ထုတ်ကုန် ထုတ်ကုန် ဆက်သွယ်ချက်
စိုက်ပျိုးရေးမှာထွက်လာတဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန်ဆိုတာက တစ်ခုတည်း ရှိတာမဟုတ်ပြန်တော့ အနည်းဆုံး စပါးနဲ့ ကောက်ရိုးတော့ ထွက်တာပါပဲ။ အဲ့လို အနည်းဆုံးထုတ်ကုန် (၂)မျိုးရှိတဲ့အတွက်ကြောင့်မို့ ထုတ်ကုန်အချင်းချင်း ဘယ်လို ဆက်စပ်နေသလဲ ဆိုတာကို စိုက်ပျိုးစီးပွား ရူထောင့်ကနေ တစ်ချက်ကြည့်ကြမယ်။
အဲ့လိုကြည့်လိုက်ခြင်းအားဖြင့် ဘာတွေရလာနိုင်သလဲဆိုတော့ ဘယ်လိုနည်းပညာကိုဦးစားပေးပြီး ဘယ်လို ထုတ်ကုန်ကို ထုတ်လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက်ချတဲ့အခါမှာ ကူညီနိုင်မှာဖြစ်ပါတယ်။
အခြေခံ ဆက်သွယ်ချက်မှာဆိုရင်
(၁) ချိတ်ဆက်ထုတ်ကုန်
စစချင်းက ဥပမာပေးခဲ့သလို စပါးနဲ့ ကောက်ရိုးလိုမျိုးပါ။ ထုတ်ကုန်ရဲ့ ထုတ်လုပ်မှုဖြစ်စဉ်တွေဟာအားလုံး အတူတူဖြစ်ပြီးတော့မှ နောက်ဆုံးမှာ ထုတ်ကုန် (၂) ခုထွက်ပါတယ်။ အဲ့လို ထုတ်ကုန်တွေမှာဆိုရင် တစ်ခုကိုတစ်ခုမှီတည်နေတတ်ကြပါတယ်။ ကောက်ရိုးဖြစ်လာမဲ့ အရိုးအတံက ခိုင်မာသန်စွမ်းနေမှ စပါးနှံနဲ့ အထွက်လည်း ကောင်းတယ်ဆိုတာမျိုး ဆက်နွယ်နေကြပါတယ်။
(၂) တွဲဖက်ထုတ်ကုန်
တစ်ခုရှိမှ တစ်ခုဖြစ်တဲ့ ပုံစံမျိုး ဆက်နွယ်နေတာဖြစ်ပါတယ်။ တစ်ခုရဲ့ အတိုင်းအတာက နည်းသွားတယ်ဆိုရင် နောက်တစ်ခုကလည်း နည်းသွားတာမျိုး တန်းစီပြီးတော့ နည်းသွားတာမျိုး အတိုင်းအဆတူဖြစ်တတ်တဲ့ ဆက်နွယ်မှုရှိတဲ့ ထုတ်ကုန်ပါ။ စပါးစိုက်နောက်ကျလို့ ပဲစိုက်လည်း နောက်ကျတယ် ဆိုတာမျိုးပါ။
(၃) ဖြည့်စွက် ထုတ်ကုန်
အပိုအနေနဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန်မျိုးပါ။ တစ်ခုက တိုးသည်ဖြစ်စေ လျော့သည်ဖြစ်စေ၊ တစ်ခြားထုတ်ကုန်ရဲ့ ထုတ်လုပ်မှုကို မထိခိုက်နိုင်တာမျိုးပါ။ မထိခိုက်လို့ ဆက်နွယ်မှုမရှိတာမဟုတ်ပါဘူးနော်။ သူ့ဟာနဲ့သူ ဆက်နွယ်နေပါတယ်။ ဈေးကွက်ထဲမှာဆိုရင် မပြိုင်ဆိုင်ပဲ သူ့ဟာနဲ့သူ ရှိနေတဲ့ တွဲလျက်ထုတ်ကုန်လိုမျိုးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလိုမျိုးပေါ့။
(၄) ပြိုင်ဆိုင်မှုရှိတဲ့ ထုတ်ကုန်
ဒီတစ်ခုကတော့ တစ်ခုနဲ့ တစ်ခုပြိုင်ဆိုင်မှုရှိတဲ့ ထုတ်ကုန်မျိုးဖြစ်ပါတယ်။ ဈေးကွက်ထဲက ထုတ်ကုန်တွေဆက်နွယ်မှုကိုကြည့်လိုက်ရင် တစ်ခုက လျော့နေတယ်ဆိုရင် နောက်တစ်ခုက ပိုရောင်းကောင်းသွားတာမျိုး စတဲ့ ပြိုင်ဆိုင်မှုတွေရှိနေတဲ့ ထုတ်ကုန်အမျိုးအစားတွေပါပဲ။ ဘာလို့ ပြိုင်ဆိုင်မှုတွေရှိသလဲဆိုရင် သူတို့က အစားထိုးလို့ရလို့ပါပဲ။
ဈေးထဲသွားရင် ဟင်းရွက်တွေရဲ့ ပြိုင်ဖက်တွေက နောက်ဟင်းရွက်သည်တွေပေါ့။ ချဉ်ပေါင်ရွက် မလတ်တဲ့ အသည်နားဆို သိပ်မရပ်ချင် မဝယ်ချင်ပဲနဲ့ လတ်တဲ့နေရာနားသွားဝယ်တာမျိုး လုပ်တာပေါ့။ မလုပ်ပဲနေမလား ။ အဲ့တော့ တစ်ခုရဲ့ နည်းခြင်းများခြင်းက နောက်တစ်ခုရဲ့ နည်းခြင်းများခြင်းကို ဆုံးဖြတ်တယ်။ ဈေးသတ်မှတ်တယ် ဆိုတဲ့ ဆက်နွယ်မှုတွေရှိပါတယ်။
