မြေပဲ ပင်ရင်းပုတ်ရောဂါ

11/01/2018 12:50 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား

ဤရောဂါသည် ကမ္ဘာပေါ်ရှိ မြေပဲစိုက်သည့်ဒေသတိုင်းတွင် ဖြစ်ပွားသည်။ ပုံမှန်အားဖြင့် ရောဂါကြောင့် ဆုံးရှုံးမှုသည် ကြီးမားလေ့ မရှိသော်လည်းရောဂါကို အားပေးသည့် ပတ်ဝန်းကျင် အခြေအနေတွင် သီးနှံ ပျက်စီးမှု ၅၀% အထိရှိနိုင်သည်။

Aspergillus မိှုကြောင့် ဖြစ်သောမြေပဲပင်ရင်းပုတ်ရောဂါသည် ပျိုးပင်တွင်လောင်နာကျခြင်း ဖြစ်စေပြီး အပင်ကြီး အဆင့်တွင်လည်း တိုက်ခိုက်နိုင်သည်။ ရောဂါ ဖြစ်စေသည့် မှိုအမည်မှာ Aspergillusniger ဖြစ်ပြီးမြေပဲဆံတွင် အယ်ဖလာတောက်ဆင် (Aflatoxin) ဟုခေါ်သည့် မှိုဆိပ်ထုတ်သော Aspergillus မှိုနှင့် မတူပဲ ကွဲပြားပါသည်။ Aspergillusniger မှိုသည် မြေပဲ စိုက်သောမြေကြီးထဲတွင် များစွာ ရှိနေတတ်ပြီးမြေပဲဆန်များတွင်လည်း တွယ်ကပ်နေတတ်သည်။ မြေဆောင်မှိုကြောင့်ဤရောဂါအဖြစ်များပြီး မျိုးစေ့တွင် ကပ်ပါလာသော မှိုကြောင့်လည်း ဖြစ်နိုင်သည်။

ဤရောဂါသည်နေရာကွက်၍ ဖြစ်တတ်သည့် ကွက်ကြားကပ်ရောဂါ (Sporadic) ပုံစံဖြင့် ဖြစ်ပွားလေ့ ရှိပြီးရေဓါတ်ခြောက်သွေ့မှု (ရေငတ်ဒါဏ်)နှင့် ဆက်နွယ်နေလေ့ရှိသည်။ အပူလွန်ကဲခြင်း၊ ပျိုးပင်ငယ် အဆင့်တွင် အစိုဓာတ် အတက်အကျ များခြင်း၊ မျိုးစေ့ အရည်အသွေး ညံ့ဖျင်းခြင်း၊ ဓာတုဆေးများနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့ကြောင့် ပျိုးပင်ကို ထိခိုက်ခြင်း၊ မြေအောင်း ဖျက်ပိုးများကြောင့် အမြစ်များ ပျက်စီးခြင်း တို့သည် ဤရောဂါ တိုးတက်ဖြစ်ပေါ်မှုကို အားပေးပေသည်။

၁။ ေရာဂါ လကၡဏာ

အစိုဓာတ်များသည့်မြေတွင် မျိုးစေ့ကို တိုက်ခိုက်ခံရပြီးမြေအောက်တွင်ပင် မျိုးစေ့၊ မျိုးညှောက်များ ပုတ်ဆွေး သွားတတ်သည်။ ၎င်းတို့ကိုမြေထဲမှ အသာလေး ထုတ်ယူကြည့်ပါက မှိုစပိုးများ မဲနက်စွာ ဖုံးအုပ် နေသည်ကိုတွေ့နိုင်သည်။

