စပါးတွင်ကျရောက်တတ်သော ရွက်ဖုံးခြောက်ရောဂါ

21/07/2020 15:00 PM တွင် Sandakue Aung Sandakue Aung မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံတွင်ဆန်စပါးသည် အလွန်အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ကြောင့်စပါးတွင် ကျရောက်တတ်သည့် ရွက်ဖုံးခြောက်ရောဂါအကြောင်း ဆွေးနွေးတင်ပြချင်ပါသည်။ စပါးရွက်ဖုံးခြောက် ရောဂါသည် စပါးကိုဆိုးဆိုးရွားရွား ဖျက်ဆီးနိုင်သော မှိုရောဂါဖြစ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိမှာ Rhizoctonia solani ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

စပါးပင်၏ရွက်ဖုံးတွင်ပုံမမှန်သော မြွေပွေးကွက်ကဲ့သို့သော ရေစိုနာအကွက်ကလေးများ စတင်​တွေ့ရသည်။ ရောဂါပြင်းထန်လာလျှင် စိမ်းညိုရောင်ရေစိုနာအကွက်မှ ညိုနက်ရောင်အနားရှိသော မီးခိုးရောင် ရေစိုနာအကွက်များ ဖြစ်ပေါ်လာသည်။ ရွက်ဖုံးနှင့်ထိတွေ့နေသော အရွက်များပေါ်တွင်လည်း ရောဂါကျရောက်နိုင်ပါသည်။ စပါးခင်းတွင် ရောဂါကျရောက်မှုဆိုးရွားပါက မီးလောင်ထားသလို အကွက်လိုက် ဖြစ်နေပါသည်။ ဒါ့အပြင် စပါးစေ့များ အဆန်မတည်ဘဲ ဖျင်းကုန်သည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

မြေဩဇာများပြားစွာထည့်ခြင်း နှင့် စိုထိုင်းစများခြင်းတို့သည် ရောဂါဖြစ်ပွားမှုကို ပိုမိုအားပေး ပါသည်။ ရောဂါဖြစ်စေသောမှိုသည် မြေကြီးထဲတွင် မှိုလုံးငယ်များ သို့မဟုတ် မှိုမျှင်များ အဖြစ် ကြာရှည်စွာနေနိုင်ပါသည်။ ရေနှင့်အတူမျှောပါလာကာ စပါးခင်းတစ်ခင်းမှ တစ်ခင်းသို့ ရောဂါကူးစက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

နိုက်တြိုဂျင်ဓာတ်ပါသော မြေဩဇာများကို သင့်တင့်မျှတစွာ အသုံးပြုရမည်။

အပင်စိပ်စိပ်စိုက်ပါက လေဝင်လေထွက်နည်းပြီး ရောဂါကျရောက်နိုင်ချေများ ပါသည်။

ရောဂါဖြစ်ထားသော အပင်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးရပါမည်။

◦ Biological control ဖြစ်သော Trichoderma မှိုဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ သို့သော်ကွင်း

ထဲတွင်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါ။

ဓာတုဆေးများဖြစ်သော ကောပါးဟိုက်ဒြောက်ဆိုဒ် ၊ ကောပါးအောက်ဆီကလိုဒိုက် ၊ ကာဘင်ဒါ

စသောဆေးများဖြင့် ကာကွယ်နှိမ်နင်းကြသည်။

မှိုသတ်ဆေးများကို အပင်အားဆေးများနှင့် တွဲဖက်၍ အသုံးမပြုသင့်ပါ။

မစန္ဒကူးအောင်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်