အစာကျွေးရာတွင် သတိပြုရမည့်အချက်များ

05/07/2018 12:58 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 အစာကျွေးရာတွင် သတိပြုရမည့်အချက်များ

  • ကျွေးနေကျနေရာ၊ ကျွေးနေကျ အချိန်တွင် အစာကျွေးသင့်သည်။
  • ငါးအစာစားနှုန်းကို အချိန်ပိုင်းအလိုက် စောင့်ကြည့်စစ်ဆေးပြီး စားသုံးမှု အခြေအနေကို လိုက်၍ စီမံခန့်ခွဲပြီးကျွေးသင့်သည်။

  • ကန်ရေ အလွန်အကျွံ စိမ်းနေပါက အရွက်စိမ်းအစာကိုလျော့၍ (သို့) လုံးဝမကျွေးဘဲ ထားသင့်သည်။

  • ငါးအစာလိုအပ်မှုကို သိရှိရန် အစာဗန်းချထား အသုံးပြုနိုင်သည်။

 အစာကျွေးနှုန်းကိုသတ်မှတ်ခြင်း

အစာကျွေးနှုန်းကို အစာဗန်းထားရှိခြင်းဖြင့်လည်းကောင်း၊ ငါးအလေးချိန်တိုင်းခြင်း ငါးနမူနာကောက်ယူခြင်းဖြင့် လည်းကောင်းသိရှိနိုင်သည်။ ၁၅ ရက်တစ်ခါ၊ တစ်လ တစ်ခါ ငါးနမူနာကောက်ယူခြင်းသည် ခန္ဓာကိုယ် အလေးချိန် နှင့် လိုအပ်သော အစာပမာဏကို ညှိနှိုင်းတွက်ချက်မှုအတွက် ပို၍ကောင်းသည်။ ငါးထည့်သွင်းသည့် အချိန်၌ စုစုပေါင်း ထည့်သွင်းရှင်သန် ငါးပမာဏကို တွက်ချက်လျှင် ပို၍ကောင်းသည်။ ကန်ထဲသို့ ငါးထည့်သွင်းချိန်၌ ငါးသားပေါက်အချို့ကို သီးသန့်ဇာလှောင်ကန်၌ ၂၄ နာရီမှ ၄၈ နာရီထိ ထည့်ထားနိုင်ပြီး နောက်ပိုင်း ၁၅ ရက် ကြာတိုင်း ငါးနမူနာကောက်ယူခြင်းကို ပြုလုပ်နိုင်သည်။ ခန္ဓကိုယ်အလေးချိန် ရာခိုင်နှုန်းကိုအောက်ပါအတိုင်း အကျဉ်းချုပ် ဆက်စပ်တွက်ချက်၍ တိုင်းတာသိရှိနိုင်ပါသည်။

 နေ့စဉ်ကျွေးရမည့် ခန့်မှန်း အစာပမာဏ

တီးလားပီးယားသားပေါက် ၁၀၀၀၀ ထည့်ရာ ရှင်သန်နှုန်းသည် ၉၅ ရာခိုင်နှုန်း ရှိသည်ဟု ယူဆကြပါစို့။ ငါးသားပေါက်တစ်ကောင်ချင်း၏ ပျမ်းမျှအလေးချိန် ၅ ဂရမ် (.၃ကျပ်သား) ဖြစ်လျှင် တစ်ကြိမ်လျှင် နေ့စဉ် အစာကျွေးရမည့် ပမာဏမှ အစာမည်မျှလိုအပ်မည်နည်း (အကောင်းဆုံးရာသီဥတု၊ ရေအရည်အသွေးများရှိသည် ဟု ယူဆပါ။)

 ပေးထားချက်

 ရှင်သန်နှုန်း-၉၅ရခိုင်နှုန်း စုစုပေါင်းရှင်သန်သည့်

 တီလားပီးယား သားပေါက်= ၁၀၀၀၀x၉၅ ရာခိုင်နှုန်း=၉၅၀၀ ကောင်

 ငါးတစ်ကောင်၏အလေးချိန်သည် ၅ ဂရမ်(.၃ကျပ်သား)ဖြစ်သောကြောင့် စုစုပေါင်း ငါးအလေးချိန်မှာ

 ၉၅၀၀x =၄၇၅၀၀ ဂရမ်(၂၉.၅ပိဿာ)

၅ ဂရမ်(.၃ကျပ်သား)လေးသည့် ငါးတစ်ကောင်အတွက် အစာကျွေးရမည့် ပမာဏမှာ ငါးအလေးချိန်၏ ၁၀ ရာ ခိုင်နှုန်းဖြစ်သောကြောင့် စုစုပေါင်းလိုအပ်သည့်

 အစာပမာဏ=၄၇၅၀၀x၁၀ရာခိုင်နှုန်း= ၄၇၅၀ဂရမ်+.၇၅ကီလိုဂရမ် (၃ပိဿခန့်)

