သီးနှံစိုက်ခင်းများအတွက် လုံလောက်တဲ့ ရေ ရရှိဖို့ မိုးရေစုဆောင်းကြပါစို့

13/08/2024 10:55 AM တွင် ဒေါက်တာစန်းလှထွေး ဒေါက်တာစန်းလှထွေး မှ ရေးသား

မိုးရေစုဆောင်းခြင်းဆိုတာ ရွာချလိုက်တဲ့ မိုးရေများကိုလည်းကောင်း၊ အနီးပတ်ဝန်းကျင်မှ စီးဆင်းလာတဲ့ မိုးရေများကိုလည်းကောင်း၊ မြေပြင်ပေါ်သို့ စီးဆင်းပြီး ဆုံးရှုံးမှုမဖြစ်စေရန်နှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ ပါဝင်မှု မရစေရန် စနစ်တကျ ဖမ်းယူထိန်းသိမ်း စုဆောင်းသိုလှောင်ခြင်းကို ဆိုလိုပါတယ်။

မိုးရေကို စုဆောင်းသိုလှောင်ရန် ဘာကြောင့် လိုအပ်ပါသလဲ?

ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ဒေသနှင့်  ရာသီအလိုက် မိုးရွာသွန်းမှု မညီညာခြင်း ၊  သီးနှံပင် လိုအပ်ချိန်တွင် မိုးရေကို မရရှိနိုင်ခြင်း၊  သီးနှံသက်တမ်းတလျှောက်တွင် မိုးပြတ်လပ်သည့် ခြောက်သွေ့သော ကာလများ ကြုံတွေ့ရခြင်း၊ ရွာချသော မိုးရေအများစုသည် မြေအောက်တွင် အလွယ်တကူ စိမ့်ဝင်ခြင်းနှင့် မြေပေါ်တွင် အလွယ် တကူ စီးဆင်းသွားခြင်း၊ သောက်ရေ သုံးရေများ လုံလောက်မှု မရှိခြင်း၊ မိုးရေများ အလွယ်တကူစီးဆင်းသွားခြင်းကြောင့် မြေဆီလွှာတိုက်စားခြင်းနှင့် မြေဆီ အာဟာရဓာတ် ဆုံးရှုံးခြင်းနှင့် မိုးရေများကို အလွယ်တကူ စီးဆင်းဆုံးရှုံးမှု မဖြစ်စေရန်အတွက် မိုးရေများကို စုဆောင်း သိုလှောင်ပြီး  သီးနှံများ ရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးနိုင်ရန်အတွက် မိုးရာသီမှာ မိုးရေကို အလေအလွင့် မဖြစ်စေဖို့တတ်နိုင်သလောက် စုဆောင်းဖို့ လိုအပ်ပါတယ်။

မိုးရေကို စုဆောင်းသိုလှောင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကတော့ 

ဝင်ငွေနည်းတဲ့ မိသားစုအတွက် မိုးရေ စုဆောင်းရန် အဆင်ပြေပါတယ်။

သောက်ရေသုံး​ရေအတွက် အရည်အသွေး ကောင်းပြီး မိသားစု သုံးစွဲရန် လုံလောက်သော ရေပမာဏ ရရှိနိုင်ပါတယ်။

ရေ စုဆောင်းရန် အဝေးသို့ သွားရောက်သယ်ယူခြင်းအတွက် အချိန်ကုန် သက်သာပါတယ်။

စိုက်ခင်းရေလိုအပ်ချိန်တွင် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

မိုးရေကို ဘယ်လို စုဆောင်းနိုင်မလဲ?

(၁) ခေါင်မိုးမှ မိုးရေကို တိုက်ရိုက် စုဆောင်းခြင်း 

အဆောက်အဦးများရဲ့ ခေါင်မိုးဟာ မိုးရေ စုဆောင်းရန် အတွက် အကောင်းဆုံး ဖမ်းထိန်း နိုင်သော အရာ ဖြစ်ပါတယ်။ ပထမမိုးဖြင့် ခေါင်မိုးကို ဆေးပြီးနောက် နောက်ပိုင်းမိုးများကို စုဆောင်းနိုင်ပါတယ်။ မိုးရေစုဆောင်းခြင်း စနစ်တွင်  မိုးရေကို ဖမ်းထိန်းခြင်း- သယ်ဆောင်ခြင်း - အမှိုက်များ မပါအောင် စစ်ခြင်း - သိုလှောင်ခြင်း - သုံးစွဲခြင်း စသည့် အဆင့်ဆင့် ပါဝင်တယ်။ 

ခေါင်မိုးမှ မိုးရေကို စုဆောင်းရာတွင် အဓိကအပိုင်း (၃)ပိုင်း ပါဝင်ပါတယ်။ 

(၁)  ရေစုဆောင်းနိုင်သော ခေါင်မိုးဧရိယာ၊ 

(၂) ခေါင်မိုးမှ ရေများကို စုဆောင်းကန်သို့ သွယ်တန်းထားသော ရေသလျှောက်   

(၃) ရေသိုလှောင်ကန် 

မိုးရေစုရန်အတွက်  မိုးရေ အရည် အသွေး ကို မထိခိုက် စေရန်၊ ဓာတုဓာတ် အာနိသင် မရှိတဲ့ပစ္စည်းများဖြစ်တဲ့ ပလတ်စတစ်၊ အလူမီနီယံနှင့် သွပ် စသည်တို့ကို အသုံးပြုသင့်ပါတယ်။ နောက်သတိပြုရမဲ့အချက်ကတော့ ရေသိုလှောင်ကန်များကို စနစ်တကျအဖုံး ဖုံးထားသင့်ပါတယ်။

