FAW (Fall Armyworm) ငမြှောင်တောင်ပိုးအတွက် ရတက်မအေးဖြစ်နေသူများအတွက်...
လယ်ယာမြေအနည်းငယ်သာ ပိုင်ဆိုင်သော တောင်သူလယ်သမားများအတွက် ဓာတုဆေးလည်း မသုံးရဘဲ၊ အကုန်အကျနည်းသည့် လက်တွေ့ကျသော စိုက်နည်းစနစ်တစ်ခုကို တင်ပြလိုက်ပါသည်။
အဆိုပါစနစ်မှာ ပြောင်းသီးနှံအပါအဝင် ပင်မသီးနှံများကို စိုက်ပျိုးပါက ကျရောက်လာမည့် ငမြှောင်တောင်ပိုးတို့ကို ပင်မသီးနှံပေါ်မကျစေဘဲ ဘေးတွင်ရှိသော အကာပင်များဖြစ်သည့် နေပီယာမြက်ကဲ့သို့ အပင်ပေါ်သို့ ကျရောက်စေခြင်းဖြင့် ကာကွယ်သည့် နည်းစနစ်ပင် ဖြစ်ပါသည်။
ကနဦးအနေဖြင့် အောက်ဖေါ်ပြပါပုံအတိုင်း နေပီယာမြက်ကို လေကာပင်အဖြစ် ပြောင်းခင်း၏ ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးထားရပါမည်။ 
ထို့နောက် ပြောင်းနှင့်ရောနှောပြီး ပဲတီစိမ်း (သို့မဟုတ်) ပဲပုပ်ပင်များကိုပါ ရောနှောစိုက်ပျိုးထားရပါမည်။
အဘယ့်ကြောင့်ဆိုသော် ပဲပင်များသည် ငမြှောင်တောင်ပိုးများ မကြိုက်မနှစ်သက်သော အနံ့အသက်တို့ကို ထုတ်လွှတ်ပေးတတ်ပြီး ငမြှောင်တောင်ပိုးမျာ ပြောင်းခင်းထဲ၌မနေအောင် လုပ်ပေးသည့်အပြင် ပဲပင်တို့မှ နိုက်ထရိုဂျင်ဓာတ် ပြည့်ဝစွာဖမ်းယူပေးနိုင်သဖြင့် မြေဆီလွှာအတွက် ဇီဝမြေသြဇာကိုလည်း ဖြစ်စေနိုင်သည်။
နေပီယာမြက်ပင်တို့သည် ငမြှောင်တောင်အမများကြိုက်သော အနံ့ကို ထုတ်ပေးသည့်အတွက် ပြောင်းခင်းအတွင်း ဥချခြင်းမပြုတော့ဘဲ နေပီယာမြက်ပင်တို့အပေါ်တွင် ဥချမည်ဖြစ်သဖြင့် ပြောင်းထုတ်လုပ်မှုကို မထိခိုက်ပဲ ငမြှောင်တောင်အန္တရာယ်ကိုပါ ကာကွယ်ရာရောက်စေမည် ဖြစ်ပါတော့သည်။
ဦးထွန်းအောင် (ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more