ပျော်စရာ စကားထာ ( ၁၀ )

05/02/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗျို့…. အမျိုးတို့ ဆိုရိုးစကားလေးကို စဉ်းစားရလွယ်ချင်တယ်ဆိုရင်တော့ အဆုံးထိဖတ်ဖို့လိုမယ်နော်။✌️✌️✌️✌️

အပတ်စဉ်ပြုလုပ်လာတဲ့ ပျော်စရာ စကားထာအစီစဉ်လေးက ခုဆိုရင် ၁၀ ကြိမ်တောင်ရှိသွားပါပြီ။
✨✨✨✨✨✨✨✨✨✨✨✨✨
တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာဒီလိုပဟေဠိလေးတွေဖြေရင်း မြန်မာ့ရိုးရာတွေထိန်းသိမ်းပေးကြသူအားလုံးကိုလေးစားကြောင်းလည်းပြောပါရစေရှင့်။

ပဟေဠိတွေစဉ်းစားရင်း ဘိုးဘေးတွေထားခဲ့တဲ့ မှတ်သားစရာတွေရသလို ၊ ခေတ်ကာလ တစ်ခုအကြောင်းကို ပြန်လည်မြင်တွေ့နိုင်ပါတယ်နော်။

ကံထူးသူဖြစ်တဲ့အခါ အစိမ်းရောင်လမ်းကပေးတဲ့ လက်ဆောင်တွေပါရနိုင်တာမို့ ပျော်စရာလည်းဖြစ်နေပြန်ပါတယ်။

ဒီတစ်ပတ်မှာတော့ အပင်ထွက်ပစ္စည်းနဲ့ပတ်သတ်တဲ့ ဆိုရိုးစကားလေးကို ပဟေဠိလုပ်ထားပါတယ်နော် ။

ဆိုးရိုးစကားလေးကို ကြားဖူးတယ် သိတယ်ဆိုရင်တော့ ဆော့ဝဲထဲက အကြံပြုရန်မှာ လာဖြေလှည့်ပါ။

ဆော့ဝဲရယူရန် - dl.greenwaymyanmar.com

**ဦးကြီးတို့ အလုပ်နားချိန်လေးမှာ အပန်းဖြေရင်း ပျော်စရာကောင်းအောင် အစိမ်းရောင်လမ်းအဖွဲ့သားတွေက အပတ်စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ရှင့်။**


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်