ဖန်လုံအိမ်ဓာတ်ငွေ့(ကာဗွန်)ကို လျှော့ချပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များ

21/12/2023 11:00 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ယခုဆောင်းပါးတွင် စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချသည့် နည်းလမ်းများအနက် မြေကြီးထဲတွင် ကာဗွန်ကို ပို၍ စုပ်ယူထားခြင်းအကြောင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးပါမည်။ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသော နည်းစနစ်များ၊ သစ်တောများပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာနည်းစနစ်များသည် မြေကြီးထဲတွင် ကာဗွန်လျော့နည်းစေသောအကြောင်း များဖြစ်သည်။ သို့သော်လည်း သီးနှံစိုက်ပျိုးသည့် ပုံစံကို ကောင်းကောင်းနည်းလည်ထားပြီး ကာဗွန် သိုလှောင်နိုင်သော စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးခြင်းအားဖြင့် မြေကြီးထဲမှ ကာဗွန်ပမာဏ တိုးလာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။

စိုက်ပျိုးမြေများသည် လေထုထဲမှ ကာဗွန်ကို သိုလှောင်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ သုတေသနပြု ရှာဖွေဖော်ထုတ်ချက်များအရ ခေတ်မီတိုးတက်ပြောင်းလဲလာသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများသည် မြေကြီးထဲတွင် ကာဗွန်သိုလှောင်မှုပမာဏကို တိုးမြင့်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။

လယ်ယာစီမံစိုက်ပျိုးနည်းစနစ်များဖြစ်သော

  • အနည်းဆုံးထွန်ယက်စိုက်ပျိုးသည့် နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊
  • မြေဖုံးသီးနှံ စိုက်ပျိုးခြင်း၊ မြေသြဇာ သမမျှတအောင်ကျွေးခြင်း၊
  • သဘာဝမြေသြဇာထည့်သွင်းအသုံးပြုခြင်း၊
  • ပင်ကြွင်းပင်ကျန်များကို ထယ်ထိုးထွန်မှောက်ခြင်း၊
  • သီးလှည့်စိုက်ပျိုးခြင်း၊
  • မြေတွင်း အဏုဇီဝပွားများလာအောင် ဆောင်ရွက်ပေးခြင်းတို့သည် မြေကြီးမှ ကာဗွန်ကို ရေရှည်ထိန်းသိမ်းပေးနိုင်သော နည်းလမ်းများ ဖြစ်သည်။ 

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ် (conservation agriculture - CA) သည်လည်း မြေကြီးအတွင်း ကာဗွန်ကို သိုလှောင်ထိန်းသိမ်းရန်အတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ ၎င်းနည်းစနစ်တွင် မြေကြီးကို အနည်းဆုံးထွန်ယက်စိုက်ပျိုးခြင်း (Least possible disturbance of soil)၊ မြေဖုံးသီးနှံစိုက်ပျိုးခြင်း (Permanent soil cover) နှင့် သီးနှံမျိုးစုံပါဝင်သော သီးလှည့်စိုက်ပျိုးခြင်း (Diversified crop rotation) တို့ ပါဝင်သည်။

တစ်နည်းအားဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) သည် ရာသီဥတုပြောင်းလဲမှုကို တုန့်ပြန်ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ် (climate resilient agriculture) တစ်ခုလည်း ဖြစ်ပါသည်။ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် များစွာသော အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ ၎င်းတို့တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းခြင်း၊ သဘာဝလောင်စာဆီအသုံးပြုမှုကို လျှော့ချခြင်း၊ မြေတိုက်စားမှု လျော့နည်းခြင်း၊ မြေသားတည်ဆောက်ပုံ တိုးတက်ကောင်းမွန်ခြင်း၊ ရေထိန်းသိမ်းနိုင်စွမ်းအားကောင်းမွန်ခြင်း၊ အထွက်နှုန်းမတည်ငြိမ်မှု လျော့နည်းခြင်း၊ လေထုထဲမှ ကာဗွန်ကို ဖမ်းယူထိန်းသိမ်းပြီး မြေကြီးအတွင်း ကာဗွန်ပမာဏတိုးပွားအောင်လုပ်ဆောင်နိုင်ခြင်း စသည်အချက်များ ပါဝင်ပါသည်။ သုတေသနအစီအရင်ခံစာများမှာလည်း မြေကြီးကို မြေဆီသြဇာထက်သန်အောင် တိုးတက် ကောင်းမွန်သောနည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးခြင်းသည် မြေကြီးအတွင်း ကာဗွန်ပမာဏကို တိုးမြင့်စေပါသည်။ သင့်တင့်မျှတဆီလျော်သော မြေသြဇာကျွေးခြင်းသည်လည်း မြေကြီးအတွင်း အော်ဂဲနစ်ကာဗွန်ပမာဏ (soil organic carbon) ကို တိုးပွားစေပါသည်။

ထို့အပြင် မြေဖုံးသီးနှံအနေဖြင့် ပဲသီးနှံနှင့် မြက်မျိုးရင်းဝင်အပင်များကို သီးလှည့် စနစ်တွင် ထည့်သွင်းစိုက်ပျိုးပေးခြင်းအားဖြင့် မြေကြီး၏ အော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေပြီး မြေဆီသြဇာထက်သန်စေပါသည်။

သဘာဝအရင်းအမြစ်ထိန်းသိမ်းသော နည်းစနစ်များဖြစ်သည့် အနည်းဆုံး (သို့မဟုတ်) မထွန်မယက်စိုက်ပျိုးနည်းစနစ်၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ်၊ ရှေ့က ရိတ်သိမ်းပြီး ကျန်ရှိ‌သောသီးနှံပင်ကြွင်းပင်ကျန်များဖြင့် မြေဖုံးအုပ်ပေးခြင်း (သို့မဟုတ်) အစဉ်အမြဲမြေဖုံးသီးနှံစိုက်ပျိုးပေးခြင်းနှင့် သီးလှည့်စိုက်ပျိုးနည်းစနစ်တို့သည် မြေတွင်းအာဟာရဓာတ်နှင့် အစိုဓာတ်ကဲ့သို့သော သဘာဝအရင်းအမြစ်များ၏ ထိထိရောက်ရောက်အသုံးချနိုင်မှုကို တိုးမြင့်စေပါသည်။ ၎င်းအပြင် မြေတွင်းအော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေပြီး စိုက်ပျိုးမြေမှ ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။

မထွန်မယက်စိုက်ပျိုးခြင်း၊ သီးနှံပင်ကြွင်း ပင်ကျန်များကို မြေကြီးအတွင်း ပြန်ထည့်ခြင်းနှင့် ပဲမျိုးရင်းဝင်အပင်များကို စိုက်ပျိုးပေးခြင်းတို့သည် သီးနှံစိုက်ပျိုးသော မြေများအတွက် ကာဗွန်သိုလှောင်ထိန်းသိမ်းပေးနိုင်သော နည်းစနစ်ကောင်းများ ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်