L

၇။       ရေချိုရေညှိ                                               200 mL/L တို့ဖြစ်သည်။

ကနဦးမွေးမြူရာတွင် ရေချိုရေညှိနှင့် ရေစစ်ရေကို (၁း၃) ပမာဏအတိုင်း အသုံးပြုရမည်ဖြစ်ပြီး မွေးမြူမည့်ပမာဏကို အခြေခံတွက်ချက်ကာ သမအောင်မွှေရပါမည်။ ရေချိုရေညှိများ အလင်းမီစုအစာဖွဲ့စည်းခြင်း ကောင်းစွာပြုလုပ်နိုင်ရန်နှင့် အထက်နှင့် အောက်ခြေသမအောင် ကန်အတွင်းသို့ ပျော်ဝင်အောက်ဆီဂျင် (၆-၈ မီလီဂရမ်/လီတာ) ပမာဏကို လေပေးစက်ဖြင့် ပေးထားရန် လိုအပ်ပါသည်။စတင်မွေးမြူသည့်ရက်မှ သုံးရက်မှ ငါးရက်အကြာတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲလာပါက အနည်ထိုင်ထားသော ရေအသစ်အား အခြားမလိုလားအပ်သော သတ္တမျှောလှေးများ မပါဝင်စေရန်အတွက် ရေစစ်ပိုက်ကွက် (69 micrometer)  ဖြင့် စစ်ကာ ထည့်သွင်းရမည်ဖြစ်ပြီး ရေထပ်မံထည့်သွင်းသည့် ပမာဏအတိုင်း တွက်ချက်ကာ ပေါက်ပွားရန်လိုအပ်သည့်ပစ္စည်းများ ထပ်မံထည့်သွင်းရမည်ဖြစ်ပါသည်။

ရေချိုရေညှိကို မွေးမြူရာတွင် ဓာတ်ခွဲစမ်းသပ်ခန်းအတွင်းပမာဏအနည်းငယ်မွေးမြူခြင်း(Laboratory scale culture) ၊ အလတ်စားပမာဏ မွေးမြူခြင်း(Medium scale culture) ၊ အမြောက်အများ မွေးမြူခြင်း(Mass culture) စနစ်တို့ကို အသုံးပြုနိုင်ပြီး တစ်သုတ်ချင်းမွေးမြူခြင်း (Batch culture)နှင့် စဥ်ဆက်မပြတ် မွေးမြူခြင်း (Continuous culture) တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။

လူ့ကျန်းမာရေးနှင့် အပင်မျှောလှေးစျေးကွက်

နိုင်ငံတကာတွင် ရေချိုရေညှိ Chlorella မျိုးစိတ်ကို လူတို့အသုံးပြုရန် ကျန်းမာရေးဆေးဝါးများအဖြစ် အမှုန့်ပုံစံ၊ ဆေးပြားနှင့် ဆေးတောင့်ပုံစံများဖြင့် အသုံးပြုလျက်ရှိကြပါသည်။

အချုပ်အားဖြင့် ဆိုရသော်ငါးမှုန်အရွယ်ငါးငယ်များအတွက် လိုအပ်သော အာဟာရတန်ဖိုးများပါဝင်အောင်ဖော်စပ်စာများ ထုတ်လုပ်ဖြန့်ဖြူးအသုံးပြုကျွေးမွေးလျက်ရှိသော်လည်း အဆိုပါကျွေးမွေးလိုက်သည့် ဖော်စပ်စာများကို ငါးငယ်များက ကုန်စင်အောင် မစားသုံးနိုင်ပါက ကန်အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားခြင်းကြောင့် ရေအရည်အသွေး ကျဆင်းစေနိုင်ခြင်း၊ အစာသည် အနည်းငယ် ခြောက်သွေ့မာကျောသဖြင့် အစာခြေစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ငါးငယ်များအတွက် ဆိုးကျိုးသက်ရောက်မှုရှိစေနိုင်ခြင်း၊ ထိုမှ တစ်ဖန်  ရှင်သန်နှုန်းကျဆင်းသဖြင့် တစ်ဖက်တစ်လမ်းမှလည်း စီးပွားရေးဆုံးရှုံးစေခြင်းစသော အချက်များကို ရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။

ထို့ကြောင့် ရေရှည်တည်တံ့အောင်မြင်သော ငါးမှုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြု ပံ့ပိုးပေးနိုင်ရန်နှင့် ငါးမျိုးစိတ်အားလုံး၏ ငါးမှုန်အဆင့်တွင် ရှင်သန်ကြီးထွားနှုန်းကို ကောင်းမွန်စေရုံသာမက အာဟာရဓာတ်များပြည့်စုံစွာ ပါဝင်သော အပင်မျှောလှေးများ၏ အရေးပါပုံနှင့် မွေးမြူပုံနည်းစနစ်တို့အား အသုံးပြုနိုင်ရန် မျှဝေဖော်ပြရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်