စားသုံးဆီလုပ်ငန်းများတိုးတက်လာစေရန် လိုအပ်သည့်အခန်းကဏ္ဍများ ပံ့ပိုးကူညီပေးမည်

15/12/2020 21:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ထုတ်လုပ်မှုအားနည်းနေသည့် ပြည်တွင်းစားသုံးဆီလုပ်ငန်းများ တိုးတက်လာစေရန် လိုအပ်သည့်အခန်းကဏ္ဍများ၌ ပံ့ပိုးကူညီပေးမည်ဟု ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ(၁၂)ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။

    ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှု တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသည့် သက်ဆိုင်ရာအသင်းအဖွဲ့အသီးသီးကို နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အခန်းကဏ္ဍများ၌ ပါဝင်ပူးပေါင်းကူညီပေးသွားမည်ဟု ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ဆီထုတ်လုပ်မှုကဏ္ဍဟာ အားနည်းနေပါတယ်။ မြန်မာနိုင်ငံမှာတစ်ချိန်က ဆီဟာ မြန်မာနိုင်ငံရဲ့အဓိကစားကုန်ထဲမှာ ပါဝင်ပါတယ်။ အခြေခံစားကုန်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီအခြေခံစားကုန်ကို နိုင်ငံတွင်းမှာ ဖူလုံစွာထုတ်လုပ်နိုင်ဖို့အတွက် အသင်းကြီးအနေနဲ့ စတင်စိုက်ပျိုးထုတ်လုပ်တဲ့အချိန်ကနေ ရောင်းချသည်အထိ ကဏ္ဍနယ်ပယ်အသီးသီးမှာ တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဘက်ကနေလည်း လိုအပ်တဲ့အခန်းကဏ္ဍတွေကနေ ကူညီပေးဖို့ ရှိပါတယ်။

ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

    မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းဆီစားသုံးမှုပမာဏမှာ တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းခန့်ရှိပြီး ပြည်တွင်းဆီထုတ်လုပ်မှုပမာဏမှာ တန်ချိန်(၄)သိန်းခန့်သာရှိသည်။ 

    သို့ပါ၍ ပြည်တွင်း ဆီစားသုံးမှုဖူလုံစေရန် နှစ်စဉ် စားသုံးဆီတန်ချိန် (၆) သိန်းမှ (၇) သိန်းကြားကို မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းနေရခြင်း ဖြစ်သည်။

ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် တင်သွင်းနေတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ နိုင်ငံခြားငွေသုံးစွဲမှုပိုနေတာကို တွေ့ရပါတယ်။ ဒီလိုတင်သွင်းတာတွေကို လျော့ချနိုင်ဖို့အတွက် ပြည်တွင်း စားသုံးဆီထုတ်လုပ်တဲ့လုပ်ငန်းတွေ နိုင်ငံ့အကြီးအကဲတွေ လမ်းညွှန်သွားသလို Supply Chain (ထုတ်လုပ်မှုကွင်းဆက်) တစ်ခုလုံး စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူမှသည် စားသုံးကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေ အားလုံးအထိကို ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူက မျိုးကောင်းမျိုးသန့်တွေကို ဘယ်လိုမျိုးရွေးချယ်စိုက်ပျိုးမလဲ။ ဒိထက်အထွက်နှုန်းကောင်းအောင် ဘယ်လိုစိုက်ပျိုးမလဲ။ တောင်သူတွေဆီက ထွက်ရှိလာတဲ့သီးနှံတွေကို သန့်စင်အောင် ဘယ်လိုကြိတ်ခွဲမလဲ။ အဲ့ဒီကြိတ်ခွဲထားတာတွေကို စားသုံးသူတွေကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လိုထုတ်လုပ်မလဲ ဆိုတဲ့ Supply Chain တစ်ခုလုံးကို အောင်မြင်အောင် ကျွန်တော်တို့အသင်းအနေနဲ့ ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းက ပြောသည်။

    COVID-19 ဒုတိယလှိုင်း ကာလအတွင်း၌ စားသုံးဆီဈေးနှုန်းများ မတည်ငြိမ်မှု မဖြစ်ပေါ်စေရန် အရံဆီ တန်ချိန်(၁၂,၀၀၀)ကျော် ဝယ်ယူထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီးရှိ ဆီလှောင်ကန်များတွင် ဖြန့်ဖြူးပေးထားကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်