ဖြုတ်ပိုး ဘာလို့ကျတာလဲ

28/10/2019 08:58 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲခြင်းက မိတ်ဆွေပိုးတွေကို သေစေနိုင်ပြီး စပါးဖြုတ်ညိုပိုးကို ဆိုးဆိုးရွားရွား ကျရောက်စေတတ်ပါတယ်။ ပုလဲမြေသြဇာ အလွန်အကျွံ သုံးစွဲခြင်းကြောင့်လည်း ပိုးမွှားကျရောက်တတ်ပါတယ်။ နောက်တစ်ခုက လယ်ကွက်ထဲမှာ စပါးပင်အရေအတွက် များများစိုက်ခြင်း (မျိုးစေ့နှုန်းထား များများကြဲခြင်း)၊လေဝင်လေထွက်နည်းသွားခြင်းကြောင့်လည်း ဖြုတ်ပိုးကျတတ်ပါတယ်။

ဘယ်လိုဖျက်ဆီးသလဲ (ဖျက်ဆီးပုံလက္ခဏာ)

- ဖြုတ်ညိုပိုးတွေဟာ စပါးပင်ရဲ့ပင်ခြေမှ အပင်ရည်ကို စုပ်ယူတဲ့အတွက် အပင်ကို အားနည်းသွားစေပါတယ်။

- ဖြုတ်ညိုနဲ့ ဖြုတ်ကျောဖြူတို့ရဲ့ စုပ်စားခြင်းကြောင့် စပါးရွက်ပေါ်မှာ လောင်မီးကျတဲ့ပုံစံမျိုး တွေ့ရပါတယ်။

- ဖြုတ်ညိုပိုးတွေဟာ တစ်ပင်မှတစ်ပင်လည်း ပြန့်ပွားတတ်ပါတယ်။

- မြက်တူပင်ပုနဲ့ ရွက်စုပ်တွန့်လိန် ဗိုင်းရပ်စ် ရောဂါတွေကိုလည်း ကူးစက်ပြန့်ပွားစေပါတယ်။

ကာကွယ်နှိမ်နင်းနည်း

✅စပါးခင်းထဲမှာ ဖြုတ်ပိုးကျနေပြီဆိုတာနဲ့ ရေထုတ်ရပါမယ်။ ဖြုတ်ပိုးတွေက ပူနွေးစွတ်စိုတဲ့ အနေအထားကို ကြိုက်နှစ်သက်ကြတဲ့အတွက် ရေထုတ်ခြင်း၊ လေကြောင်းခွဲခြင်းတွေကို ပြုလုပ်ပြီး ဖြုတ်ပိုးမကြိုက်တဲ့အခြေအနေတစ်ခုကို ဖန်တီးပေးရမှာဖြစ်ပါတယ်။

စပါးခင်းထဲမှာ အပင်ဦးရေတွေ ထူထပ်ပြီး စွတ်စိုနေတဲ့ အခြေအနေမျိုးဟာဆိုရင် ဖြုတ်ပိုးတွေ ရှင်သန်ပွားများဖို့ အကောင်းဆုံးပါပဲ။ လေကြောင်းခွဲလိုက်ခြင်းအားဖြင့် စပါးပင်တွေကြားက ရေခိုးရေငွေ့တွေကို နည်းသွားစေပြီး စိုထိုင်းဆတွေကိုလည်း နည်းသွားစေနိုင်ပါတယ်။

ဖြုတ်ပိုးတွေက ပင်ခြေနဲ့နီးတဲ့ ရေစပ်တွေမှာ နေထိုင်စားသောက်တတ်ကြတဲ့အတွက် ဆေးဖျန်းမယ်ဆိုရင်လည်း ပင်ခြေထိရောက်အောင် ဖျန်းပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

⚠️ အဓိက သတိပြုရမှာကတော့ ပိုးမွှားရောဂါကျရောက်နေချိန်မှာ ပုလဲဓာတ်မြေသြဇာကို လုံးဝ အသုံးမပြုဖို့ပါပဲ။

Credit ရေတံခွန် တောင်သူပညာပေးအဖွဲ့


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်