ကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းရာတွင် သတိပြုရမည့်သည့်အချက်များ

18/09/2023 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ငါးသားပေါက်စခန်းများမှ ငါးသားပေါက်များအားဝယ်ယူရာတွင် အများအားဖြင့် သယ်ယူပို့ဆောင်ရန် လိုအပ်သောထုတ်ပိုးမှုအား ငါးသားပေါက်စခန်းများမှ ပြုလုပ်ပေးလေ့ရှိပါသည်။ သို့ရာတွင် သားပေါက်များအား မွေးမြူမည့်နေရာအရောက် လာရောက်ပို့ဆောင်ပေးလေ့မရှိကြဘဲ သားပေါက်သယ်ယူပို့ဆောင်မှုအား ဝယ်ယူသူမှသာ ဆောင်ရွက်ရလေ့ရှိပါသည်။ ထို့ကြောင့်သားပေါက်များ သယ်ယူပို့ဆောင်ရာတွင် ငါးမွေးတောင်သူများ အောက်ပါအချက်များအား သတိပြုရန် လိုအပ်ပါသည်။

၁။ သားပေါက်များအား သယ်ယူရာတွင်

• သားပေါက်များအား သယ်ယူရာတွင် သားပေါက်ထည့်သွင်းမည့်  ကန်သို့ အမြန်ဆုံး ရောက်ရှိမည့် ခရီးစဥ်အား ရွေးချယ်ပါ။

သားပေါက်သယ်ယူမည့်လမ်းကြောင်းအား အချိန်အမြန်ဆုံး သွားလာနိုင်မည့် ကားလမ်းခရီးစဥ်အား ဦးစားပေးရွေးချယ်ပါ။ ရေလမ်းအား မဖြစ်မနေအခြေအနေမှသာ ထည့်သွင်းစဉ်းစားသင့်ပြီး မလွဲရှောင်နိုင်သောအချိန်တွင် အသုံးပြုရပါက ကားပေါ်မှသားပေါက်အိတ်များကို လှေထဲသို့ပို့ဆောင်၍ လုံလောက်သော လူအင်အားနှင့် အချိန်မီရောက်ရှိရန် ကောင်းမွန်စိတ်ချရသောရေယာဥ် စသည်တို့ကို အသေးစိတ် ကြိုတင်စီစဥ်ပါ။

• သားပေါက်သယ်ဆောင်မည့်အချိန်အား အပူချိန်ကျဆင်းသည့် ညအချိန်ကို ဦးစားပေးသင့်ပြီး ကန်အတွင်းသို့ သားပေါက်များ ရောက်ရှိမည့်အချိန်အား နံနက်ပိုင်းနေမထွက်မီအချိန်တွင် ရောက်ရှိရန် ချိန်ဆရမည်။ 

• သားပေါက်များ သယ်ယူစဥ် သားပေါက်အိတ်များအား အလင်းရောင် တိုက်ရိုက်မကျရောက်စေရန် ဂရုပြုပါ။ အပူချိန်ပြောင်းလဲမှု အနည်းဆုံးဖြစ်စေရန်အတွက် ဖြစ်နိုင်ပါက သားပေါက်အိတ်များအား ဖော့ပုံးများအတွင်း ထည့်သွင်းသယ်ဆောင်သွားသင့်ပါသည်။

• သားပေါက်သယ်ယူပို့ဆောင်သည့် ခရီးစဥ်အတွင်း မလိုလားအပ်သော အချိန်ကုန်ဆုံးမှု (ကား/စက်လှေ စက်ချို့ယွင်းခြင်း၊ ရပ်နားပြီး ကော်ဖီသောက်ခြင်း၊ ထမင်းစားခြင်းစသည်များ) မရှိသင့်ပါ။

