ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် Solar Dryer

22/10/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလူဦးရေဟာ သန်း ၉ ထောင်ရှိလာနိုင်တယ်လို့ သိပ္ပံပညာများက ခန့်မှန်းထားကြပါတယ်။ အကျိုးဆက်အနေနဲ့  ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုလည်း တဖြည်းဖြည်း ဆိုးဝါးလာသည်။ မြို့ပြချဲ့ထွင်လည်း များပြားလာပြီး စိုက်ပျိုးမြေလည်း နည်းပါးလာပါတယ်။ သီးနှံများလည်း အထွက်တိုးရန် လိုအပ်သလို ထုတ်လုပ်ပြီးသား စားသောက်ကုန်များလည်း အလေအလွင့်ပျက်စီးမှုမရှိရန်နှင့် သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များဖြစ်ရန်လည်း လွန်စွာမှ အရေးကြီးပါတယ်။ 

   မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိက စိုက်ပျိုးလုပ်ကိုင်သည့်နှင့်အညီ သီးနှံများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို တန်ချိန်ပေါင်းများ ထုတ်လုပ်ကြသည်။ ထိုသို့ထွက်ရှိလာသော သီးနှံများ၏ ၃၅% ခန့် သည် နှစ်စဉ်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ အဘယ့်ကြောင့်ဆိုသော် ရိတ်သိမ်းချိန်လွန်နည်းပညာ အားနည်းသောကြောင့်ဖြစ်သည်။

   မြန်မာနိုင်ငံသည် အာဟာရချို့တဲ့မှုနှင့် ဆင်းရဲမွဲတေမှုအမြင့်မားဆုံး တိုင်းပြည်များစာရင်းတွင် ပါဝင်နေသည့်အပြင် မြန်မာကလေးငယ်အများစု ၃၄% ကျော်သည် အာဟာရချို့တဲ့မှုကို ခံစားနေရသည်။ ထို့ကြောင့် အာဟာရချို့တဲ့မှုကိုလည်း ဖြေရှင်းရန် လိုအပ်ပေသည်။

   တာရှည်ခံစားသောက်ကုန်နှင့် ဘေးကင်းသောစားသောက်ကုန်များ ထုတ်လုပ်လာနိုင်ပါက အာဟာရချို့တဲ့မှုကို ကာကွယ်နိုင်သည့်အပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဝင်ငွေလည်း တိုးတက်လာနိုင်ပါသည်။ ထိုသို့ အာဟာရချို့တဲ့မှုနှင့် လယ်ယာကဏ္ဍ ဝင်ငွေတိုးတက်လာနိုင်ရန် ရိတ်သိမ်းချိန်လွန်နည်းပညာသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပြီး ထိုနည်းပညာထဲတွင်မှ အခြောက်ခံခြင်းနည်းပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 

   ရိတ်သိမ်းချိန်လွန်နည်းပညာထဲမှ အခြောက်ခံခြင်းနည်းပညာကို ဖော်ပြရခြင်းမှာ စိုက်ပျိုးထုတ်လုပ်သူများ၏ ထုတ်ကုန်များသည် အခြောက်ခံခြင်းဖြစ်စဉ်တွင် အဓိက ဆုံးရှုံးနေရသောကြောင့်ဖြစ်သည်။ အခြောက်ခံ ခြင်းလုပ်ငန်းစဉ်တွင် - အခြောက်ခံကုန်ပစ္စည်း၏ ၄၀% ကျော် ဆုံးရှုံးနိုင်ခြင်း။

    • အခြောက်ခံကုန်ပစ္စည်း၏ အရောင်နှင့် အာဟာရဓာတ်များ သိသာစွာပြောင်းလဲခြင်း။

    • လေ၊ မိုး၊ ဆီးနှင်း စသည့် ရာသီဥတုဒဏ် ခံရနိုင်ခြင်း။

    • ဖုန်၊ သဲ၊ တိရစ္ဆာန်အညစ်အကြေးများပါဝင်နိုင်ခြင်းကြောင့် ကျန်းမာရေး၊ သန့်ရှင်းမှုစံနှုန်းများနှင့် မကိုက်ညီခြင်း။

    • ရာသီဥတုဖောက်ပြန်မှုကြောင့် ထုတ်ကုန်ဆုံးရှုံးမှုမြင့်မားခြင်း။

စသော ဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့ရသောကြောင့် ထုတ်လုပ်သူများအနေနှင့် တွက်ချေမကိုက်သည့်အပြင် စားသုံးသူပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့် မညီညွတ်တော့ပေ။ 

   ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များနှင့် သိပ္ပံပညာရှင်များသည် ထုတ်ကုန်ပစ္စည်းများအတွက် ဘေးကင်းလုံခြုံသော အခြောက်ခံခြင်းနည်းပညာကို တီထွင်ကြံဆလာကြသည်။ ကုန်ပစ္စည်းများကို အခြောက်ခံရာတွင် နည်းလမ်းအမျိုးမျိုးရှိပါသည်။

    • သမားရိုးကျ မြေကြီးပေါ်တွင် ဖြန့်ခင်းပြီး နေရောင်ခြည်အောက်တွင် အခြောက်ခံခြင်း။

    • ဗန်းများ၊ စင်များပေါ်တွင် တင်ပြီး နေရောင်ခြည်အောက်တွင် အခြောက်ခံခြင်း။

    • မီးဖိုပြီး ကြပ်တင်ကာ အခြောက်ခံခြင်း။

    • Oven ဖြင့် အခြောက်ခံခြင်း။

    • လျှပ်စစ် ဓာတ်အားကို အသုံးပြုရသော အခြောက်ခံစက်များကို အသုံးပြုပြီး အခြောက်ခံခြင်း။

-စသော နည်းလမ်းမျိုးမျိုးရှိသည့်အနက်မှ ထိုင်းနိုင်ငံ Silpakorn University မှ Dr.Serm ၏ ၃၅ နှစ်ကြာ သုတေသနပြုပြီးနောက် ရရှိလာသော ရလဒ်ဖြစ်သည့် အခြားစွမ်းအင်အရင်းအမြစ်မလိုအပ်ပဲ နေရောင်ခြည်ကိုသာ အဓိကထားအသုံးပြုသည့် Solar Dryer ဖြင့် အခြောက်ခံသည့် နည်းပညာကို ဖော်ပြသွားပေးမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးဖို့ ပြောပါရစေ။

Tin Htut Khaung (B.Agr.Sc)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်