ရောဂါလက္ခဏာများမှာ-
၁။ ဝက်မစင်မှာ အရည်များဖြစ်နေခြင်း။
၂။ အဝါရောင် မစင်များသွားခြင်း။
၃။ မစင်အနံ့ ဆိုးဝါးခြင်း။
၄။ မစင်တွင် သွေးပါခြင်း။
၅။ ရေငတ်ခြင်း ။
၆။ နှာခေါင်း ခြောက်လွန်းခြင်း။
၇။ ဆီးနည်းခြင်း။
၈။ ခန္ဓာကိုယ် မထိန်းသိမ်းနိုင်လောက်အောင် တုန်နေခြင်းတို့ဖြစ်ပါသည်။
ရောဂါဖြစ်ရသည့် အကြောင်းအရင်းများမှာ...
၁။ ခန္ဓာကိုယ်တွင်း ကပ်ပါးများ၊ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များ စွဲကပ်နေခြင်း။
၂။ မသန့်ရှင်းသောအစာများ စားမိခြင်း။
၃။ အစာပြောင်းလဲမှုနှင့် အစာချေဖျက်နိုင်မှု ပြဿနာများ ဖြစ်ခြင်း။
၄။ ရာသီမရွေး ဖြစ်နိုင်ခြင်း။
၅။ မသန့်ရှင်းသောပတ်ဝန်းကျင်ကြောင့် ဝက်ငယ်များတွင်ဖြစ်ပွားလေ့ရှိပြီး ဝက်ငယ်များကို အစာ ပြောင်းလဲပြီး မကျွေးမိစေရန် အထူးအလေးထားသင့်ပါသည်။
ကာကွယ်ခြင်း
၁။ ဝက်ခြံနှင့် ဝက်စာခွက်များအား သန့်ရှင်းစွာထားခြင်း။
၂။ အစာမှန်မှန်ကျွေးခြင်း ။
၃။ အစာပြောင်းကျွေးရန် လိုအပ်ပါက တဖြည်းဖြည်းချင်း ပြောင်းခြင်း။
၄။ ရောဂါရှိသောဝက်ကို အခြားဝက်များနှင့် သီးခြားခွဲထားခြင်း။
ရှေ့ဦးပြုစုကုသခြင်း
ဝက်တစ်ကောင် (၁) ရက်စာအတွက်
ဂျင်း - ၁ကျပ်သား
လေးညှင်း - ၁ကျပ်သား
ထုံးကျောက်မှုန့် - ၁ကျပ်သား
ရေကျက်အေး - ၄လီတာ တို့ကို ရောစပ်၍ တစ်နေ့ ၂ ကြိမ် တိုက်ပါ။
အထက်ပါနည်းဖြင့် ရောဂါမသက်သာပါက
ဆား - ၃ ဇွန်း
သကြား - ၉ ဇွန်း
ရေ - ၄ လီတာ တို့ကို ဖျော်တိုက်ကြည့်ပါ။
နောက်တနည်းမှာ မာလကာရွက်ကိုပြုတ်ပြီး အရည်ကို အအေးခံ၍ တိုက်ခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
အထက်ပါရောဂါလက္ခဏာများကိုတွေ့ရှိပါက နားလည်တတ်ကျွမ်းသည့် နီးစပ်ရာ တိမွေးကုဆရာဝန်နှင့် အမြန်ဆုံးကုသပါက အကောင်းဆုံး ဖြစ်ပါသည်။
Ref : ဆရာမ ခရေဝင်း၏ “ဝက်ရေငတ်ဝမ်းကျရောဂါ” ဆောင်းပါး မှ ကောက်နှုတ် ဖော်ပြပါသည်။