စပါးကျိုင်းမဲ ကြိုတင်ကာကွယ်နှိမ်နင်းနည်းများ

12/07/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စပါးကျိုင်းမဲကျရောက်တတ်သော အခြေအနေများ

        ရေမရှိသော ရိုးပြတ်များအပေါ်တွင် မြေပြုပြင်ခြင်းမရှိဘဲ တိုက်ရိုတ်အစေ့ချ (အခြောက်) စိုက်ပျိုးသည့် အခြေအနေတွင် ကျရောက်လေ့ရှိပါသည်။

        မုန်လာဥနီ၊ မုန်လာဥဖြူ၊ ဗေဒါနှင့် ဆလပ်တို့တွင် အဓိကကျရောက်တတ်ပါသည်။

ဘ၀စက်၀န်းနှင့် ဖျက်ဆီးပုံလက္ခဏာ

       လောက်ကောင်သည် “C” ပုံသဏ္ဍာန်ရှိပြီး အကောင်ကြီးများသည် ညထွက်ကောင် (Noctuma) ဖြစ်ပါသဖြင့် အလင်းရောင်ထောင်ချောက်ဖြင့် ဆွဲဆောင်ဖမ်းယူနိုင်သည်။ အပင်ခြေ ပက်ကြားအက်များနှင့် မြေကြီးအတွင်း မြေဆွေးနှင့် အမှိုက်သရိုတ်အပုတ်များအတွင်း နေ့အချိန်တွင် ပုန်းအောင်းလေ့ရှိပြီး အပင်ခြေကို ကိုက်ဖြတ်စားသောက်တတ်ပါသည်။

 ဥ --(၈-၁၀ရက်)-- လောက်ကောင် --(၄၃ ရက်)-- အကောင်ကြီး

စပါးကျိုင်းမဲ၏ အရွယ်အစား

       အလျား( ၁၂.၇ – ၁၉.၁) မီလီမီတာ နှင့် အနံ (၇.၉ -၁၁.၁) မီလီမီတာ ခန့်ရှိပါသည်။ 

ဘက်စုံကာကွယ် နှိမ်နင်းရေးနည်းလမ်းများ

မီးထောက်ချောက်ထွန်းညှိခြင်း

        စက်ဘီး၊ဆိုင်ကယ် စသည့် တာယာဟောင်းများ၊ ရာဘာချေးများကို လောင်စာအဖြစ် အသုံးပြု၍လည်းကောင်း၊ ဘက်ထရီ မီးသုံးထောက်ချောက်များ အသုံးပြု၍လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။

၁။ မီးထောက်ချောက်များ အသုံးပြုရာတွင် တစ်ကွင်းတစ်စပ်တည်းရှိ လယ်မြေအားလုံးတွင် ရေမြောင်း၊ ရေအိုင်များအတွင်း တစ်ချိန်တည်းတပြိုင်တည်း ထွန်းညှိရန် အထူးလိုအပ်ပါသည်။

၂။ စိုက်ခင်းပတ်၀န်းကျင်ရှိ ပေါင်းမြက်များအားရှင်းလင်းပါ။

၃။ စိုက်ခင်းအတွင်းသို့ ရေသွင်းပေးပါ။

၄။ မျိုးစေ့များဆေးစီရင်ပါ။ 

၅။ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးအား ပက်ဖျန်းပါ။

အသုံးပြုသင့်သော ပိုးသတ်ဆေးများ 

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်