ရိတ်သိမ်းချိန်
ဝဥသည် အရွက်များကျသွားပြီးနောက် ကြီးထွားမှု၊ ရင့်မှည့်မှုဖြစ်စဉ်များသည် အချိန်ကြာခြင်းကြောင့် စောလျင်စွာ နှုတ်သိမ်းလျှင် ရင့်မာခြင်းမရှိဖြစ်တတ်ပြီး သိုလှောင်သိမ်းဆည်းရာတွင် အရည်အသွေး ညံ့သွားတတ်သည်။ သစ်တောထဲမှ သဘာဝအလျောက်ပေါက်ရောက်တတ်သော ဝဥပင်များကို ရှာဖွေတူးဖော်ရာ၌ အပင်မကျမီ ဥအပြည့်အဝ ကြီးထွားမှု အတိုင်မီ တူးဖော်ခြင်းကြောင့် Mannan ပါဝင်မှု လျော့နည်းခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အရွက်များအဝါရောင်ပြောင်းခြင်း ၊ နွမ်းခြောက်သေသွားခြင်း၊ ဝဥအပြင်ခွံသည် မဲညစ်ညှစ် အရောင်များ ဖြစ်လာတတ်သည်။ အရွက်များကျသွားပါက ဥတည်နေရာ အလွယ်တကူ ရှာဖွေတွေ့ရှိရန် ခက်ခဲသောကြောင့် အပင်ကျချိန်မတိုင်မီ ပန္နက်တိုင်များစိုက်၍ မှတ်ထားပြီး၊ အပြည့်အဝရင့်မှည့်ချိန်ရောက်ရှိမှသာ ရိတ်သိမ်းသင့်သည်။ ရိတ်သိမ်းချိန်တွင် ဝဥ၏ အပြင်ခွံကို ထိခိုက်မိတတ်ပြီး အဆိုပါအစိတ်အပိုင်းမှနေ၍ အပင်ပုပ်ရောဂါများဝင်ရောက်ပြီး သိုလှောင်သည့်အရည်အသွေးသိသိသာသာ ကျဆင်းသွားသည့်အတွက် ဂရုတစိုက်တူးဖော်မှု ပြုရန် အရေးကြီးသည်။
ဝဥအရွယ်အစားအလိုက် ခွဲခြားခြင်း
ဝဥအဆိုးအကောင်းကို အပြင်ပန်းအားဖြင့် ဆုံးဖြတ်သတ်မှတ်ရန် ခက်ခဲသော်လည်း တတ်နိုင်သမျှ ထိခိုက်ဒဏ်ရာ ရရှိသော ဥများ၊ ရောဂါပိုးမွှားကျရောက်သော ဥများကို ခွဲခြားမှုပြုလုပ်ရန်အရေးကြီးသည်။ အထူးသဖြင့် ဘေးမြစ်ဖုများ ခြောက်သွေ့ပြီးနောက် ပင်စည်ပုပ်ရောဂါစသည်များ ရောထွေးဝင်ရောက်လျှင် အပင်များပုပ်သွားခြင်း ခြောက်၍ မာသွားခြင်းများသာမက အခြားကျန်းမာသန်စွမ်းသော ဥများကူးစက်ပြန့်နှံ့ပြီး ဆုံးရှုံးပျက်စီးမှု ဖြစ်တတ်သောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသော ဥများ၊ ရောဂါပိုးမွှားကျရောက်သော ဥများကို ခွဲခြားမှုပြုလုပ်ခြင်းဖြင့် ဆေးစီရင်ခြင်းမပြုသော်လည်း ထိခိုက်မှု အနည်းဆုံးဖြစ်သည်။ သိုလှောင်သိမ်းဆည်းရာတွင်လည်း ထိရောက်မှုကောင်းသည်ကို တွေ့ရသည်။ ရွေးချယ်ထားရမည့် အရေးကြီးသည့်အချက်အနေဖြင့် ရောဂါနှင့် ပင်စည်တွင် အနာတရမရှိသော ကောင်းစွာဖွံ့ဖြိုးသော ဥများကို ရွေးချယ်ရန်သာလိုသည်။
