ရာဘာ၊ ပျိုးပင်နဲ့ပျိုးစေ့များ တင်သွင်းခြင်းကိုပိတ်ပင်ထား

05/12/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရာဘာ ၊ပျိုးပင် နဲ့ပျိုးစေ့များ တင်သွင်းခြင်းကို ပိတ်ပင်ထား

အိမ်နီးချင်းနိုင်ငံများမှ ရာဘာပင်များမှာ မှိုရောဂါတစ်မျိုးဖြစ်တဲ့ Pestalotiopsis spp ကျရောက်နေတဲ့အတွက် ရော်ဘာအစိတ်အပိုင်းများကို တင်သွင်းခြင်းပိတ်ပင်ထားကြောင်း ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံးမှသိရပါတယ်။

အခုလက်ရှိအချိန်မှာ ရာဘာနဲ့ပတ်သတ်တဲ့ ပျိုးပင် ၊ ပျိုးကိုင်း ၊ မျိူးစေ့အပါအဝင် အပင်အစိတ်အပိုင်းအားလုံး တင်သွင်းခြင်းကို ပိတ်ပင်ထားတဲ့ ကြေငြာချက်ထုတ်ပြန်ထားတယ်လို့ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်ကပြောပါတယ်။

“ရာဘာ ပျိုးပင်တွေ တင်သွင်းခြင်းကို ပိတ်ပင်ထားဖို့ စာတော့ထွက်ထားပေးပါတယ်။ သက်ဆိုင်ရာဌာနတွေကိုလည်း အကြောင်းကြားပေးထားပါတယ်။ တောင်သူတွေကိုလည်း အသိပေးမှုတွေလုပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရော်ဘာပင်တွေမှာလည်း မှိုရောဂါကျရောက်နေတဲ့အပေါ် သတင်းအရ စုံစမ်းနေပါတယ်”

ရောဂါလက္ခဏာ ကျရောက်နေမှုများကိုလည်း သက်ဆိုင်ရာသီးနှံကာကွယ်ရေးဌာနများနဲ့ ညှိနှိုင်းဆွေးနွေး လုပ်ဆောင်နေကြောင်းလည်း အဆိုပါရုံးမှ သိရပါတယ်။

ရာဘာပင်များမှာ ကျရောက်နေတဲ့ မှိုရောဂါတစ်မျိုးဖြစ်တဲ့ Pestalotiopsis sppကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် မကူးစက်စေရန် နိုင်ငံတကာလေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်များမှ ရော်ဘာပျိုးပင်အပါအဝင် အပင်အစိတ်အပိုင်းများ ဝင်ရောက်မှုအပေါ် စိစစ်ကြပ်မတ်ရန်နဲ့ရောဂါကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နိုင်းရေကို အသိပေး အကြောင်းကြားစာများ ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်