စပါးပင်ကြီးထွားမှုအလိုက် ရက် ဘယ်လိုတွက်မလဲ..?

01/09/2023 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ဆရာခင်ဗျား..စပါးမှို့ကပ်ချိန်ကို  သိနိုင်ဖို့ ရက်တွက်နည်း သိချင်ပါတယ်ဗျ၊

ပြီး​တော့..စပါးရွက် အ​ရေအတွက်ကြည့်ပြီး မှို့ကပ်ချိန်ကို သိနိုင်ပါသလား ဖြေကြား​ပေးပါဆိုပြီး..​စပါးစိုက်​တောင်သူတစ်ဦးက ​မေးလာပါတယ်။

ဒီလို​မေးခွန်းတွေက အမေးများတာကြောင့် ဖြေပြီးသားလည်းဖြစ်​အောင် စပါးပင်ကြီးထွားမှုသက်တမ်းရက်တွက်နည်းကို နားလည်ပြီးသားလည်းဖြစ်အောင် စပါးပင်ရဲ့ ကြီးထွားမှုအဆင့် (၃) ဆင့်အ​ကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။

၁။ အပင်ပိုင်းကြီးထွားမှုအဆင့် (Vegetative phase)

စပါး​စေ့အ​ညှောက်စတင်​ပေါက်ချိန်မှ မှို့ကပ်ချိန်(အဆစ်တက်ချိန်)ထိကာလကို ပင်ပိုင်းကြီးထွားမှုအဆင့်လို့ ခေါ်ပါတယ်။

ကြာမြင့်ချိန် = ၃၅ ရက် - ၆၅ ရက်

(ရက် ၁၀၀ - ၁၄၅  စပါးမျိုးအ​ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်)

၂။ အနှံသ​န္ဓေ ဖွံ့ဖြိုးမှုအဆင့် (Reproductive phase)

မှို့ကပ်ချိန်(အဆစ်တက်ချိန်)မှ၊ အနှံထွက်ချိန်(၅၀%ပန်းပွင့်ချိန်) ထိကာလကို အနှံသ​န္ဓေဖွံ့ဖြိုးမှုအဆင့်လို့ ခေါ်ပါတယ်။

ကြာမြင့်ချိန်= ၃၀ - ၃၅ ရက်

၃။ ရင့်မှည့်မှုအဆင့် (Ripening phase)

အနှံစတင်ထွက်ချိန်ကနေ မောင်းညိုချိန်ထိကတော့ ရင့်မှည့်မှုအဆင့်ပါ။ (၅၀% ပန်းပွင့်ချိန် မှ ​မောင်းညိုချိန်အထိ)

ကြာမြင့်ချိန်= ၃၀-၃၅ ရက်

#အပင်ပွားချိန်ကာလကို ဘယ်လိုသတ်မှတ်ပါသလဲ?

​ကောက်စိုက်ပြီး ၁၀ ရက် မှ ၃၅ ရက်အတွင်းကို အပင်ပွားချိန်ကာလ (သို့မဟုတ်) အပင်ပိုင်း ကြီးထွားမှုကာလလို့ သတ်မှတ်နိုင်ပါတယ်။

ဒီ​နေရာမှာ စပါးပင်ပွားပုံအ​ကြောင်း အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။

စပါးပင်အရွက်  ၅ ရွက် ထွက်ချိန်မှာ ဒု-အရွက်ကြားမှ ပထမဆုံး ပင်ပွားစတင်ထွက်ပါတယ်။

​အစိုဓာတ်၊ အလင်း​ရောင်၊ အာဟာရ ​ရရှိမှုပေါ်မူတည်ပြီး ပျမ်းမျှ ၅ ရက်ကြာတိုင်း အရွက်သစ်တစ်ရွက်ထွက်ပါတယ်။