၅ဂရမ် (.၃ကျပ်သား) အောက် ငါးသားပေါက်များကို တစ်နေ့အစာ ၃ကြိမ်ကျွေးရန် လိုအပ်သောကြောင့် တစ် ကြိမ်ကျွေးရမည့် ပမာဏမှာ ၄.၇၅/= .၅၈ကီလိုဂရမ်(တစ်ပိဿာ) ခန့် ဖြစ်ပါသည်။

 အောက်ပါနည်းအတိုင်းလည်း နေ့စဉ်လိုအပ်သော အစာပမာဏကိုတွက်ချက်နိုင်ပါသည်။

 W=ငါး၏ပျမ်းမျှ အလေးချိန်

 N=ထည့်သွင်း ငါးအရေအတွက်

 S=ထည့်သွင်းငါး၏ ရှင်သန်နှုန်း (%)

 R=အစာကျွေးနှုန်း (%)ဟု ယူဆလျှင်

 နေ့စဉ်လိုအပ်သော အစာပမာဏ= WxNxSxR

 အသားတိုးကန်အတွက် အစာတစ်ပိဿာပြုလုပ်ရန် ပါဝင်ရမည့်ကုန်ကြမ်းအမျိုးအစား

 (အလယ်ပိုင်း ခြောက်သွေ့ဇုန်၊ မိတ္ထီလာမြို့နယ်) 

 အသားတိုးကန်အတွက် အစာတစ်ပိဿာ ပြုလုပ်ရန် ပါဝင်ရမည့် ကုန်ကြမ်းအမျိုးအစား

 (အလယ်ပိုင်းခြောက်သွေ့ဇုန်၊ ယင်းမာပင်မြို့နယ်) 

 အသားတိုးကန်အတွက် အစာတစ်ပိဿာပြုလုပ်ရန် ပါဝင်ရမည့် ကုန်ကြမ်းအမျိုးအစား

 (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ) (အစာစက်နှင့် လက်လုပ်နှစ်မျိုးစလုံးအတွက်) 

FCRဆိုသည်မှာ ငါးမွေးမြူရေးအပါအဝင် အခြားသောအသားတိုး မွေးမြူရေးအားလုံးတွင် အစာမှ အသားတိုးနှုန်းကို သိရှိနိုင်ရန် အများအားဖြင့် အသုံးပြုသော အညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။ FCRကို ငါးတစ်ယူနစ်အလေးချိန် ထုတ်လုပ်ရန်လိုအပ်သော ပမာဏဟု သတ်မှတ်နိုင်ပါသည်။ ဥပမာ- တီလားပီးယားငါး ကန်ဖော်ရာတွင် အချိန် ၁၀၀၀ ကီလိုဂရမ်တွင် (၆၂၅ပိဿာ) ဖမ်းဆီးဖော်ထုတ် ရရှိပြီး စုစုပေါင်း ငါးကျွေးရန် အသုံးပြုရသည့် ပမာဏမှာ ၁၅၀၀ကီလိုဂရမ် (၉၃၇ပိဿာ) ဖြစ်သည်ဆိုလျှင် FCRမှာ ၁.၅ဖြစ်ပါသည်။

 အစာမှ အသားတိုးပြောင်းလဲနှုန်း(FCR) = စုစုပေါင်းအစာပမာဏ/ စုစုပေါင်းငါးကုန်ချိန်

ငါးခန္ဓာကိုယ် အလေးချိန်းကို တွက်ချက်၍ ပုံမှန်အစာကျွေး မွေးမြူနည်းအပြင် အစာအတွက် ကုန်ုကျစရိတ် လျော့ချစေရန်နှင့်အစာကို အကျိုးရှိစွာအသုံးချနိုင်စေရန် ရေလွှာအလိုက် နေထိုင်ကျက်စားသော မွေးမြူနည်း စနစ်များကို နည်မှီးယူ၍ မွေးမြူလာကြသည်။

  • ၈၀-၂၀မွေးမြူနည်း-အဓိကမွေးမြူသည့် ငါးမျိုးစိတ်ကို စုစုပေါင်း မွေးမြူအရေအတွက်၏ ၈၀ ရာခိုင်နှုန်း နှင့်တွဲဖက် မွေးမြူသည့် ငါးမျိုးစိတ်ကို ၂၀ရာခိုင်နှုန်းထည့်သွင်းမွေးမြူနည်းစနစ်ဖြစ်သည်။ တွဲဖက်မွေး မြူသည့် (အဓိကမဟုတ်သည့်) ငါးမျိုးသည် မျှောလှေးကို စားသုံးသည့် ငါးမျိုးဖြစ်ပြီး အဓိကမွေးမြူ သည့် ငါးမျိုးမှာ ဖြည့်စွက်စာကို မှီခိုသည့်ငါးမျိုးဖြစ်သည်။
  • ရက်ခြားအစာကျွေးနည်း-ဤနည်းဖြင့်မွေးမြူခြင်းကို အချို့သော ငါးမျိုးစိတ်များအတွက် အသုံးပြုပြီး ငါးမျိုးစိတ်များအတွက် အသုံးပြုပြီးငါးအရွယ်အစား ကြီးလာသည့်အဆင့်တွင် တစ်ရက်ခြားအစာကျွေး လေ့ရှိသည်။

