အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နီမတုတ်တွေက ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ..?

နီမတုတ်တွေက ဘယ်လိုပုံစံနဲ့ ရောဂါဖြစ်စေတာလဲ..?

Green Way
Green Way • 13/01/2023

နီမတုတ်တို့သည် အလွန်သေးငယ်သော တိရစ္ဆာန်များဖြစ်ကြသည်။ ယင်းတို့ကို သာမန်မျက်စိဖြင့် မြင်ရန်ခဲယဥ်းပြီး မိုက်ခရိုစကုပ်ဖြင့်သာ ကောင်းစွာမြင်ရသည်။

နီမတုတ်တို့သည် အပ်ချည်မျှင်ပုံ၊ လွန်းပုံရှိသော ခန္ဓာကိုယ်ဖြင့် တည်ဆောက်ထားသည့် သံကောင်မျိုးများ ဖြစ်ကြ သည်။ အပင်ရောဂါဖြစ်စေသော နီမတုတ်တို့၏ ပါးစပ်ပိုင်းတွင်ထိုးဖောက်အစာစုပ်အင်္ဂါများ တွေ့ရသည်။ ယင်းတို့သည် လက်ခံသီးနှံပင်များကိုထိုးဖောက်၍ အစာကို စုပ်ယူစားသုံးကြသည်။ နီမတုတ်များတွင် အထီး၊ အမဟူ၍ လိင်သီးခြားတွေ့ရပြီး ဥများဥ၍ မျိုးပွားသည်။ နီမတုတ်ငယ်တို့သည် ငယ်စဉ်အရေခွံ (၄)ကြိမ်လဲပြီးမှ အရွယ်ရောက်ကြသည်။

နီမတုတ်တို့သည် မြေနေတိရစ္ဆာန်ငယ်များ ဖြစ်ကြ၍ အထူးသဖြင့် အပင်၏ မြေအောက်ပိုင်းမှ အမြစ်များကို တိုက်ခိုက်ဖျက်ဆီးလေ့ရှိသည်။

မြန်မာနိုင်ငံ၌ အရေးကြီးသော နီမတုတ်ရောဂါများမှာ စပါးလောင်မီးရောဂါ၊ စပါးမြစ်ပုပ်ရောဂါ၊ စပါးရွက်ဖြတ်ရာဂါ၊ အာလူးမြစ်ဖုရောဂါနှင့် ခရမ်းချဉ်မြစ်ဖု ရောဂါများဖြစ်ကြသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နီမတုတ်

နီမတုတ်

4
စိုးမင်းအောင်

စိုးမင်းအောင်

လွန်ခဲ့သော ၃ နှစ် က

စက်ဖွဲပြာသုံးပါ၊စပါးစိုက်ရင်ရေမပြတ်စေရန်သတိထားပါ

Aung Kyaw min

Aung Kyaw min

လွန်ခဲ့သော ၃ နှစ် က

EM သုံးပါ အကျိုးပြုအဏှဇီဝ ပိုးလေးတွေပါတဲ့ဆေးရည်ပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုကာကွယ်ရလဲ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုကာကွယ်ရမလဲ

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။