မြန်မာနိုင်ငံသို့ ကန္တာရနှံကောင် (ကန္တာရကျိုင်းကောင်) ဝင်ရောက်နိုင်ခြေရှိမရှိ

23/07/2020 16:22 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ကန္တာရနှံကောင်သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (Desert Locust Information Service, DLIS) သည် ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကန္တာရနှံကောင် ကျရောက် ဖျက်ဆီးမှုအခြေအနေများကို ၁၉၉၀ ခုနှစ်များကတည်းကပင် ကျရောက်ဖျက်ဆီးခံရသော နိုင်ငံများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးမဟုတ်သောအဖွဲ့အစည်းများကို လစဉ် စာစောင်များထုတ်ဝေကာ အသိပေးထုတ်ပြန်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် www.fao.org/ag/locusts တွင်လည်း ကန္တာရနှံကောင် လက်ရှိရောက်ရှိနေသော နေရာများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး ရှေ့လာမည့် သီတင်းပတ် (၂) ပတ်အတွင်း ရောက်ရှိလာဖွယ်ရှိသည့် နေရာများကိုလည်း ခန့်မှန်းပေးပါသည်။ အဆိုပါအဖွဲ့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များပါဝင်ပြီး ခေတ်မီထောက်လှမ်းရေးကိရိယာများ (ဥပမာ စစ်တပ်သုံး ပုံရိပ်ဖမ်းဂြိုလ်တု၊ မိုးလေဝသဂြိုလ်တု) နှင့်အတူ မြေပြင်သတင်းအချက်အလက်များကို ပေါင်းစပ်စုစည်းကာ ယုံကြည်အားကိုးရလောက်သော သတင်းအချက်အလက်များကို ယနေ့အချိန်အထိ အသိပေးထုတ်ပြန်ပေးလျက်ရှိပါသည်။ 

    မြန်မာနိုင်ငံသို့ ကန္တာရနှံကောင်ဝင်ရောက်နိုင်ခြေရှိမရှိကို ကနဦးသုံးသပ်ရာတွင် မိမိနိုင်ငံနှင့် အနီးကပ်ဆုံးတည်ရှိသော နိုင်ငံများ၏ ကန္တာရနှံကောင်တည်ရှိမှု အခြေအနေကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့က ထုတ်ပြန်သော www.fao.org/ag/locusts ထုတ်ပြန်ချက်အရ ပါကစ္စတန်နိုင်ငံ၊ ပြည်နယ်အချို့တွင် လာမည့်သီတင်းပတ်အတွင်း ကန္တာရနှံကောင်များ ဥမှအကောင်ပေါက်ကာ ပိုးမမည်အုပ်စုကြီးဖြစ်ပေါ်လာဖွယ်ရှိပြီး ကန္တာရနှံကောင်အရေအတွက် တိုးပွားလာဖွယ်ရှိပါသည်။ အိန္ဒိယနိုင်ငံ၊ များစွာသောဧရိယာများတွင် ဥအုနေသော ရာဂျက်စ်သန်ပြည်နယ်အနှံ့ အရွယ်ရောက်အုပ်စုများနှင့် ကန္တာရနှံကောင်အုပ်များ ကြီးထွားနေပါသည်။ ယခုအချိန် အထိ ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများ ဖြစ်ပေါ်ပြီးဖြစ်သော်လည်း နောက်ထပ် ဆက်လက်ဖြစ်မည့် ဥမှအကောင်ပေါက်ခြင်းကို လာမည့်သီတင်းပတ်များတွင် မျှော်လင့်ရပါသည်။ ဤဇူလိုင်လ၏ ရက်ကျန်များအတွင်း အရှေ့မြောက်ဆိုမာလီယာနိုင်ငံမှ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ်ဧရိယာသို့ ကန္တာရနှံကောင်အုပ် အရေအတွက်အနည်းငယ် ကျူးကျော်ဝင်ရောက်နိုင်သည်ဟူသော အန္တရာယ်အလားအလာလည်းရှိပါသည်။ 

    အဆိုပါကန္တာရနှံကောင်များကို အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံစလုံးက ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိခြင်း၊ ကန္တာရနှံကောင် သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (DLIS) ၏ ကြိုတင်ခန့်မှန်းထားချက်များအရ ယခု ဇူလိုင်လအတွင်း ကန္တာရနှံကောင်ကျရောက်နိုင်ဖွယ်ရှိသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံမပါဝင်ခြင်း၊ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များအရ ကန္တာရနှံကောင်များသည် မော်ရေးရှပ်စ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင်သာ ရှင်သန်ပေါက်ပွားလေ့ရှိခြင်း၊ ကန္တာရနှံကောင်များသည် သဲကန္တာရရှိသော နေရာများတွင်သာ ဥအုလေ့ရှိခြင်း၊ ဆိုင်ကလုံးကဲ့သို့ မုန်တိုင်းဖြင့်သာ လေတိုက်ရာလမ်းကြောင်းအတိုင်း အုပ်စုလိုက် ပျံသန်းလေ့ရှိခြင်း၊ ကန္တာရနှံကောင်များသည် ၄င်းတည်ရှိရာနေရာမှ အရှေ့မြောက်ဖက်သို့ ဦးတည်ပျံသန်းလေ့ရှိခြင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝ အအရံအတားများဖြစ်သော တောင်တန်းများနှင့် သစ်တောကြီးများရှိခြင်းတို့ကြောင့် ကန္တာရနှံကောင် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေနည်းပါးပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်