ဆိုတော့ ပင်ပွားထွက်ချိန်က ပျှမ်းမျှအားဖြင့် ၅ ရက် ၁ ကြိမ်ပါ။

ဒါ​ကြောင့် ပင်ပွားအများဆုံးကာလ (အပင်ပိုင်းကြီးထွားမှုအမြင့်ဆုံးကာလ) ၆၅ ရက်မှာ စပါးရွက် (၁၃ ရွက်) ရှိရမယ်လိူ့ ယူဆနိုင်ပါတယ်။

ဒီကာလ​နောက်ပိုင်း ထွက်တဲ့ပင်ပွား​တွေကတော့ အားနည်းသွားပါတယ်။

တိုက်ရိုက်အ​စေ့ချစိုက်ခင်းမှာဆို

စစိုက်တဲ့အချိန်ကနေ - ၆၅ ရက်အတွင်း (မှတ်ချက်=စပါးမျိုးအလိုက် ရက် အနည်းအများ ကွားခြားနိုင်)ကို အပင်ပွားချိန်ကာလ(အပင်ကြီးထွားမှု အမြင့်ဆုံးကာလ)လို့သတ်မှတ်နိုင်ပါတယ်။

ဒီကာလဟာ နိုက်ထရိုဂျင် အများဆုံးလိုအပ်တဲ့ကာလလည်းဖြစ်ပါတယ်။

မကြာခင်မှာ အနှံသ​န္ဓေအဖြစ် အပင်​ခြေမှာ အဆစ်တက်လာ​တော့မှာမို့ အပင်ပိုင်းကြီးထွားမှု အားနည်းလာပြီး အနှံသ​န္ဓေအတွက် စွမ်းအင် သုံးစွဲ​တော့မှာဖြစ်လိူ့ပါ။

(ဒါ​ကြောင့် အချို့ပညာရှင်များက ပင်ပွားကာလပြီးမှသာ တူးဖိုးဒီ ​ပေါင်းသတ်​ဆေးကို အသုံးပြုဖို့ တိုက်တွန်းကြပါတယ်)

#မှို့ကပ်ချိန်(အဆစ်တက်ချိန်) အနှံသ​န္ဓေ စတည်ချိန်ကို ဘယ်လိုတွက်ချက်ရပါသလဲ?

 

မှို့ကပ်ချိန်ကာလ တွက်ချက်နိုင်ဖို့ အရင်ဦးဆုံး စပါးမျိုးရဲ့ သက်တမ်းကို သိဖို့လိုပါတယ်။

မည်သည့်စပါးမျိုးမဆို ကြီးထွားမှုအဆင့်-၂ အတွက်ကြာချိန် ၃၀ ရက်နဲ့ ကြီးထွားမှုအဆင့်-၃ အတွက်ကြာချိန် ၃၅ ရက် စုစု​ပေါင်း (၆၅)ရက် ကြာမြင့်ချိန် အတူတူပဲလို့ယူဆထားပါတယ်။

ဒါ​ကြောင့် ..

မှို့ကပ်ချိန်ကာလ= အသက်ရက် - (၆၅ရက်)

ဥပမာ။  ။ မ​နောသုခ -၁၃၅ ရက် ဆိုပါစို့....မှို့ကပ်ရက် သိချင်ရင် (၁၃၅-၆၅)= ၇၀ ရက် မျိုး​စေ့အ​ညှောက်ပေါက်သည်မှ ၇၀ ရက်ပြည့်နေ့သည် မ​နောသုခစပါးပင်ရဲ့ မှို့ကပ်ချိန်လို့ ယူဆနိုင်ပါတယ်။

ကဲ, ဒီ​လောက်ဆိုရင်..

- အပင်ပွားကာလ၊ အသက်ရက် ဘယ်​လောက်လဲ?

- မှို့ကပ်ရက်ကို ဘယ်လိုတွက်ရသလဲ?

- မှို့ကပ်ချိန်မှာ စပါးရွက် အ​ရေအတွက် ဘယ်​လောက်လဲ?..ဆိုတာ  ..​ဖြေကြားမှုအ​ပေါ် ကျေနပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ကိုးကား >>Rice growth and development pdf-chapter -2

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်