အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးတွင်ကျရောက်တတ်သော ရွက်ဖုံးခြောက်ရောဂါ

စပါးတွင်ကျရောက်တတ်သော ရွက်ဖုံးခြောက်ရောဂါ

Sandakue Aung
Sandakue Aung • Greenovator • 21/07/2020

မြန်မာနိုင်ငံတွင်ဆန်စပါးသည် အလွန်အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ ထို့ကြောင့်စပါးတွင် ကျရောက်တတ်သည့် ရွက်ဖုံးခြောက်ရောဂါအကြောင်း ဆွေးနွေးတင်ပြချင်ပါသည်။ စပါးရွက်ဖုံးခြောက် ရောဂါသည် စပါးကိုဆိုးဆိုးရွားရွား ဖျက်ဆီးနိုင်သော မှိုရောဂါဖြစ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိမှာ Rhizoctonia solani ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

စပါးပင်၏ရွက်ဖုံးတွင်ပုံမမှန်သော မြွေပွေးကွက်ကဲ့သို့သော ရေစိုနာအကွက်ကလေးများ စတင်​တွေ့ရသည်။ ရောဂါပြင်းထန်လာလျှင် စိမ်းညိုရောင်ရေစိုနာအကွက်မှ ညိုနက်ရောင်အနားရှိသော မီးခိုးရောင် ရေစိုနာအကွက်များ ဖြစ်ပေါ်လာသည်။ ရွက်ဖုံးနှင့်ထိတွေ့နေသော အရွက်များပေါ်တွင်လည်း ရောဂါကျရောက်နိုင်ပါသည်။ စပါးခင်းတွင် ရောဂါကျရောက်မှုဆိုးရွားပါက မီးလောင်ထားသလို အကွက်လိုက် ဖြစ်နေပါသည်။ ဒါ့အပြင် စပါးစေ့များ အဆန်မတည်ဘဲ ဖျင်းကုန်သည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

မြေဩဇာများပြားစွာထည့်ခြင်း နှင့် စိုထိုင်းစများခြင်းတို့သည် ရောဂါဖြစ်ပွားမှုကို ပိုမိုအားပေး ပါသည်။ ရောဂါဖြစ်စေသောမှိုသည် မြေကြီးထဲတွင် မှိုလုံးငယ်များ သို့မဟုတ် မှိုမျှင်များ အဖြစ် ကြာရှည်စွာနေနိုင်ပါသည်။ ရေနှင့်အတူမျှောပါလာကာ စပါးခင်းတစ်ခင်းမှ တစ်ခင်းသို့ ရောဂါကူးစက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

◦ နိုက်တြိုဂျင်ဓာတ်ပါသော မြေဩဇာများကို သင့်တင့်မျှတစွာ အသုံးပြုရမည်။

◦ အပင်စိပ်စိပ်စိုက်ပါက လေဝင်လေထွက်နည်းပြီး ရောဂါကျရောက်နိုင်ချေများ ပါသည်။

◦ ရောဂါဖြစ်ထားသော အပင်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးရပါမည်။

◦ Biological control ဖြစ်သော Trichoderma မှိုဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ သို့သော်ကွင်း

ထဲတွင်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါ။

• ဓာတုဆေးများဖြစ်သော ကောပါးဟိုက်ဒြောက်ဆိုဒ် ၊ ကောပါးအောက်ဆီကလိုဒိုက် ၊ ကာဘင်ဒါ

စသောဆေးများဖြင့် ကာကွယ်နှိမ်နင်းကြသည်။

• မှိုသတ်ဆေးများကို အပင်အားဆေးများနှင့် တွဲဖက်၍ အသုံးမပြုသင့်ပါ။

မစန္ဒကူးအောင်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

နှံစုပ်ပိုး

နေမျိုးလင်း

နေမျိုးလင်း

လွန်ခဲ့သော ၅ နှစ် က

ခုအဲဒီလိုဖြစ်နေပြီ

Zm Km

Zm Km

လွန်ခဲ့သော ၅ နှစ် က

စပါးပင်ထိပ်ဖျားတွေပြတ်ပြီးဖြူနေဒါဘယ်လိုလုက်ရမလဲ

Aung ko ko

Aung ko ko

လွန်ခဲ့သော ၅ နှစ် က

ရာသီဥတုအခြေအနေလေးပြောပြပေးပါတိမ်တေစုပြီးမိုးအုပ်လာသလိုဖြစ်နေတယ်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ကျရောက်နေဆဲဘာလိုနှိမ်နင်းရမလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။