ငရုတ်ခင်းထဲက ဆိုးရွားတဲ့လှေးပိုးကို ဒီလိုကာကွယ်မယ်

09/08/2021 11:00 AM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    တောင်သူဦးကြီးများ၏ ငရုတ်ခင်းတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော လှေးပိုးသည် နှိမ်နှင်းရန်ခက်ခဲပြီး နှစ်စဉ် ငရုတ်အထွက်နှုန်းကို ဆိုးရွာစွာထိခိုက်စေတာကို တွေ့ရပါတယ်။ ငရုတ်တွင် ကျရောက်သော လှေးပိုးမျိုးစိတ်နှစ်မျိုးမှာ Scirtothrips dorsalis နှင့် Rhipiphorothrips cruentatus တို့ဖြစ်ပါတယ်။ Scirtothrips dorsalis အရွယ်ရောက်ကောင်သည် ကောက်ရိုးဝါရောင်ရှိပြီး အမသည် အရွက်နု၊ အဖူးနုများအတွင်း ပဲစေ့ပုံရှိသော အဖြူရောင်ဥများကိုဥပါတယ်။ သားပေါက်ရန်ကြာချိန်မှာ ၃-၈ ရက်ကြာပြီး အကောင်ပေါက်လာသော သားလောင်းများသည် သေးငယ်ပြီး အနီရောင်ခန္ဓာကိုယ်ရှိ၍ နောက်ပိုင်းတွင် အညိုရောင်ပြောင်းလာပါတယ်။ သားလောင်းများသည် ရုပ်ဖုံးဘဝသို့ရောက်သောအခါ အပင်ပေါ်မှပြုတ်ကျ၍ ၎င်းတို့၏ ဖွံဖြိုးမှုကို မြေကြီးထဲတွင် သို့မဟုတ် လက်ခံပင်အောက်ခြေရှိ အရွက်ဆွေးပုံများထဲတွင် ပြီးဆုံးပါသည်။ ရုပ်ဖုံး pupa ဘဝတွင် ၂-၅ ရက်ကြာပါတယ်။ Scirtothrips dorsalis သည် ငရုတ်အပါအဝင် သရက်၊ ရှောက်၊ စတော်ဘယ်ရီ၊ စပျစ်၊ ဝါ၊ လက်ဖက်၊ မြေပဲ၊ ဘလူးဘယ်ရီ၊ နှင်းဆီစသော လက်ခံပင်တော်တော်များတွင် ကျရောက်နိုင်ပါတယ်။ Rhipiphorothrips cruentatus အရွယ်ရောက်ကောင်မှာ သေးသွယ်ပြီး အညိုရင့်ရောင်ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိ၍ အဝါရောင်အတောင်များရှိပြီး 1.4mm ရှည်လျားပါတယ်။

ဖျက်ဆီးခံရသော လက္ခဏာများ

    သားလောင်းနှင့် အရွယ်ရောက်အကောင်းမျာသည် အရွက်နု၊ အဖူးများ၏ အောက်မျက်ပြင်တွင် နေထိုင်စားသောက်ကြပါတယ်။ အရွက်တစ်ရှူးများကိုထိုးဖောက်၍ အပင်ရည်များကို စုပ်ယူပါတယ်။ လှေးပိုးကျရောက်ခံရသော အရွက်မျာသည် ငွေရောင်အကွက်များဖြစ်ပေါ်လာပြီး အရွက်မျက်နှာပြင်ကျုံ့သွား၍ အရွက်များ အရောင်ပြောင်းလာပြီး လိပ်လာပါတယ်။ ဆိုးရွားစွာကျရောက်ပါက အရွက်များတွင် မူမမှန်သောပုံစံများတွေ့ရပြီး နောက်ပိုင်းတွင် အချိန်မတိုင်ခင် အရွက်ကြွေခြင်းများ ဖြစ်စေပါတယ်။ ပန်းပွင့်များတွင်ကျရောက်လျှင် ပွင့်ဖက်များခြောက်ပြီး ကြွေကျစေပါတယ်။ အဖူးများ ကြွပ်ဆတ်၍ ကြွေကျစေပါတယ်။ အပင်ငယ်စဥ်တွင် ကျရောက်ပါက ကြီးထွားမှုရပ်တန့်ခြင်း၊ ပန်းပွင့်ခြင်း၊ အသီးဖြစ်ပေါ်ခြင်းကို ထိခိုက်စေပါတယ် ။ငရုတ်သီးများတွင် ကျရောက်လျှင် အသီးမျက်နှာပြင်ပေါ်တွင် အနာဖေးများ၊ ငွေရောင်အနာကွက်လေးများမြင်ရ၍ စျေးကွက်တွင် စျေးကောင်းမရခြင်း၊ ဈေးကွက်မဝင်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးကျရောက်သော်လည်း ခြောက်သွေ့သောလများနှင့် နိုက်ထရိုဂျင်မြေဩဇာ(ပုလဲ)များစွာကျွေးထားသော ​စိုက်ခင်းများတွင် ကျရောက်မှုအမြင့်ဆုံးဖြစ်ပါတယ်။ လှေးပိုးတွေဟာ ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်လာတတ်ပြီး ကိုက်ခံရသော ဒဏ်ရာမှတစ်ဆင့် မှိုရောဂါများလည်း ဝင်ရောက်လာနိုင်ပါတယ်။