(၂)စိုက်ခင်းအတွင်းမိုးရေခံမြောင်းတူးခြင်းနှင့်  ဘောင်များပြုလုပ်ခြင်း 

ရိုးရှင်းပြီး မိုးရေကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ စိုက်ခင်းမြေရဲ့  လျှောစောက်ပေါ်မူတည်ပြီး  ပြုလုပ်နိုင်ပါတယ်။  စိုက်ခင်းအတွင်း (သို့မဟုတ်)  စိုက်ခင်း ဘေးပတ်လည်တွင် အကျယ် (၁.၅)ပေ၊ အနက်(၃) ပေရှိသော မိုးရေခံမြောင်းကို  ရေစီးကြောင်းလားရာနှင့် ထောင့်မှန်ကျအနေအထားတွင် တူးဖော်ခြင်းဖြစ်ပါတယ်။ ဒီလို တူးထားခြင်းဖြင့် စိုက်ခင်းအတွင်း အစိုဓာတ်ပိုမို ထိန်းထားနိုင်ခြင်းနှင့် သီးနှံအထွက်နှုန်း ပိုမိုထွက်ရှိခြင်း၊ မြေဆီလွှာ တိုက်စားခြင်းမှ ကာကွယ်နိုင်ခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ 

(၃) စိုက်ခင်းအနီး ရေစုဆောင်းကန် တည်ဆောက်ခြင်း

ရေစုဆောင်းကန်များ တည်ဆောက်ရာတွင် အောက်ပါ အချက်များကို ထည့်သွင်း စဉ်းစား သင့်ပါတယ်။

  • မြေနေရာရွေးချယ်ခြင်း 
  • စုဆောင်းနိုင်မည့် ရေပမာဏ တွက်ချက်ခြင်း 
  • ရေစုဆောင်းကန် တည်ဆောက်ခြင်း 

မြေနေရာ ရွေးချယ်တဲ့အခါ ရေဝင်ဧရိယာသည် စားကျက်မြေဧရိယာများ၊ လမ်းဧရိယာများနှင့် သစ်တောမြေ ဧရိယာများသာ ဖြစ်သင့်ပါတယ်။ သီးနှံသက်တမ်းတလျှောက် လုံလောက်သော ဖြည့်စွက်ရေပေးနိုင်ရန် လိုအပ်သောရေပမာဏကို စုဆောင်း ပေးနိုင်သည့် အကျယ်အဝန်း ဖြစ်ရပါမယ်။ ရေကန်ငယ်မှရေကို လွယ်ကူစွာအသုံးပြုနိုင်ရန် သီးနှံစိုက်ခင်းအနီး ပတ်ဝန်းကျင်တွင် ရှိနေရမည် ဖြစ်ပါတယ်။ ရေဝင်ဧရိယာ၏အကျယ်နှင့် သီးနှံစိုက်ခင်း၏ရေလိုအပ်ချက်ပေါ်မူတည်ပြီး ရေကန်ငယ် ၏  အရွယ်အစားကို စဉ်းစားရမည် ဖြစ်ပါ တယ်။ 

သီးနှံအထွက်တိုးစေရန်အတွက် သီးနှံ သက်တမ်းတလျှောက် ဖြည့်စွက်ရေပေးနိုင်ရန် ပြင်ပမှ စီးဆင်းလာသော မိုးရေများကို စုဆောင်း သိုလှောင်ရန် အတွက် စိုက်ခင်းအနီး ရေကန်ငယ်များကို တည်ဆောက်ရန် အရေးကြီးပါတယ်။ မိုးရေ စုဆောင်းသော ရေကန် တည်ဆောက်ရာမှာ  မြေစေးရှိသော နေရာတွင် တည်ဆောက်သင့်ပါတယ်။

စိုက်ပျိုးဧရိယာအတွက် လုံလောက်သော မိုးရေပမာဏ ကို စုဆောင်းနိုင်ရန် အတွက် ရေဝင်ဧရိယာကို စိုက်ပျိုးဧရိယာ၏ (၃) ဆ ခန့် ကျယ်သော ဧရိယာ ကို အသုံးပြု ရွေးချယ်သင့်ပါတယ်။

ခုရာသီဟာ မိုးရာသီကာလဖြစ်တဲ့အတွက်ကြောင့် ရွာသွန်းတဲ့ မိုးရေများ အလေအလွင့် မဖြစ်ဘဲ လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်ရန်အတွက် မိုးရေစုဆောင်းခြင်းကို စနစ်တကျ  စုဆောင်း အသုံးပြုနိုင်ရန် ရေးသားလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်