အပင်၊ အဖူးအပွင့် ကြီးရှည်စေချင် ဟော်မုန်း ဂျစ်ဘရယ်လင်

09/02/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဂျစ်ဘရယ်လင်ဟုခေါ်သော ဟော်မုန်းမှာ မှိုတစ်မျိုးမှ ထုတ်ယူရရှိပြီး အပင်များကို ရှည်ထွက်စေပါသည်။ ၎င်းသည် အက်ဆစ်တစ်မျိုးဖြစ်ပြီး မတူညီသော ဓာတုတည်ဆောက်ပုံများစွာရှိသည်ကို ရှာဖွေတွေ့ရှိပြီးဖြစ်ပါသည်။ ဂျစ်ဘရယ်လင်ဟော်မုန်း၏ အဓိကစွမ်းရည်မှာမျိုးရိုးဗီဇအားဖြင့် ပုနေသောအပင်များကိုရှည်ထွက်လာစေခြင်း၊ ပန်းပွင့်ရိုးတံများကို ရှည်လျားစေခြင်း၊ ပန်းပွင့်မှုကိုအားပေးခြင်း၊ ပန်းပွင့်အရွယ်အစားကြီးစေခြင်း၊ အစေ့များတွင် အပင်ပေါက်ရန်ခက်ခဲသည့်အခြေအနေ (dormancy) ကို ချေဖျက်နိုင်ပြီး အစေ့များကို အပင်ပေါက်စေခြင်းနှင့် အလွန်အေးသောပတ်၀န်းကျင် အခြေအနေ၌ ကြီးထွားမှုရပ်ဆိုင်းနေသောအဖူးများအား ကြီးထွားမှု ပြန်လည်စတင်စေခြင်းတို့ဖြစ်သည်။

စီးပွားဖြစ် ပန်းစိုက်ပျိုးရေးတွင်အဓိက အသုံးပြုနိုင်ပြီး ရိုးတံရှည်၍ အရွယ်အစားကြီးမားသည့် ပန်းပွင့်များကို ရရှိစေနိုင်ပါသည်။ ပန်းပွင့်ချိန်ကိုလည်း စောစေနိုင်သည်။ ထို့အပြင် ဂျစ်ဘရယ်လင်ဟော်မုန်းကို စပ်မျိုးစပါးမျိုးစေ့ထုတ်လုပ်ရာတွင် ပန်းပွင့်ချိန်ကိုက်ညီပြီး ပန်းပွင့်မှုညီညာကစရန် အသုံးပြုနိုင်ပါသည်။

ပန်းခိုင်ရိုးတံများကိုရှည်ထွက်စေခြင်းကြောင့် စပျစ်စိုက်ပျိုးရေးတွင် အသုံးပြုနိုင်ပါသည်။ စပျစ်သီးများကြီးထွားမှုအတွက် ပန်းခိုင်အတွင်း အသီးနေရာ ပိုမိုရရှိခြင်းဖြင့် သီးခိုင်အရွယ်အစားနှင့် အသီးအရွယ်အစားကြီးသော စပျစ်သီးများရရှိနိုင်ပါသည်။ အစေ့မဲ့အသီး(ဥပမာ - အစေ့မပါသောစပျစ်သီး၊ အစေ့မပါသော ခရမ်းချဉ်သီး) များ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရာတွင် ဂျစ်ဘရယ်လင်ဟော်မုန်းကို အောက်စင်နှင့်ရောစပ်၍ ပန်းပွင့်ချိန်တွင်သင့်တော်သောနှုန်းထားဖြင့် ဖြန်းပက်ခြင်းဖြင့် ရရှိနိုင်သည်။

ဂျစ်ဘရယ်လင်ဟော်မုန်း၏ အသုံးတွင်ကျယ်မှုကြောင့် ၎င်းနှင့်ဓာတု တည်ဆောက်ပုံတူညီသည့် ဓာတုဓာတ်ပေါင်းများအား ဓာတ်ခွဲခန်းတွင် အမြောက်အမြားထုတ်လုပ်ပြီးစိုက်ပျိုးရေးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါသည်။

ဂျစ်ဘရယ်လင်အသုံးပြုခြင်းဖြင့်အရွယ်အစားပိုမိုကြီးမားသော အသီးနှင့် သီးခိုင်များရရှိနိုင်ပုံ

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ကျန်ဟော်မုန်းများကို ဆက်လက်ဖော်ပြပါဦးမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်