ဥကို အခြောက်ခံခြင်းနည်း
အခြောက်ခံခြင်း၏ ရည်ရွယ်ချက်မှာ ရိတ်သိမ်းချိန်ရှိ ဝဥ၏ ရေဓါတ်ကို သိုလှောင်ချိန်တွင် သင့်တင့်လျောက်ပတ်သည့် ပမာဏ ထိရောက်အောင် ကြိုတင်၍ ဖယ်ထုတ်ခြင်းနှင့် အပြင်ခွံကိုလည်း ကောင်းစွာ ခြောက်သွေ့စေ၍ ရောဂါပိုးမွှားဒတ်ခံနိုင်ရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် အခြောက်ခံခြင်းကို သေချာစွာပြုလုပ်ခြင်းဖြင့် နောက်ပိုင်းကာလသိုလှောင်မှုပြုချိန်၌ အဆင်ပြေလွယ်ကူစေသည်။ အခြောက်ခံသည့် အချိန်ကာလသည် ကြာလေကောင်းလေဟူ၍ကား မရှိပါ။ ကြာမြင့်စွာ အခြောက်ခံခြင်းမှ လွန်စွာအခြောက်ခံမိပါက စိုက်ပျိုးပြီးနောက် အပင်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် (၁၅-၂၀)ရက်အတွင်းတွင်သာ ဝဥ အလေးချိန် လျော့နည်းမှု (၁၀-၂၀%)ခန့် ရရိအောင် စန်စတကျ ဆောင်ရွက်ရမည်။
နေလှန်းအခြောက်ခံခြင်း၊ လေဖြင့်အခြောက်ခံခြင်းဖြင့် မည်သည့်နည်းလမ်းမဆိုသုံး၍ ရသော်လည်း တောင်ဘက်မျက်နှာမူနေသော တံစက်မြိတ်အောက်နှင့် အခြောက်လှန်းစင်ကို အသုံးပြု၍ နေဖြင့်အခြောက်ခံရမည်။ ထို့နောက် သိုလှောင်ခန်းအတွင်းရှိ လေဝင်လေထွက်ကောင်းသော နေရာတွင်လေဖြင့် ခြောက်သွေ့စေရမည်။ ထို့ပြင် လေဖြင့် အခြောက်ခံရာ၌ သိုလှောင်ခန့်းထားရှိသည်အထိ လေဝင်လေထွက်ကိုလည်း ကောင်းအောင် လုပ်ပေးရမည်။ အခြောက်ခံခြင်းပြီးပါက ပင်စည်(ဥ)ကို လက်ဖြင့် အသာပွတ်ကြည့်ပါက အပေါ်ခွံမျက်နှာပြင်၌ ဒဏ်ရာအနာတရ ဖြစ်ပေါ်နေခြင်း မရှိလျှင် အခြေအနေကောင်းသည်။ ပြန်စိုက်မည့် မျိုးဥများကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်ခြင်း၊ ပက်ဖြန်းခြင်းပြုလုပ်ထားသင့်သည်။ မျိုးဥများကို အအေးဓါတ်လွန်ကဲသောနေရာများ၌ မသိုလှောင်သင့်ပါ။ အညှောင့်ပေါက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ တူးဖော်ပြီးဝဥများကို စင်များဖြင့် စနစ်တကျစီ၍ အရိပ်အောက်တွင်ထားခြင်း၊ ဥအဆင့်(၃)လွှာခန့်သာ စုပုံခြင်း၊ သိုလှောင်ဥ၌ အနာအပုပ်များရှိပါက ထုံး(သို့မဟုတ်) ပြာသုတ်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
