ရော်ဘာစျေးနှုန်းအရင်နှစ်ထက် ကျဆင်းနေ
ယခင်နှစ်ထက် ရွှေကျင်က ထွက်ရှိနေတဲ့ ရော်ဘာမှာ စျေးနှုန်းကျဆင်းနေတယ်လို့ ရွှေကျင်မြို့ နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေးနဲ့ ရော်ဘာအရည်အသွေးများကြောင့် အရင်နှစ်ထက်စျေးနှုန်းကျဆင်း တာဖြစ်တယ်လို့ ရွှေကျင်မြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦး ခင်မောင်သက်ကပြောပါတယ်။
“ဒီနှစ်လည်းမနှစ်ကနဲ့စာရင် နည်းနည်းတော့ကျဆင်းနေတယ်။ တစ်ပေါင်ကို ၅၀ လောက်ကျသွား ပါတယ်။ စျေးနှုန်းကျတာကတော့ ကျန်တဲ့စျေးကွက်ကိုပို့တဲ့အချိန်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ နဲ့ အရည်အသွေးတွေကြောင့် စျေးနှုန်းကျဆင်းတာပါ”
ရော်ဘာကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေတာဖြစ်ပြီး အခြားပြည်ပစျေးကွက်နိုင်ငံများကိုလည်း စတင်တင်ပို့နေကြောင်း အဆိုပါအသင်းမှသိရ ပါတယ်။
ရော်ဘာနေလှန်းပြား တစ်ပေါင်ကို ၆၃၀ ကျပ်ဝန်းကျင်ရှိပြီးမှိုင်းခံရာဘာ နံပါတ်(၃)အမျိုးအစားမှာ တစ်ပေါင်ကို ၇၅၅ကျပ် ရှိကြောင်း ရွှေကျင်မြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ စျေးနှုန်းများအရသိရ ပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more