၂။ ငါးသားပေါက်အရည်အသွေးအား စစ်ဆေးခြင်း

ငါးသားပေါက်စခန်းများမှ ငါးသားပေါက်များအား ဝယ်ယူရာတွင် ငါးမှုန်အဆင့် ငါးသားပေါက်များအား ဝယ်ယူခြင်းနှင့် ငါးသန်အဆင့်၊ ငါးသားပေါက်များ ဝယ်ယူခြင်းဟူ၍ ရှိပါသည်။ ငါးမှုန်အဆင့်အားဝယ်ယူပါက စျေးနှုန်းအားဖြင့် သက်သာသော်လည်း မိမိ၏မွေးမြူရေးစခန်းအတွင်း အထူးပြုပြင်ပြင်ဆင်ထားသော ငါးပြုစုကန်များရှိမှသာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ အသေးစား ငါးမွေးမြူသူများအနေဖြင့် ငါးသန်အဆင့် သားပေါက်များကိုသာ ဝယ်ယူသင့်ပါသည်။ ထိုသို့ ဝယ်ယူရာတွင် ငါးသားပေါက်များ၏ အရည်အသွေးကောင်းမွန်မှု ရှိ/မရှိအား စစ်ဆေးရန်လိုအပ်ပါသည်။

သို့မှသာ မွေးကန်အတွင်း ငါး၏ရှင်သန်နှုန်း ကောင်းမွန်မည် ဖြစ်ပါသည်။ သားပေါက်များအား စစ်ဆေးရန် နည်းလမ်းအမျိုးမျိုးရှိသော်လည်း အသေးစားငါးမွေးမြူသူများနှင့် လက်လှမ်းမီသော မျက်မြင်စစ်ဆေးနည်းကိုသာ ဖော်ပြပေးမည်ဖြစ်ပါသည်။

(က) ကျန်းမာသန်စွမ်းသော ငါးသန်သားပေါက်၏ လက္ခဏာရပ်များ

o ကျန်းမာသန်စွမ်းသော ငါးသန်သားပေါက်၏အရောင်အသွေးသည် တောက်ပြောင်လင်းလက် နေသည်။ ကိုယ်ခန္ဓာတွင် အချွဲအကျိများ ကပ်နေပါသည်။

o ခန္ဓာကိုယ်၏ အနေအထားသည် ပုံမှန်အတိုင်း ဖြစ်နေပါသည်။ ကိုယ်ခန္ဓာပေါ်တွင်လည်းကောင်း ၊ ပါးဟက်များတွင်လည်းကောင်း အနက်အစက်အပြောက်များ မရှိပါ။

o အမြီးမှ ကိုင်မြှောက်ထားလျှင် ဦးခေါင်းပိုင်းသည် သွက်လက်စွာ ခါယမ်းနေသည်။

o ငါးသားပေါက်များ ထည့်ထားသောပုံးကို ရိုက်ပုတ်လိုက်ပါက ငါးများခုန်ကူးကြပါသည်။ ငါးသားပေါက်များထည့်ထားသော ပုံးအတွင်းရှိ ရေအားမွှေ၍ ရေအားလှည့်ပေးပါက ငါးများသည် ရေဆန်ကူးခတ်နေပြီး ထောင့်ကပ်နားနေခြင်း မရှိပါ။

(ခ) ကျန်းမာသန်စွမ်းမှုမရှိသော ငါးသန်များ၏ လက္ခဏာရပ်များ

o ကျန်းမာသန်စွမ်းမှုမရှိသော ငါးသန်များ၏ ကိုယ်နှင့် ပါးဟက် တွင် အနီရောင်(သို့မဟုတ်)အမဲရောင် အစက်အပြောက်များ ရှိနေသည်။ အရောင်အသွေးသည် တောက်ပြောင်မှု မရှိခြင်းနှင့် အကြေးခွံများ ကြမ်းတမ်းနေသည်။

o ငါးသန်များသည် နှေးကွေးစွာကူးခတ်သည်။ အမြီးကို ကိုင်မြှောက်ထားသော်လည်း သွက်လက်စွာ ခါယမ်းမှု မရှိပါ။

o ငါးသားပေါက်များ ထည့်ထားသောပုံးအား ရိုက်ပုတ်လိုက်သော်လည်း ငါးများမှာ သွက်လက်စွာ တုံ့ပြန်ခုန်ကူးခြင်း မရှိပါ။ ငါးသားပေါက်များ ထည့်ထားသော ပုံးအတွင်းရှိ ရေအားမွှေ၍ ရေအားလှည့်ပေးပါက ရေစီးနှင့်အတူ  မျှောပါကူးခတ်ပြီး ရေဆန် ကူးခတ်နိုင်ခြင်း မရှိပါ။

(ကျန်ရှိသောအကြောင်းအရာများကို အပိုင်း-၂ တွင် ဆက်လက် ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်