ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ တောက်လျှောက်တက်နေတဲ့ ဆန်ဈေးဟာ ဒီတစ်ပတ်မှာလည်းတော်တော်များများ ဈေးတက်လာခဲ့ပါတယ်။
ဈေးမတက်ဘဲ ကျန်နေတာဆိုလို့ ဆန် (ဒေးဒရဲ ပေါ်ဆန်းမွှေး- သစ်)၊ ဆန် (ငစိန် - သစ်) ၊ ဆန် (ရွှေဘိုပေါ်ဆန်း - သစ်)၊ ဆန် (ဧည့်မထ ၂၅ % သစ်)၊ တောင်ပျံ (မော်ကျွန်း-သစ်) တွေပဲ ရှိပါတော့တယ်။ ဒီထဲကမှ ထူးထူးခြားခြား ဆန် (သီးထပ်- သစ်) က ဈေးကျနေတာကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။
ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲ၊ ဘယ်ဆန်အမျိုး အစားတွေ အရင်ဈေးအတိုင်းငြိမ်နေလဲဆိုတာကိုတော့ အောက်ပါဇယားကွက်မှာ ကြည့်နိုင်ပါတယ်။
ဖော်ပြထားတဲ့ဆန်ဈေးနှုန်းတွေဟာဆိုရင် ရှေ့တစ်ပတ်သောကြာ (၃၀.၆.၂၀၂၃) နဲ့ ယနေ့သောကြာ (၇.၇.၂၀၂၃) ရဲ့ ဈေးနှုန်းတွေပဲဖြစ်ပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more