  • ပရိုတင်း နည်း/များအစားဖြင့် အစာကျွေးနည်း- ဤနည်းကို BPRIမှ တီထွင်ခဲ့ပြီး အစာစက်ငယ်များမှ ထွက်သောဖော်စပ်စာကို ငါးဒန်မွေးမြူရေးတွင် အသုံးပြုကြသည်။ လိုအပ်သော ပရိုတင်းပါဝင်သော စံဖော်စပ်စာကို မနက်ပိုင်းတွင်ကျွေး၍ ပရိုတင်းလျော့/နိမ့်သော အစာကိုညနေပိုင်းတွင် ကျွေးသော နည်း စနစ်ဖြစ်သည်။

 အစာသိုလှောင်ခြင်း

 အစာကို သင့်တော်သည့် နည်းစနစ်ဖြင့် မသိုလှောင်ပါက စိုထိုင်းဆ၊ ပူနွေးစွတ်စိုမှု၊ အပူချိန်နှင့် အောက်ဆီဂျင် စသည့် ပြင်ပ အခြေအနေများကြောင့် (အများလိုကုန်ကြမ်းနှင့် အနည်းလိုကုန်ကြမ်းအားလုံးတွင်) ပါဝင်သော အဟာရ တန်ဖိုးများ ဆုံးရှုံးစေ နိုင်ပါသည်။ ငါးစာ၏ အကောင်းဆုံး အရည်အသွေးကို ထိန်းသိမ်းရန် (အထူးသဖြင့် အပူ ပိုင်းဒေသများ) အစာသိုလှောင်စဉ်ကာလအတွင်း သတိပြုရန် အချက်များကိုထည့်သွင်း စဉ်းစားသင့်သည်။

  •  အစာအသုံးပြုခြင်းကို (အရင်သွင်းသည့်ကုန် အရင်သုံး)စနစ်အတိုင်း လိုက်နာဆောင်ရွက်သင့်သည်။
  • အစာကို ခြောက်သွေ့သန့်ရှင်းသောနေရာ၌ ကြမ်းခင်းမှ ၆လက်မခန့် အမြင့်တွင် အပူချိန်၂၀ဒီဂရီစင်တီဂရိတ်

  • ခန့်နေပူချိန် တိုက်ရိုက် မကျရောက်သော နေရာ၌ သိုလှောင်သင့်သည်။

  • သိုလှောင်ခန်း၏အမိုးနှင့် နံရံ(ဘေးထရံ)များသည် ရေမဝပ်စေရန်(ရေလုံရန်) လိုအပ်သည်။

  • အစာသိုလှောင်ခန်း(ဂိုဒေါင်)သည် လေဝင်လေထွက်ကောင်းရန် လိုအပ်သည်။

  • အလယ်အလတ် အစာစက်မှ ထုတ်သော အစာတောင့်ကို ၁၅ရက်ထက်ပိုမလှောင်ထားသင့်ပါ။

  • မှိုကင်းစင်၍ စိုထိုင်းဆ ၁၃ရာခိုင်နှုန်းထက် မပိုသော အစာကြမ်းမှုန့်များကို သိုလှောင်ထားသင့်သည်။

  • သိုလှောင်ထားသော အခန်း၏ နံရံနှင့်ထိစပ်၍ အစာအိတ်များကို မထားရ။

  • အစာအိတ်များပေါ်တက်နင်းခြင်းမပြုရ။ အစာအိတ်များကို ထပ်ဆင့်ပုံသင့်သည်။ အိတ်များများစုပုံထပ် ခြင်းဖြင့် အလေးချိန် အလွန်အကျွံဖြစ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

  • ပိုးမွှားနှင့်ကြွက်ရန်ကို ပုံမှန်ထိန်းချူပ်ရန် ထောင်ချောက်သုံးခြင်း၊ သဘာဝ ပိုးမွှားသတ်ဆေးသုံးခြင်း ပြုလုပ်သင့်သည်။

  • ဗီတာမင်နှင့် အင်ဇိုင်းကဲ့သို့သော အနုအဟာရများကို ရေခဲသေတ္တာ၌ အသုံးပြုရက်စွဲကုန်လွန်သည်အထိ ထည့်သွင်း အသုံးပြုနိုင်ပြီး ရေခဲသေတ္တာမရှိသော နေရာ၌အအေးဆုံးနေရာတွင် ထား၍ တစ်လအတွင်း ကုန်အောင်အသုံးပြုသင့်သည်။

My Culture – ငါးမွေးမြူရေးဆိုင်ရာ အာဟာရပြည့်ဝသည့် ငါးအစာ ပြုလုပ်ထိန်းသိမ်းခြင်း စီမံခန့်ခွဲမှု လက်ကမ်းစာစောင်မှ ကူးယူဖော်ပြပါသည်။

 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်