အစားထိုးလို့ရတဲ့ ထုတ်ကုန်တွေဖြစ်နေလို့ပါပဲ။ အစားထိုးနိုင်တယ်ဆိုတာ (၃)မျိုးရှိပါတယ်တဲ့။ ဆက်ကြည့်ရအောင်
(က) ကိန်းသေနှုန်းနဲ့ အစားထိုးနိုင်ခြင်း။
လယ်မြေတစ်ခုပဲ ရှိတယ်။ စိုက်ချင်တာက (၂)မျိုးဖြစ်နေတယ်။ တစ်ခုပဲစိုက်ရမယ်ဆိုရင် အဲ့ဒါက ကိန်းသေနှုန်းနဲ့ အစားထိုးခြင်းပါပဲ။ ပြိုင်ဆိုင်မှုရှိတဲ့ ထုတ်ကုန်မှာ တစ်ခုကို တစ်ခုနဲ့ အစားထိုးနိုင်တယ်။ (၂) ခုဆို (၂) ခုနဲ့ အစားထိုးတယ်။ အဲ့လို ကိန်းသေ ပုံမှန်အတိုင်း အစားထိုးလို့ရတဲ့ နှုန်းရှိနေတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်။ မြန်မာစကားဆိုရင် ငကန်းသေရင် ငစွေလာလိမ့်မယ် ဆိုတာနဲ့ တူတူပေါ့။
(ခ) တိုးတက်နှုန်းနဲ့ အစားထိုးနိုင်ခြင်း။
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာမျိုး ပြောရမလား။ ကုန်ပစ္စည်းတစ်ခုပျောက်ရင် နောက်အစားထိုးဖို့က တန်းစီပြီးစောင့်နေတာမျိုးပါ။ (၁) ခုပျောက်ရင် (၂)ခု အစားထိုးမယ်။ (၂)ခုပျာက်ရင် (၅) ခု အစားထိုးမယ်။ (၃)ခုပျောက်ရင် (၈)ခု အစားထိုးမယ်။ အဲ့လို အစားထိုးနိုင်မှုနှုန်းက တစ်ဖြည်းဖြည်းတိုးလာတာကိုပြောတာပါ။
အသီးအရွက်ကို နို့ထွက်ပစ္စည်းတွေနဲ့ အစားထိုးမှ ရတော့မယ်။ အရွက်တွေ မရှိတော့ဘူးဆို အရွက်(၂)စည်းကြော်စားမဲ့အစား နွားနိ့ (၁)ခွက်လောက်ပဲ သောက်တော့မယ် ဆိုတာမျိုးနဲ့ ဖြစ်ပါတယ်။ ထုတ်ကုန်အချင်းချင်းက တိုက်ရိုက်ပြိုင်ဆိုင်နေကြတာမဟုတ်ပေမဲ့ စိုက်ပျိုးထုတ်ကုန်တွေအားလုံးဟာ လူတွေရဲ့ အသက်ရှင်နေထိုင်လိုမှုတွေကြားက ဆုံးဖြတ်ချက်မှာ နို့ထွက်ပစ္စည်းတွေလား အသားလား အရွက်လားဆိုတာကို ပြိုင်ဆိုင်နေကြတာပါပဲ။ ခုလိုဆိုရင် ခါတိုင်းထက်လျော့တဲ့ အစားထိုးနှုန်းနဲ့ အစားထိုးလို့ရတဲ့ ထုတ်ကုန် ရှိတယ်ဆိုတာကိုလည်း သိထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီလို လျော့တဲ့ အစားထိုးနှုန်းဆိုတာက စိုက်ပျိုးရေးထုတ်ကုန်တွေမှာ ရှားပါးပါတယ်တဲ့။
ကဲ့ အဲ့ဒါဆိုရင် ကိုယ်စိုက်နေတဲ့ ထုတ်ကုန်တွေကို ဈေးကွက်စီးပွားရေးဖက်ကနေ တစ်ချက်ပြန်ကြည့်လိုက်ရင် ဘာလို ထုတ်ကုန် ဆက်သွယ်ချက်တွေရှိနေသလဲ။ ချိတ်ဆက်လား တွဲဖက်လား ဖြည့်စွက်လား ပြိုင်ဆိုင်မှု ရှိတဲ့ထုတ်ကုန်တွေလား၊ ဘယ်လိုပြိုင်ဆိုင်မှုရှိသလဲ ဆိုတာကို တွေးကြည့်ပါဦးနော်။
တောင်သူဦးကြီးများဆုံးဖြတ်ချက်မှန်ကန် အကျိုးတိုးတက်နိုင်ကြပါစေ။
ထွန်းဝင်းကျော်
Reference
‘Production Economics and Farm Management’, Virender Kumar Professor (Agricultural Economics) Department of Agricultural Economics, Extension Education & Rural Sociology, COA, CSKHPAU, Palampur-176 062 (HP), India
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 0 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 7 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026