ကာကွယ်နှိမ်နှင်းနည်း

- ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

- လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန်  အဝါရောင်စေးကပ်ထောင်ချောက်များကို ပိုးကျသောအပင်များအနီးတွင် ချိတ်ဆွဲထားပါ။

- လှေးပိုးပွားများမှုကိုစစ်ဆေးရန် ငရုတ်ပျိုးပင်းများပေါ် ရေဖျန်းပေးပါ။

- လှေးပိုးသားလောင်းနှင့် အရွယ်ရောင်ကောင်များကို ငရုတ်ကိုင်းကို ရိုက်ခြင်း၊ အရွက်များ၊ အပွင့်များကို လှုပ်ပေးခြင်းဖြင့် ကင်းထောက်စစ်ဆေးပါ။

- ငရုတ်ခင်းနှင့် ကပ်ရပ်တွင် လှေးပိုးကိုခံနိုင်ရည်မဲ့သော အပင်များစိုက်ပျိုးခြင်းကို ရှောင်ရှားပါ။

- လှေးပိုးသားလောင်းများ အပေါ်ယံမြေကြီးသို့ ရောက်လာပြီး နေထိသေစေရန် ထယ်ထိုးထွန်မှောက်ပေးပါ။

- ဆိုးရွားစွာပိုးကျသောအပင်များ၊ အရွက်များကို ဖယ်ရှားပါ။

- ငရုတ်ခင်းကို ရေပုံမှန်သွင်းပေးပါ။ 

- ပူပြင်းခြောက်သွေ့သောရာသီတွင် လှေးပိုးပေါက်ဖွားမှု မြင့်မားသောကြောင့် ရေမကြာခဏ သွင်းပေးပါ။ နိုက်ထရိုဂျင်မြေဩဇာ များစွာကျွေးခြင်းက အပင်များလှေးပိုးကျရောက်မှုကို  ခံနိုင်ရည်ရှိပြီး ပိုမိုကျရောက်နိုင်သောကြောင့် နိုက်ထရိုဂျင်မြေဩဇာပိုလျှံစွာကျွေးခြင်းရှောင်ရှားပါ။

- စိုက်ခင်းအတွင်းနှင့် ပတ်လည်တွင်ရှိသော ပေါင်းများကို ရှင်းလင်းပါ။ လှေးများခိုအောင်းနေနိုင်ပါတယ်။

- ငရုတ်နှင့် ကြက်သွန်နီ ရောနှောစိုက်ပျိုးခြင်းရှောင်ရှားပါ။

- လှေးပိုးများ ပျံနှံ့ခြင်းကို ကာကွယ်ရန် လေကာပင်များစိုက်ပျိုးထားပါ။

- စိုက်ခင်းတွင် မိတ်ဆွေပိုးများကိုထိန်းသိမ်းရန် ပိုးသတ်ဆေးအလွန်အကျွံအသုံးပြုခြင်းရှောင်ရှားပါ။

ဓာတုနည်းဖြင့်ကာကွယ်နှိမ်နှင်းမည်ဆိုပါက

- အီမီဒါကလိုပရစ် 70% WS ၁၂ ဂရမ်ကို မျိုးစေ့ ၁ kg နှင့် လူးနယ်စိုက်ပျိုးပါ။

- အီမီဒါကလိုပရစ်၊ ဒိုင်မီသိုရိတ်၊ အီမာမက်တင်ဘန်ဇိုရိတ်၊ ဖစ်ပရိုနေး စသော အဆိပ်ပစ္စည်းတမျိုးမျိုးပါဝင်သော ဆေးများကို ဆေးထုပ်တွင်ပါဝင်သောအညွှန်းအတိုင်း တလှည့်စီ သုံးပေးပါ။ ပိုးသတ်ဆေးတစ်မျိုးတည်း အသုံးပြုခြင်းရှောင်ရှားပါ။

Reference

https://plantix.net/en/library/plant-diseases/600136/chilli-thrips

https://agritech.tnau.ac.in/crop_protection/chilli/chilli_1.html

http://ipm.ucanr.edu/PMG/PESTNOTES/pn7429.html


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်