မှိုထွက်နှုန်းများလာသည့်အတွက် မှိုဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

06/12/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    မှိုထွက်နှုန်းများလာသည့်အတွက် စိုက်ပျိုးရေးမှိုဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

ဈေးကွက်ထဲမှာ မှိုတွေသောက်သောက်လဲပေါနေတော့ ဈေးကျတယ်။ ရာသီက မှိုထွက်တဲ့ရာသီလေ။ စိုက်တဲ့လူလည်း စိုက်တော့စိုက်နေကြပေမယ့် စျေးနှိမ်ခံရတာနဲ့ မှိုညံ့လို့ဆိုပြီး အပယ်ခံရတာတွေကြားနေရတယ်။

ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာမှ မှိုစီးပွားဖြစ်စိုက်ပျိုးသူ ကိုဇော်မျိုးအောင်က ပြောသည်။

    မှိုဈေးအနှိမ်ခံရခြင်းမှ ကင်းဝေးစေရန် စတင်စိုက်ပျိုးချိန်တွင် မိမိတို့ဒေသအလိုက် ဈေးကွက်ဝယ်လိုအား၊ ရာသီဥတုအခြေအနေနှင့် မိမိခြံတွင်ထွက်ရှိမည့် မှိုထွက်နှုန်းတို့ကို လေ့လာပြီး ချိန်ဆစိုက်ပျိုးသင့်ကြောင်း သိရသည်။

အမှန်တော့ ဝယ်လိုအားကပုံမှန်လိုဖြစ်နေပြီး ထုတ်ကုန်များလာတဲ့အခါ ရောင်းလိုအားကများသွားတာ ထုံးစံပါပဲ။ ကျွန်တော်တို့ကျတော့ နွေရာသီမှိုရှားချိန် သူများတွေ တစ်ပိဿာ ၃,၅၀၀ ကျပ်ရနေလည်း ပုံမှန်ဈေးနှုန်းအတိုင်း ၂,၂၀၀ ကျပ်ပဲ ရတယ်။ အခုလို ထွက်နှုန်းနည်းချိန် ဈေးကျနေလည်း ပုံမှန်ဈေးပဲရတယ်။ မှိုရောင်းတဲ့ဒိုင်ကို ပုံမှန်ပို့တဲ့အတွက် ဖောက်သည်ဖြစ်နေတာကြောင့်ရယ်၊ မှိုအရည်အသွေးကို သေချာစနစ်တကျ ထိန်းသိမ်းစိုက်ပျိုးထားနိုင်တာကြောင့်ရယ် ဈေးနှိမ်မခံရတာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ဈေးကွက်တွင်း ကောက်ရိုးမှိုတစ်ပိဿာလျှင် (၅,၅၀၀) ကျပ်ဝန်းကျင်၊ ငွေနှင်းမှိုတစ်ပိဿာလျှင် (၂,၀၀၀) ကျပ်ဝန်းကျင် ပျမ်းမျှဈေးနှုန်းများဖြင့် ရောင်းဝယ်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်