စပါးပင်စည်ပုပ်ရောဂါ

04/09/2019 20:00 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   စပါးပင်စည်ပုပ်ရောဂါသည် Sclerotium oryzae ဟုခေါ်သော မှိုကြောင့်ဖြစ်သည်။ ဤရောဂါသည် စပါးပင်ပေါ်တွင် အနာပြောက်ဖြစ်ပေါ်ခြင်း၊ ဆန်ဖြူများဖြစ်ပေါ်ခြင်းနှင့် အဆန်မပြည့်ခြင်းများကို ဖြစ်စေသည်။

ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ 

   ရောဂါဖြစ်မှို၏ အပင်ကို ဝင်ရောက်တိုက်ခိုက်နိုင်သည့် အင်္ဂါဖြစ်သော စကယ်(လ)ရိုရှားအလုံးလေးများကို မြေကြီးအပေါ်ယံအလွှာ၌ တွေ့ရသည်။ ၎င်းတို့သည် လေသွေ့ခြောက်နေသောမြေကြီးအတွင်း၊ စိုထိုင်းနေသောမြေကြီးအတွင်းနှင့် ရေပိုက်မှကျသော ရေထဲတွင် အသက်ရှင်သန်နိုင်သည်။ မြေကြီးတွင်မြုပ်နေသော ကောက်ရိုးထဲတွင်လည်း အသက်ရှင်သန်နိုင်သည်။ သွင်းရေနှင့် မျောပါလာသော စကယ်(လ)ရိုရှားများသည် စပါးပင်များကိုတိုက်ခိုက်နိုင်သည်။ အပင်ယိုင်လဲခြင်းကြောင့် (သို့မဟုတ်) အင်းဆက်ထိုးဖေါက်စားသောက်ခြင်းကြောင့် အပင်ပေါ်တွင် ဒါဏ်ရာရှိနေပါက ရောဂါကျရောက်မှုနှုန်း မြင့်မားသည်။ စပါးနှံတွင်ရှိသော အစိုဓါတ်နှင့် ထည့်သွင်းသော နိုက်ထရိုဂျင်ဓါတ်မြေသြဇာတို့သည် ရောဂါတိုးတက်ဖြစ်ပေါ်မှုကို လွှမ်းမိုးသည်။

ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ  

    • အပြင်ရွက်ဖုံးပေါ်တွင် ပုံသဏ္ဍန်မမှန်သော အမဲရောင် အနာပြောက်များကို ရေမျက်နှာပြင်နှင့်နီးသည့်နေရာ၌ တွေ့ရသည်။ 

    • ရောဂါရင့်လာသည်နှင့်အမျှ အနာပြောက်များ ကျယ်ပြန့်လာသည်။ 

    • ရောဂါကျနေသော စပါးပင်စည်ထဲတွင် သေးငယ်သောအဖြူရောင်နှင့် အမဲရောင်စကယ်(လ)ရိုရှားများစွာနှင့် မှိုမျှင်များကိုတွေ့ရသည်။ 

    • ပင်စည်နှင့် ရွက်ဖုံးပုပ်ဆွေးပြီး ရောဂါကျစပါးပင်များသည် ယိုင်လဲခြင်း၊ အနှံများတွင်အဆန်မပြည့်ခြင်းနှင့် ဆန်ဖြူဖြစ်ခြင်းများကို ဖြစ်ပေါ်စေသည်။ 

    • ရောဂါပြင်းထန်စွာကျလျှင် ပင်ပွားများသေဆုံးနိုင်သည်။

ရောဂါ၏ အရေးကြီးမှု

   စပါးခင်းတွင် ဤရောဂါကို အနှံထွက်ချိန်နှင့် အဆန်တည်စအချိန်များတွင် တွေ့နှိုင်သည်။ ၎င်းသည် နိုင်ငံများစွာတွင် ကြီးမားသောဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ ဥပမာ - ဂျပန်နိုင်ငံတွင် စပါးစိုက်ဧရိယာ ဟက်တာပေါင်း ၅၁,၀၀၀ မှ ၁၂၂,၀၀၀ အထိ ဤရောဂါကျရောက်ခဲ့ရာ တစ်နှစ်ဆုံးရှုံးမှုမှာ ၁၆၀၀၀ မှ ၃၅၀၀၀ တန်အထိ ရှိကြောင်းသိရသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံတို့တွင် ၃၀% မှ ၈၀% အထိဆုံးရှုံးမှုရှိကြောင်း သိရသည်။

ကာကွယ်နှိမ်နင်းနည်းများ

(၁) ရောဂါဒါဏ်ခံနိုင်ရည်ရှိသော မျိုးများစိုက်ပါ။ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဋ္ဌာနရုံးများသို့ ဆက်သွယ်ပြီး မျိုးများစုံစမ်းပါ။

(၂) စပါးရိတ်သိမ်းပြီးလျှင် ရိုးပြတ်၊ ကောက်ရိုးနှင့် ပင်ကြွင်းပင်ကျန်များကို မီးရှိူ့ပါ။ (သို့မဟုတ်) ကောက်ရိုးကို မြေဆွေးပြုလုပ်ပါ။

(၃) မှို၏စကယ်(လ)ရိုရှားများ လျော့နည်းစေရန် လယ်ကွက်ကိုရေလွှမ်းပါ။

(၄) ဓါတ်မြေသြဇာ မျှတစွာကျွေးပါ။ အကြိမ်ကြိမ်ခွဲကျွေးပါ။ မြေကြီး ချဉ်-ငန်ဓါတ်(ပီအိတ်(ချ်))မြင့်လာစေရန် ပိုတက်နှင့် ထုံးကို နှုန်းထားမြှင့်ထည့်ပါ။

(၅) မှိုသတ်ဆေး ဖန်တင်ဟိုက်ဒရောက်ဆိုဒ်ကို ပင်ပွားကာလအလယ်တွင် ပက်ဖျန်းပါ။

(၆) ရောဂါဝင်စအချိန်တွင် သိုင်အိုဖန်နိတ်မီသိုင်းကို ပက်ဖျန်းပေးခြင်းသည် စပါးပင်စည်ပုပ်ရောဂါဖြစ်ပွားမှုကို လျော့နည်းစေသည်။ 

(၇) အခြားသော မှိုသတ်ဆေးများဖြစ်သည့် ဖယ်ရင်(မ)ဇုမ်း နှင့် ဗေလီဒါမိုင်စင်-အေ တို့သည်လည်း ဤရောဂါကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်သည်။

ဒေါက်တာ ခင်နှင်းယု

Source; IRRI Rice Knowledge Bank


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်