မြေအောက်တွင် ပုတ်ဆွေးသေဆုံးခြင်း မဖြစ်သေးသော မျိုးစေ့များမှ မျိုးညှောက်များသည် မြေပေါ်သို့ ထွက်လာပြီး မကြာမီ အပင်ခြေတွင်ရေစိုနာအသွင် ဖြစ်နေပြီး အညိုရောင်ပြောင်းသွားကာ ပျိုးပင်၏ မြေပြင်ညီနေရာတွင် အမဲရောင် မှိုစပိုးများ ဖုံးအုပ်သွားသည်။ ရောဂါတိုးလာသည်နှင့်အမျှ အပင်ခြေသည် ညိုမဲရောင်ပြောင်း၍ ပိန်ရှုံ့သွားပြီး လျှင်မြန်စွာသေဆုံး သွားလေ့ရှိသည်။

အပင်ကြီး များတွင်ရောဂါကျလျှင် ရောဂါပြောက်သည် မြေပြင်အောက်နား ကပ်နေသော ပင်စည်ပေါ်တွင် စတင်ဖြစ်ပေါ်ပြီး အပေါ်မှ အကိုင်းများဆီသို့ ကျယ်ပြန့် သွားကာ အပင်ရုတ်တရက် ညှိူးသွားသည်။ သေပြီးခြောက်သွေ့သွားသော အကိုင်းများကို ပင်ခြေမှ ဖယ်ရှားလျှင် အလွယ်တကူ ပြုတ်ထွက်သွားသည်။ မြေပဲတောင့်များပေါ်တွင် မှို၏ အမဲရောင်စပိုးများ ဖုံးအုပ်နေသည်ကိုတွေ့နိုင်သည်။ ရောဂါကျ အပင်အများစု သည် စိုက်ပြီး တစ်လသားခန့်တွင်သေဆုံးကြသည်။ ၎င်းအပင်သေများကို ထက်ခြမ်းခွဲ ကြည့်လျှင် ရေကြောစည်း တစ်ရှူးသားများ မီးခိုးရင့်ရောင်ပြောင်းနေသည်ကိုတွေ့ရသည်။

၂။ ကာကွယ်နှိမ်နင်းနည်းများ

စိုက်ပျိုးနေသောမြေပဲမျိုး အများစုသည် ဤရောဂါကို ခံနိုင်ရည်နည်းကြသဖြင့် ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ် စိုက်ပျိုးရန် မလွယ်ကူပေ။ ထို့ကြောင့်

(၁) အရည်အသွေးကောင်းသော မျိုးစေ့ကိုရွေးချယ် စိုက်ပျိုးပါ။

(၂) သိုင်ရမ် (Thiram) ၊ ဟိုမိုင် (Homai)၊ ကာဘင်ဒါဇင် (Carbendazin)၊ မဲန်ကိုဇက် (Mancozeb) စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် (မျိုးစေ့တစ်ကီလိုကို ၁ ဂရမ်မှ ၃ ဂရမ် နှုံးဖြင့်) လူးနယ်စိုက်ပျိုးပါ။

(၃) မြေကြီး အစိုဓာတ် လုံလောက် မျှတစွာ ရရန် ဂရုစိုက်ပါ။

(၄) ပင်စည်နှင့်အမြစ်များ ဒါဏ်ရာမရစေရန ်ဂရုစိုက်ပါ။

(၅) မျိုးစေ့ကိုမြေထဲ နက်နက်မချသင့်ပါ။

(၆) တမာကြိတ်ဖတ် သို့မဟုတ် ကြက်ဆူကြိတ်ဖတ် ကိုမြေတစ်ဧကလျှင် ၅၀၀ ကီလိုဂရမ်နှုန်းထည့်ပေးပါ။

(၇) မျိုးစေ့ တစ်ကီလိုကို ထရိုင်ခိုဒမ်းမားမှို- ၁၀ ဂရမ် နှုံးနှင့်လူးနယ်စိုက်ပျိုးပါ။ ထရိုင်ခိုဒမ်းမားမှိုကိုမြေကြီး ထဲသို့လည်း ထည့်ပေးနိုင်သည်။

ဒေါက်တာ ခင်နှင်းယု

ကိုးကား- www.plantwise.org 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်