အပင်တစ်သျှူးမွေးမြူခြင်း (Plant Tissue Culture)

21/12/2022 11:05 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်တစ်သျှူးမွေးမြူခြင်းပညာရပ်ဆိုသည်မှာ အပင်ဆဲလ်များ၊ ဝတ်မှုန်များ၊ တစ်သျှူးများ၊ သန္ဓေသားလောင်းများ၊ အစေ့များနှင့် အပင်၏ အစိတ်အပိုင်းအမျိုးမျိုးဖြစ်သော အရွက်၊ ပင်စည်၊ အမြစ် စသည်တို့ကို မူလအပင်မှဖြတ်ယူ၍ ပိုးမွှားသန့်စင်ထားသော အာဟာရပြင်ပေါ်တွင် အပင်ဖြစ်လာသည် အထိ အဆင့်ဆင့်မွေးမြူရသော နည်းပညာဖြစ်ပါသည်။

အာဟာရအဖြစ် အာဟာရပြ င် (သို့မဟုတ်) အာဟာရရည်ကို အသုံးပြုနိုင်ပါသည်။

ဦးစွာ အထက်ပါ အာဟာရပြင် (သို့မဟုတ်) အာဟာရရည်ကို တစ်သျှူးမွေးမြူမည့် ပုလင်း၊ ဖန်ပြွန်ထဲသို့ ထည့်ရပါမည်။ ယင်းအာဟာရပြင် (သို့မဟုတ်) အာဟာရရည်ပါသော ပုလင်း၊ ဖန်ပြွန်များကို ပိုးသန့် အခြေအနေရရှိရန် ပေါင်းရပါမည်။ အသုံးပြုမည့် အပင်တစ်သျှူးစ များကိုလည်း ပိုးသန့် အခြေအနေ ရရှိရန် ဆောင်ရွက်ပြီး ယင်းအာဟာရပြင်ပေါ်တွင် မွေးမြူရပါသည်။ အသုံးပြုမည့် အပင်တစ်သျှူးစ များကို ပိုးသန့်ခြင်း၊ လိုအပ်သည့် ပမာဏရရှိအောင်ဖြတ်တောက်ခြင်း၊ တစ်သျှူးစများကို အာဟာရပြင် ပေါ်သို့တင်ခြင်း စသည့် လုပ်ငန်းများကိုပိုးသန့်ကာလများကို အဆက်မပြတ် မှုတ်သွင်းပေးနေသော အခန်းငယ် (Laminar air flow) တွင်ဆောင်ရွက်ရပါမည်။

အပင်တစ်သျှူးစများ ကမွေးမြူထားသော ပုလင်း၊ ဖန်ပြွန်များကို သန့်ရှင်းသော အခန်းတွင်း၌ သင့်တော်သော အပူချိန်၊ အလင်းပြင်းအားနှင့် လင်းတာချိန်များတွင်ထား၍ မွေးမြူရပါသည်။ အပင်တစ်သျှူးများကိုကမွေးမြူရာတွင် လုပ်ဆောင်မှုအဆင့်တိုင်း၌ ပိုးမွှားသန့်စင်သော အခြေအနေ ရရှိရန် အရေးကြီးပါသည်။

အပင်တစ်သျှူးမွေးမြူရေး လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်များမှာ အာက်ပါ အတိုင်းဖြစ်ပါသည်။

က။ အပင်တစ်သျှူးမွေးမြူရေးဓာတ်ခွဲခန်း

ခ။ ပိုးသန့်လေများ အဆက်မပြတ်မှုတ်သွင်းပေးနေသော အခန်းငယ်(Laminar air flow)

ဂ။ ပေါင်းအိုး (Autoclave)

ဃ။ ပေါင်းခံရေချက်စက် (Water distiller)

င။ ဓာတ်ခွဲခန်းသုံးချိန်ခွင် (Analytical balance)

စ။ ချဥ်ငန်ဓာတ်တိုင်းကိရိယာ (pH meter)

ဆ။ အာဟာရပြင်ဖျော်စပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ (Chemicals)

ဇ။ ဓာတုပစ္စည်းများထားရန်ရေခဲသေတ္တာ (Refrigerator)

စျ။ လေအေးပေးစက် (Air conditionor)

ည။ ဓာတ်ခွဲခန်းသုံးဖန်ထည်ပစ္စည်းအမျိုးမျိုး (Glasswares)

