နံနက်စောစော ပန်းပွင့်သော လက္ခဏာပါသည့် စပါးမျိုး (IR64- EMF)

16/01/2018 09:58 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပူဒဏ်ရှောင်နိုင်သော စပါး (နံနက်စောစော ပန်းပွင့်သော လက္ခဏာပါသည့် စပါး) ၊ (IR64-EMF)

စပါးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်၏ အရေးကြီးသော အဓိက သီးနှံတစ်ခု ဖြစ်သည်။ နေ့တစ်နေ့၏ အမြင့်ဆုံးနှင့် အနှိမ့်ဆုံး အပူချိန်၊ ပူပြင်းသော နေ့ရက်များနှင့် ပူအိုက်သော ညများသည် နေရာတော်တော် များများတွင် တိုးမြင့် လာနေပါသည်။ ရာသီဥတု မတည်ငြိမ်မှုများသည် ပို၍ များပြား လာသည်နှင့်အမျှ သီးနှံများ၏ အဓိက ဖွံံ့ဖြိုးမှုဖြစ်သော ပန်းပွင့်ချိန်တွင် အပူဒဏ်ကို မကြာခဏ ဆိုသလို တွေ့ကြုံနေကြပါသည်။

ရာသီဥတုပြောင်းလဲမှု  အကျိုးဆက် အနေနှင့် အပူဒဏ်ကြောင့် စပါး ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကို ဖြစ်စေပါသည်။ စပါးသည် ပန်းပွင့်ချိန်တွင် အပူဒဏ်ကို ခံနိုင်ရည် မရှိပါ။ နံနက် စောစော ပန်းပွင့်သော လက္ခဏာ [early morning flowering (EMF)] သည် ပန်းပွင့်ချိန်တွင် နေ့အပူဒဏ်ကို ရှောင်ရှားနိုင်သောကြောင့် အပူကြောင့် စပါးပန်းပွင့်များ မျိုးမအောင်ခြင်းကို လျော့ပါး သက်သာစေပါသည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သုတေသန အဖွဲ့တို့မှ Oryza sativa Indica စပါးမျိုး (IR64)ကို စပါးရိုင်း တစ်မျိုးဖြစ်သော Oryza officinalis မှ နံနက်စောစော ပန်းပွင့်သော လက္ခဏာ ထည့်သွင်း အသုံးပြုထားသော စပါး (IR64-EMF)ကို ထုတ်လုပ်ခဲ့ပါသည်။ ၎င်းဗီဇ လက္ခဏာသည် မူလ (IR64) စပါးမျိုးထက် တစ်နာရီခွဲမှ နှစ်နာရီထိ စော၍ ပန်းပွင့်နိုင်သည်ကို ဖိလစ်ပိုင်နိုင်ငံတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် မူလ Nanjing 11 စပါးမျိုးထက်လည်း နှစ်နာရီခန့် စော၍ ပန်းပွင့်နိုင်သည်ကို လည်းကောင်း စမ်းသပ်ခဲ့ပြီး ဖြစ်ပါသည်။ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင်လည်း ၂၀၁၅ ခုနစ် နွေရာသီတွင် စမ်းသပ် စိုက်ပျိုးခဲ့ရာ မူလ (IR64)စပါးမျိုးထက် တစ်နာရီမှ နှစ်နာရီထိ စော၍ ပန်းပွင့်နိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

နံနက်စောစော ပန်းပွင့်သော လက္ခဏာပါရှိသော စပါးမျိုးသည် နေ့အပူချိန် မတက်မီ ပန်းပွင့်ပြီး ဖြစ်စေသည့်အတွက် အပူကြောင့် စပါး ပန်းပွင့်များ မျိုးမအောင်ခြင်းကို လျော့ပါး သက်သာစေ၍ အထွက်နှုန်းကိုလည်း တိုးတက်စေ ပါသည်။

ဒေါက်တာသန်းမြင့်ထွန်း

ကိုးကား- ၂၀၁၆ ဧပြီလ စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့များအသင်း(AUAA) မှ ထုတ်ဝေသော စာစောင်မှ ထုတ်နှုတ်ဖော်ပြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်