ဘေးမြစ်ဥများအခြောက်ခံခြင်း
လုံးဝန်းသော ပုံသဏ္ဍာန်ဘေးမြစ်ဖုများဖြင့် ပြည့်ဝစွာ ရင့်မှည့်ခြင်းမရှိသော ဥနှင့် တုတ်ချောင်းပုံစံဘေးမြစ်ဖုများဖြစ်ပါက (၁၅-၂၀) ရက်အချိန်ပေးပြီး သေချာစွာ အခြောက်ခံပေးရန်လိုသည်။
အခြောက်ခံရန်အတွက် အသင့်တော်ဆုံးအပူချိန်
ပင်စည်မှ ဖြတ်တောက်ခွဲထုတ်လိုက်သည့် တုတ်ချောင်းပုံစံဘေးဖြစ်ဖုများ၏ ချိုးထားသောနေရာတွင် ပုံမှန်အပူချိန်၌ အနာကျက်မှု နှေးပြီး၊ အပင်ပုပ်နာနှင့် ပင်စည်ထိခိုက်မှုများသည်။ ဥများကို ပြန်စိုက်ရာတွင် အပင်ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်သည့် အတွက် အပူချိန် မြင့်မားလာခြင်းမရှိအောင် သတိပြုရန်လိုသည်။
စိုထိုင်းဆနှင့် အလင်းရောင်တို့ကြောင့် မျိုးဥအပေါ်ထိခိုက်မှုများ
အနာကျက်မှုဖော့သား ပြန်ပြည့်မှုသည် စိုထိုင်းဆနှင့် သက်ဆိုင်မှုမရှိသော်လည်း စိုထိုင်းဆလျော့နည်းမှုသည် (၇၅%) အောက်သို့ ရောက်ရှိလျှင် ဖော့အလွှာဖြစ်မှုကို ပျက်စီးစေသဖြင့် သင့်တင့်လျောက်ပတ်သော လေဝင်လေထွက်ကို ပြုလုပ်ပေးရန်လိုသည်။
တစ်ဖန် အလင်းရောင် တိုက်ရိုတ်ထိတွေ့ခြင်းသည်လည်း ပိုးသတ်ခြင်းနှင့် ဝဥ မျက်နှာပြင်ပေါ့်ရှိအပူချိန်ကို မြင့်မားသောအပိုင်းတွင် အကျိုးသက်ရောက်မှု ကောင်းသော်လည်း ဒဏ်ရာအား ဖော့အလွှာအဖြစ် ပြောင်းလဲလာရေးအတွက် ထိရောက်မှု မရှိပါ။
မြေပြင်တွင် ပလပ်စတစ်စကို ခင်း၍ ထိုအပေါ် ဝဥမျိုများကို (၂-၃)လုံးစီထပ်ကာ ဖြန့်ခင်းထားနိုင်ပါသည်။
ရေဆေးခြင်း၊ လှီးဖြတ်ခြင်းနှင့် အခြောက်ခံခြင်း
တူးဖော်ပြီးစ ဝဥများကို ဥ၏ ချိုင့်ခွက်နှင့် ပုပ်သည့်အစိတ်အပိုင်းများကို ပြောင်စင်အောင်ခြစ်ထုတ်ပြီး၊ အမြစ်များ၊ မြေကြီးများ စင်ကြယ်အောင် ဘရပ်ဖြင့် ဆေးကြောသင့်ပါသည်။ လုပ်အားသက်သာစေရန်အတွက် ဝဥဆေးစက်ကို အသုံးပြုသင့်သည်။ ဥအစိုများလှီးဖြတ်ရာ၌ ဥလှီးဓါး၊ အစေးကာမျက်မှန်၊ လက်အိတ်များစသည်တို့ကို အသုံးပြုရန်လိုအပ်ပါသည်။ ထို့နောက် ဥလွှာ ကိရိယာဖြင့် (၁/၄)လက်မှ လက်မဝက်ခန့် အထူရရှိအောင် လွှာရမည်။ (၃)မီလီမီတာမှ (၆)မီလီမီတာ အထူ လေးတောင့်ပုံ အသားတုံးများ ရအောင် လှီးဖြတ်၍ အခြောက်လှန်းရမည်ဖြစ်ပါသည်။ ဝဥလှီးစက်ကို အသုံးပြုပါက ဂျပန်ဝယ်လက်အကြိုက်အရည်အသွေးကောင်းသော ဝဥလွှာများကို အထူအပါးညီညာစွာ ရရှိနိုင်သည်။ လူဖြင့်လှီးဖြတ်သည့် ကိရိယာ၌ မတ်တပ်ခုံပါရှိရန်လိုအပ်ပြီး ဂုံနီအိတ်၊ ဆာလာအိတ်ကို တွဲပေးခြင်းအားဖြင့် လှီးဖြတ်ပြီး ဝဥလွှာများ မြေပေါ်သို့တိုက်ရိုတ်ကျခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်ပါမည်။ ထို့နောက် ဝဥလွှာချပ်တစ်ခုချင်းကို (၁)ပေခွဲအရှည်ဝါးသီးသံတံချောင်းဖြင့် (၁)လက်မစီခြားလျက် အချပ်အလယ်ဗဟို များမှ ထိုးဖောက်၍ သီးပေးရပါမည်။ ၎င်းတို့ကို ဝါး၊ ဗန်းများတွင် စီ၍ ထားပါ။ ထိုဝါး၊ ဗန်းများကို စနစ်တကျ တည်ဆောက်ထားသော မီးဖိုပေါ်သို့ စီ၍တင်ထားရန် လိုအပ်ပါသည်။ ဗန်းစင်များကို မကြာခဏဆိုသလို အထက်အောက်လှန်းပေးရန်နှင့် ဝဥလွှာများကိုလည်း အနည်းဆုံး(၂)ရက်ခန့် အပူပေးပါက ကောင်းစွာ ခြောက်သွေ့ပါသည်။
ထို့ပြင် လှီးဖြတ်ပြီးသော ဝဥများကို နေရောင်ဖြင့်လည်းကောင်း၊ အပူပေးအခြောက်ခံစက်ဖြင့် လည်းကောင်း အခြောက်ပြုလုပ်နိင်ပါသည်။ ပလပ်စတစ်အကြည်စ(အဖြူရောင်) များ အသုံးပြုပြီး နေရောင်စွမ်းအင်သုံး အခြောက်ခံရုံကို အသုံးပြုပါက အရည်အသွေးကောင်းမွန်သော ထွက်ကုန်ပစ္စည်းများ ရရှိနိင်ပါသည်။ ဝဥကို အခြောက်ခံသောအခါ ဥအစို(၅)ပိဿာမှ (၆)ပိဿာလျှင် ဝဥအခြောက် (၁) ပိဿာရရှိသည်။ ရရိသော အစိုအလေးချိန်နှင့် အခြောက်အလေးချိန်အချိုးမှာ ဝဥအနီမျိုး (၅:၁)၊ ဝဥအဝါမျိုး (၆:၁)၊ ဝဥအဖြူမျိုး (၈:၁)တို့ဖြစ်ပါသည်။ ကောင်းမွန်စွာ ခြောက်သွေ့သော ဝဥအခြောက်များကို ပီနံအိတ်၊ ပလပ်စတစ်အိတ်များဖြင့် ထုတ်ပိုးပေးနိုင်ပါသည်။ ရောင်းချရန်အတွက် ဝဥအစိုနှင့် ဝဥအခြောက်များကို ထုတ်ပိုးရာတွင် လေလုံသော အိတ်မျိုးကို မသုံးသင့်ပါ။ အစိုဓါတ်ကြောင့် အငွေ့ပြန်၍ မှိုတက် ပျက်စိးစေနိုင်မှုများ ဖြစ်ပေါ်တတ်ပါသည်။
ဝဥစိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာစောင်မှ ကောက်နုတ်ထားပါသည်။
ဝဥရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းနည်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။