ငါးသယံဇာတများကိုထိခိုက်စေနိုင်သော မွေးမြူခွင့်မပြုထားသည့်ငါးမျိုးများ

23/01/2021 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    နိုင်ငံရဲ့ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သောငါးမျိုးများ မွေးမြူမှုကို တားမြစ်ထားသည့် ငါးမျိုးများကို သိရှိစေနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

အာဖရိကငါးခူ

သိပ္ပံအမည်  - Clarias gariepinus

အင်္ဂလိပ်အမည် - African catfish

မြန်မာအမည်  - အာဖရိကငါးခူ

တွေ့ရှိရာဒေသ - တောင်အာဖရိကတိုက် အရင်းအမြစ်

    ငါးလုပ်ငန်းဦးစီးဌာနမှ အသားစားကျူးသည့် အာဖရိကငါးခူ (Clarias gariepinus) သည် သဘာဝသယံဇာတများကို ပျက်စီးစေကြောင်း၊ ဒေသခံငါးမျိုးများပြုန်းတီးစေကြောင်း တွေ့ရှိရသဖြင့် လက်ရှိ သားဖောက်ထုတ်လုပ်နေသည့် အာဖရိကငါးခူများကို ဆက်လက်သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း စသည်တို့ကို မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ ငါးအရှင်များ၊ ရေတွင်ပေါက်ပွားသည့် အပင်များနှင့် မျိုးစေ့များကို တင်သွင်း၊ တင်ပို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြိူတင်ခွင့်ပြုချက်ရရှိရန် လိုအပ်ခြင်းမှာ နိုင်ငံအတွင်းရှိ ရေနေသတ္တဝါများ၊ ဒေသရင်းငါးမျိုးများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေဂေဟစနစ်များအပေါ် လွှမ်းမိုးခြင်း၊ ပြုန်းတီးစေခြင်း စသည်များကို ကာကွယ်ရန်လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

ပြည်ပငါးရံ့

သိပ္ပံအမည်  - Channa micropeltes

အင်္ဂလိပ်အမည် - Toman Giant Snakehead

မြန်မာအမည်  - ပြည်ပငါးရံ့

တွေ့ရှိရာဒေသ - အရှေ့တောင်အာရှနိုင်ငံများ၊ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်အနောက်ပိုင်း 

    မျိုးရင်း Channidae တွင် အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး အရှည် ၁.၅ မီတာ (၄.၉ ပေ) နှင့် အလေးချိန် ၂၀ ကီလိုဂရမ်ရှိပါသည်။ ပြည်ပငါးရံ့သည် အသားစားကျူးခြင်းကြောင့် သဘာဝမြစ်ချောင်း၊ ကန်များတွင် မွေးမြူထားသော ငါးများကို စားသုံးနိုင်ခြင်း၊ ရှင်သန်ရာ ဘဝစက်ဝန်းအဆင့်ဆင့်တွင် အခြားသောငါးများထက် ပို၍စားသုံးနိုင်ခြင်းတို့သည် ငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်စေနိုင်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှတစ်ပါး မည်သူမျှ ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေပြီး ဒေသခံ တိုင်ရင်းငါးမျိုးများကို ပြန်းတီးစေသည့် ပြည်ပငါးရံ့မျိုးများအား ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့)

သိပ္ပံအမည်  - Cichla ocellaris

အင်္ဂလိပ်အမည် - Peacock bass

မြန်မာအမည်  - ပီးကော့

တွေ့ရှိရာဒေသ - တောင်အမေရိက

    ပီးကော့ငါး၏အရှည်မှာ ၇၄ စင်တီမီတာ (၂၉ လက်မ) အထိရှိပြီး အခြားသော Cichla မျိုးကွဲများနှင့် မျိုးစက်နိုင်ပါသည်။ အသားစားငါးမျိုးဖြစ်ပြီး ကြီးမားသောပါးစပ်ဖြင့် အစာကို လျင်မြန်စွာစားသုံးနိုင်ခြင်း၊ အခြားသော ငါး/ ပုစွန်ငယ်များအား အလွယ်တကူစားသုံးနိုင်ခြင်း၊ ၎င်းငါးမျိုးစိတ်များသည် မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ အစာစားပုံ အလေ့အထကြောင့်သော်လည်းကောင်း အချိန်တိုအတွင်း အလျင်အမြန်ကြီးထွားနိုင်သည်ဖြစ်၍ ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေးပြီး ဒေသခံတိုင်ရင်းငါးမျိုးများကို ပြန်းတီးစေသည့်အတွက်  ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

စုပ်ခွက်ငါး

သိပ္ပံအမည်  - Hypostomus plecostomus

အင်္ဂလိပ်အမည် - Suckermouth catfish

မြန်မာအမည်  - စုပ်ခွက်ငါး (သို့) လေယာဉ်ပျံငါး

တွေ့ရှိရာဒေသ - တောင်အမေရိက

    အရှည်ဆုံးအလျား ၁၉ လက်မ (SL) နှင့် အလေးချိန် ၂၀ ကျပ်သားအထိ ကြီးထွားနိုင်ပါသည်။ အလှမွေးငါးအဖြစ်မွေးမြူရန်နှင့် အလှမွေးငါးကန်များတွင် ရေညှိရေမှော်များရှင်းလင်းရန်အတွက် ပြည်ပမှတင်သွင်းလားသည့် စုပ်ခွက်ငါးများသည် ယခုအခါ မြန်မာနိုင်ငံ၏ မြစ်ချောင်းများတွင် ပျံ့နှံ့ရုံသာမက ငါးမွေးမြူရေးကန်များအတွင်း ဝင်ရောက်မှုကြောင့် လုပ်ငန်းရှင်များအရှုံးပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းများ၊ ဒေသတွင်းတိုင်းရင်းငါးမျိုးစိတ်များ၏ မျိုးပြန့်ပွားမှုများအား အဟန့်အတားများဖြစ်စေကြောင်း တွေ့ရှိရသဖြင့် အလှမွေးငါးများအားမွေးမြူရာတွင် ပြင်ပသို့လွှတ်ထွက်စေခြင်း မရှိစေရေးနှင့် စုပ်ခွက်ငါးများအား သဘာရေပြင်တွင်တွေ့ရှိပါက ရေသတ္တဝ်အစာအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုကြရန် သင့်လျော်သောနည်းလမ်းဖြင့် ဖယ်ရှားဖျက်ဆီးကြပါရန် ပညာပေးနှိုးဆော်စာများ ထုတ်ပြန်ထားရှိပြီး သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

Nyi Htun ၏ ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်