လျှပ်စစ်ဖောက်စက်ဖြင့် ဘဲဖောက်နည်း

12/11/2021 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဘဲဥများကိုသားဖောက်ရန်  လျှပ်စစ်ဖောက်စက်ကို အသုံးပြုပြီးလည်း သားဖောက်နိုင်ပါသည်။ဘဲကောင်ရေ များများဖောက်လိုသည့်အခါမှာ ဖောက်စက်ကိုအသုံးပြုပြီးဖောက်ရန် လိုအပ်ပါသည်။ ဖောက်စက်ဖြင့် သားဖောက်ရာတွင် ဖောက်မည့်ဘဲဥများကို ကနဦးရွေးချယ်ရာမှာ သန့်ရှင်းလတ်ဆတ်မှုရှိရပါမည်။ ဘဲထီးတစ်ကောင်ကို ဘဲမ ၁၀ ကောင် မျိုးဘဲထားရှိ၍ မျိုးဥဖောက် ဥထုတ်လုပ်နိုင်ပါသည်။

    ဘဲဥသည် ၂၈ ရက်ကြာမှ သားပေါက်သဖြင့် ဝပ်စက် (Setters) ထဲတွင် ၁၅ ရက်ထားရှိ၍ ကျန်ရှိသည့် ၁၃ ရက်ကို ဖောက်စက် (Hatchers) ထဲသို့ ပြောင်းရွှေ့ထားမှ ဘဲသားပေါက်လေးများ ထွက်ရှိလာပါမည်။ 

    ဝပ်စက် (Setters) ၏ အပူချိန်မှာ ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (၃၇.၅၉ ဆဲလ်စီးယပ်စ်)နှင့် ရေငွေ့ပါဝင်နှုန်း (၅၅%)ဖြင့် ချိန်ပေးရပါမည်။

    ဘဲဥများကို ဖောက်စက် (Hatchers) ထဲသို့ ပြောင်းရွှေ့သည့်အခါတွင် အပူချိန်ကို ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (၃၇.၂၉ ဆဲလ်စီးယပ်စ်) နှင့် ရေငွေ့ ပါဝင်နှုန်း (၆၅%) ချိန်ထားပြီး ဘဲသားပေါက်လေးများ နှုတ်သီးထွက်စချိန်တွင် လေထုအတွင်းစိုထိုင်းဆ (၈၀%) သို့ တိုးမြှင့်ပေးရပါမည်။

    ဘဲသားလေးများ စုံညီစွာထွက်လာသည့်အခါ အပူချိန်ကို ၉၇ ဒီဂရီဖာရင်ဟိုက် (၃၆.၁၉ ဆဲလ်စီးယပ်စ်) နှင့် စိုထိုင်းဆ ၇၀% သို့ ထားပေးရပါမည်။

    ဘဲသားလေးများ စုံညီစွာထွက်ရှိပြီး အမွှေးခြောက်သည့်အခါတွင် ဖောက်စက် (Hatchers) ထဲမှ ထုတ်ယူပြီး မွေးခြံထဲသို့ ပြောင်းရွှေ့မွေးမြူနိုင်ပါပြီ။

မှီငြမ်း- တစ်နိုင်တစ်ပိုင်ဘဲမွေးမြူရေးစာမျက်မှာမှ ကောက်နှုတ်တင်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်