အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးအလိုက်၊ ဒေသရာသီအလိုက် ခရမ်းချဉ်သားတက်ဖဲ့ပါ

မျိုးအလိုက်၊ ဒေသရာသီအလိုက် ခရမ်းချဉ်သားတက်ဖဲ့ပါ

ခရမ်းချဉ်ပင်ကို သားတက်ဖဲ့ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ?

    သားတက်ဖဲ့ပေးခြင်းကြောင့် ခရမ်းချဉ်ပင်ရဲ့အစာတွေဟာ အသီးဆီကိုပဲ ဦးတည်ပြီး ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ်။ 

သားတက်ဖဲ့ခြင်းမပြုခင် ကိုယ်စိုက်ပျိုးထားတဲ့ခရမ်းချဉ်ပင်ဟာ ပင်ပုမျိုး/တိုင်လွတ်မျိုး လား၊ ဒါမှမဟုတ် ပင်ရှည်မျိုး/ တိုင်ထောင်မျိုးလား အရင်သိရှိရပါမယ်။ မြန်မာပြည်မှာတော့ ပင်လတ်မျိုး(semi-determinate) တွေ များပါတယ်။  သားတက်ဖဲ့တဲ့လုပ်ငန်းစဉ်ကို တိုင်ထောင်မျိုးတွေမှာ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ တိုင်လွတ်မျိုးတွေမှာတော့ မိမိမျိုး အနေအထားအရ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။

ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ် က ပြောပါတယ်။

သားတက် (sucker) ဆိုတာဘာလဲ?

    သားတက်ဆိုတာ ပန်းခိုင်တစ်ပါတည်းပါတတ်တဲ့ ဘေးကိုင်းဖြစ်ပြီး၊ အဲ့ဒီသားတက်မပယ်ရင် အပင်ရဲ့  အဓိကပန်းခိုင်တွေမှာ အသီးသေးခြင်း၊ အသီးအရေအတွက်နည်းခြင်း၊ အသီးရင့်မှည့်ချိန်နောက်ကျခြင်း၊ ပိုး/ရောဂါကျလွယ်ခြင်း၊ ဆေးဖျန်းရခက်ခဲခြင်း၊ ဆေးဖိုးနဲ့လုပ်အားခ ပိုမိုကုန်ကျခြင်း စတဲ့ဆိုးကျိုးတွေ တွေ့ရတတ်တယ်လို့ ဦးအောင်ကိုလတ်က ဆိုပါတယ်။

    ခရမ်းချဉ်ပင်ကို နေရောင်ခြည်သုံး သကြားစက်ရုံလို့ တင်စားကြပြီး ခရမ်းချဉ်ပင်က အစာဖြစ်တဲ့ သကြားဓာတ်တွေ ထုတ်လုပ်ပါတယ်။ အဲဒီ့အစာတွေကို အပင်အစိတ်အပိုင်းတွေ တည်ဆောက်ဖို့နဲ့ အသီးတွေကြီးထွားဖို့ အသုံးပြုပါတယ်။ ခရမ်းချဉ်ပင်က စိုက်ပြီးပထမလအတွင်းမှာ ပင်ပိုင်းကြီးထွားခြင်းပဲ ဦးစားပေးလုပ်ဆောင်ပြီး၊ နှစ်ပတ်အတွင်းမှာ နဂိုအရွယ်အစားထက် နှစ်ဆကြီးတဲ့အထိ ပင်ပိုင်းကြီးထွားမှု မြန်ဆန်လာပါတယ်။ အရွက် (၁ဝ)ရွက်နဲ့ (၁၃)ရွက် (မျိုးအလိုက်ကွဲပြား) ရှိရင် ပထမဆုံးပန်းခိုင်စထွက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပင်စည်ကနေ သားတက်တွေ ထပ်ထွက်လာတာဖြစ်ပါတယ်။ 

ခရမ်းချဉ် သားတက်ဖဲ့ခြင်းမှာ…

    သားတက်ဖဲ့ခြင်း (pinching off suckers)၊ ထိပ်ဖျားဖြတ်ခြင်း (topping)၊ အမြစ်ဖြတ်ခြင်း (root cutting)၊ အရွက်ညှပ်ခြင်း (leaf removing) စတာတွေ အားလုံးလည်း အကျုံးဝင်ပါတယ်။ သီးကိုင်းမွေးခြင်း သားတက်ဖဲ့ခြင်း လုပ်ငန်းစဉ်တွေကို ခရမ်းချဉ်မျိုးအလိုက်၊ ဒေသရာသီအလိုက် အခြေအနေအရ ဆောင်ရွက်ရတာဖြစ်ပါတယ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ

kayzin soe • ဖြေကြားချက် 4 ခု

ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်

kayzin soe • ဖြေကြားချက် 1 ခု

ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 4 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။