ဗီဇအင်ဂျင်နီယာနည်းပညာ (Genetic Engineering)

23/12/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗီဇအင်ဂျင်နီယာနည်းပညာဆိုသည်မှာ မိမိလိုအပ်သော မျိုးဗီဇကို အသုံးပြုလိုက်သော သီးနှံပင်တွင် ထည့်သွင်းခြင်းပညာပင်ဖြစ်သည်။ မျိုးရိုးဗီဇကို ကိုပြောင်းရွှေ့ထည့်သွင်းသည့်ဗီဇအင်ဂျင်နီယာ နည်းပညာ အသုံးပြု၍ မျိုးဗီဇကို ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းဖြင့်မျိုးသစ်များကို ထုတ်လုပ်ခဲ့ကြပါသည်။ ဤသို့လိုလားသည့်လက္ခဏာပါသည့် ဗီဇထည့်သွင်းပြီးနောက် အာဟာရ ပြင်ပေါ်တွင် မွေးမြူခြင်းဖြင့် ဗီဇပြုပြင်ထားသော အပင်ငယ်ကို ရရှိနိုင်ပါသည်။

ဗီဇအင်ဂျင်နီယာနည်းဖြင့် ဆန်းပြားသော အရောင်အသွေးရှိသည့် သစ်ခွပန်းမျိုးသစ်များကို ထုတ်လုပ်လျက်ရှိပါသည်။ ထို့ပြင် အင်းဆက်ဖျက်ပိုး၊ ဘက်တီးရီးယား၊ဗိုင်းရပ်နှင့် မှိုရာဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးသစ်များနှင့် ပေါင်းသတ်ကဆေး၊ အပူအအေးဒဏ်၊ ရေငတ်ဒဏ်၊ ရေများမှုဒဏ်၊ ဆားငန်ဒဏ် နိုင်ရည်ရှိသော သီးနှံမျိုးများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။

အပင်ဇီဝနည်းပညာရပ်တွင်ပါဝင်ကသာ ဗီဇအင်ဂျင်နီယာနည်း (Genetic engineering) ဖြင့် အလိုရှိသော ဗီဇအချက်အလက်များကို လိုသလိုဖြတ်တောက်၍ သက်ရှိတစ်မျိုးမှ အခြား တစ်မျိုးသို့ ရွှေ့ပြောင်း ထည့်သွင်းခြင်း ပြုလုပ်လာနိုင်သောကြောင့် ဗီဇပြုပြင်ထားသော သီးနှံအမျိုးမျိုး (Genetically Modified Organisms) ဖြ စ်ပေါ်လာခဲ့ပါသည်။

သာဓကအားဖြင့် နိုင်ငံအချို့တွင် ကြာရှည်စွာ အထားခံသော၊ ရိတ်သိမ်း သယ်ဆောင်သည့် ဒဏ်ခံနိုင်ရည်ရှိသော၊ အသားပိုမိုတင်းမာသော လက္ခဏာ များရရှိကအာင် ပြုပြ င်ထားသည့် ခရမ်းချဥ်မျိုး၊ Provitamin A အာဟာရဓာတ်ကို ဖြ ည့်သွင်းထားကသာ Golden Rice၊အဆီပါဝင်မှုလျှော့ချထားသောမြေပဲနှင့် ပဲပုပ်၊ ပိုးမွှားရောဂါနှင့် ပေါင်းသတ်ဆေးကို ခံနိုင်ရည်ရှိသည့် ဝါ၊ ခရမ်းချဥ်၊ ပြောင်းဖူး၊ စပါး၊ အာလူး၊ မုန်လာဥနီနှင့် ဆေးရွက်ကြီး စသည်တို့ကိုလည်း လူသားတို့အကျိုးအတွက် ထုတ်လုပ်နိုင်ခဲ့ပါသည်။

ထို့အပြင် ရောဂါအမျိုးအမည် ခွဲခြားဖော်ထုတ်ခြ င်း (ဥပမာ - AIDS ရောဂါရှိမရှိစမ်းသပ်ခြင်း) အတွက်လည်းအပင်ဇီဝနည်းပညာကို နိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိကြပါသည်။

 Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်