အပင်တစ်သျှူး မွေးမြူခြင်းနည်းပညာ၏ အကျိူးကျေးဇူးများ

ဤနည်းပညာကို အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်ပြီး နှင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် မိခင်အပင် နှင့် တသွေမတိမ်းတူညီသော ပျိုးပင်ငယ်များကို စီးပွားဖြ စ် အမြောက်အမြားထုတ်လုပ်ဖြ န့်ချိလျက်ရှိပါသည်။ အပင်တစ်သျှူးမွေးမြူခြင်းနည်းကို မျိုးစေ့ဖြင့် မျိုးပွားရန်ခက်ခဲသော အပင်များတွင်လည်းကောင်း၊ မျိုးတုန်းမည့်အန္တရာယ်ရှိနေသည့် ရှားပါး အပင်မျိုးစိတ်များကို ထိန်းသိမ်းရန် အတွက်လည်းကောင်း၊ မိခင်အပင်နှင့် တသွေမတိမ်း တူညီသော ပျိုးပင်ငယ်များကို ထုတ်လုပ်ရန်အတွက် လည်းကောင်း၊ ဗိုင်းရပ်ရောဂါကင်းစင်သည့်ပျိုးပင်များ ထုတ်လုပ်ရန်အတွက် လည်းကောင်း၊ အပင်ငယ်များကို တစ်နှစ်ပတ်လုံး ပွားများထုတ်လုပ်ရန်အတွက်လည်းကောင်း၊ အချိန်တိုအတွင်းစီးပွားဖြစ် ထုတ်လုပ်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ အသုံးပြုလျက်ရှိပါသည်။ ထို့ပြင် သမားရိုးကျနည်းဖြ င့် မျိုးစပ်ရန်အခက်အခဲရှိနေသောအခြေအနေတွင် အပင်တစ်သျှူးကမွးမြူခြင်းနည်းပညာကို အသုံးပြု၍စပ်မျိုးများနှင့် မျိုးသစ်များကို ထုတ်လုပ်ပေးနိုင်ပါသည်။

စပါးသီးနှံတွင် ဝတ်မှုန်မှအပင်ဖြစ်အောင် ဓာတ်ခွဲခန်းအတွင်းမွေးမြူသော အပင်တစ်သျှူးမွေးမြူခြင်း နည်းပညာ (Anther culture) ကို အသုံးပြု၍ မျိုးသစ်များကို ထုတ်လုပ်နိုင်ပါသည်။ သမားရိုးကျမျိုးစပ်မွေးမြူခြင်းနည်းဖြ င့် စပါးမျိုးသစ်တစ်မျိုး ထုတ်လုပ်ရန်အတွက် စုစုကပါင်း (၁၀)နှစ်ခန့် ကြာမည်ဖြစ်ပြီး နှစ်စဥ်မျိုးစပ်ခြင်း၊ မိမိလိုလားသော လက္ခဏာများ ပါသော အပင်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မိမိလိုလားသော လက္ခဏာများပါသော စပါးပင်မှဝတ်မှုန်ကို ဓာတ်ခွဲခန်းအတွင်း အာဟာရပြင်ပေါ်တွင်မွေးမြူခြင်းဖြင့် လအနည်းငယ်အတွင်း ဗီဇမှန်ကန်သော သန္ဓေသန့်အပင်များကို ရရှိနိုင်ပြီးစုစုပေါင်း (၃)နှစ်မှ (၄)နှစ်အတွင်း မျိုးသစ်ကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပထမသားဆက် (F1)များကို ဤနည်းဖြ င့် အချိန်တိုအတွင်း မျိုးဗီဇမှန်ကန်ပြီး သန္ဓေသန့်သောအပင်များ အမြောက်အများရရှိအောင် ပွားလေ့ရှိပါသည်။

ယနေ့ကမ္ဘာတွင် စားသုံးသူများသည် သဘာဝအစားအစာများနှင့် အပင်မှရသော သဘာဝဆေးဝါးများကို ပိုမိုအသုံးပြုလိုလာကြပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါတွင်အပင်တစ်သျှူးကမွးမြူခြ င်းနည်းပညာမှာ မျိုးပွားရန်နှင့် မျိုးသစ်များ ထုတ်လုပ်ရန်အတွက်  သာမက တန်ဖိုးရှိသော ဆေးဘက်ဝင် ဒြပ်ပေါင်းများ ထုတ်လုပ်ရန် အတွက်ပါ အသုံးပြုလာကြသည်။ ထို့ပြင် အပင်မှရရှိသော သဘာဝဆိုးဆေး၊ အရသာ၊ အနံ့ စသည်တို့ကို အမြောက်အများထုတ်ယူနိုင်ရန်အတွက်လည်း အသုံးပြုလာကြပါသည်။

 Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်