မြန်မာ့ကြက်သွန် ဈေးနှုန်းတည်ငြိမ်

09/04/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ယခုလက်ရှိအချိန်အတွင်း မြန်မာ့ကြက်သွန်ဈေးနှုန်းများမှာ အရောင်းအဝယ်အေးပြီးတည်ငြိမ်လျက်ရှိနေကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

    ကြက်သွန်ကုန်တင်ကားအဝင်အထွက်မှာ သင်္ကြန်ရက်ပိုင်းအတွင်း ခေတ္တပိတ်ထားတာကြောင့် လက်ကျန်ကြက်သွန်တွေကို ရောင်းဝယ်နေတာဖြစ်တဲ့အတွက် ဈေးနှုန်းမှာ အေးနေတာဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

အခုသင်္ကြန်ရက်ပိုင်းအတွင်းကတော့ ကြက်သွန်နီကုန်တင်ကား အဝင်အထွက်မရှိဘူး။ပိတ်ထားတာဆိုတော့ လက်ကျန်ရှိတဲ့ ကြက်သွန်နီတွေကိုပဲ ရောင်းနေရတာဆိုတော့ ဈေးနှုန်းက အရောင်းအဝယ်အေးနေတယ်။ တက်လည်းမတက်ဘူး

    ကြက်သွန်နီ ဆိပ်ဖြူရှယ်တစ်ပိဿာကို ၇၀၀ကျပ်၊ ဆိပ်ဖြူလတ်ကြီးတစ်ပိဿာကို ၇၀၀ ကျပ်၊ ဆိပ်ဖြူလတ်သန့်တစ်ပိဿာကို ၇၀၀ ကျပ်၊ ဆိပ်ဖြူလတ်ချော တစ်ပိဿာကို ၆၀၀ ကျပ်၊ မြစ်သားရှယ်(သစ်) တစ်ပိဿာကို ၈၀၀ကျပ်၊ မြစ်သားလတ်ကြီးတစ်ပိဿာကို ၁၁၀၀ ကျပ်၊ မြစ်သားလတ်သန့်တစ်ပိဿာကို ၁၁၀၀ ကျပ်၊ မြစ်သားလတ်ချောတစ်ပိဿာကို ၈၀၀ ကျပ်ရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းများအရ သိရပါတယ်။

    ကြက်သွန်နီကုန်တင်ကားများမှာ နယ်အစုံမှ ကားအစီးရေ (၃၀)ဝန်းကျင် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ပုံမှန်တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်