အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှစ်မျိုးသုံးရော်ဘာမျိုးလို့ခေါ်တဲ့ LT ကလုန်း(clone)

နှစ်မျိုးသုံးရော်ဘာမျိုးလို့ခေါ်တဲ့ LT ကလုန်း(clone)

Nyi Thway
Nyi Thway • Greenovator • 29/10/2018

အိန္ဒိယမှာ မြေဧရိယာပေါင်း ဟက်တာ ၇ သိန်းဟာ ရော်ဘာစိုက်ခင်းအနေနဲ့ ရှိနေတာပါ။ အခုအချိန်မှာ ရော်ဘာစိုက်တောင်သူတွေဟာ ရော်ဘာဈေးကကျ၊ ဝင်ငွေကနည်း၊ အလုပ်သမားခတွေက ဈေးကြီးနေတော့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်နေပါတယ်။ ရော်ဘာနဲ့ပတ်သက်တဲ့ သိပ္ပံပညာတိုးတက်မှုအသစ်တွေက ရော်ဘာတောင်သူတွေအဖို့ ဒီအခက်အခဲတွေကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်အောင် ကူညီနိုင်ပါလိမ့်မယ်။

ဟီဗီးယား ဘရာစီလန်းစစ်ဆိုတဲ့ ရော်ဘာပင်ဟာ ကေရာလာနဲ့ အရှေ့မြောက်ပြည်နယ်တွေမှာ အဓိကစိုက်ကြတဲ့ စိုက်ခင်းပင်တစ်မျိုးပါ။ ဒီအပင်ရဲ့ အခေါက်ကို ခြစ်ပြီးရလာတဲ့ အစေးကို တိုင်ယာတွေအပြင် ကွန်ဒုံးနဲ့ ခွဲစိတ်ခန်းသုံးလက်အိတ်တွေလို ထုတ်ကုန်တွေ ပြုလုပ်ရာမှာသုံးပါတယ်။ အထွက်ကောင်းလှပါတယ်ဆိုတဲ့ စပ်မျိုးပင်တွေတောင်  နှစ်အစိတ်ကျော်လာရင် အစေးထွက် နည်းလာပါတယ်။ ဒါနဲ့ အသက်ကြီးပင်တွေကို ခုတ်ပြီး အသစ်ပြန်စိုက်ကြလေ့ရှိပါတယ်။ 

အစဉ်အလာအတိုင်းဆို ခုတ်လှဲလိုက်တဲ့ ရော်ဘာသားကို ကုန်သေတ္တာလုပ်ရာမှာ သုံးလိုက်ရတယ်။ အကြောင်းက သစ်သားညံ့လို့ကတစ်ကြောင်း၊ မှိုကြောင့် အသားပျက်ကာ ညံ့သွားလို့ကတစ်ကြောင်းကြောင့်ပါပဲ။ ဒါနဲ့ အိမ်ထောင်ပရိဘောဂလုပ်ဖို့နဲ့ အခြားကိစ္စရပ်တွေမှာ မသုံးကြပါဘူး။  လက်ယှက်ဆက်တဲ့နည်းပညာနဲ့ သစ်သားကိုကြာရှည်ခံအောင်လုပ်တဲ့နည်းပညာတွေလို သစ်သားနဲ့ပတ်သက်တဲ့ သိပ္ပံနည်းပညာတိုးတက်မှုအသစ်တွေက ရော်ဘာသစ် အသုံးချမှုလမ်းသစ်တွေကို ပွင့်လာစေတယ်။ ရော်ဘာသားဟာ လှပပြီး ဈေးသက်သာတဲ့ အတွက်ကြောင့် ဈေးကွက်မှာ ရော်ဘာသားနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေဟာ ရောင်းပန်းလှနေပါတယ်။ 

မလေးရှားတို့လို ရော်ဘာစိုက်တဲ့ တိုင်းပြည်တွေက အစပထမမှာ ရော်ဘာစေးထုတ်ဖို့ အသုံးပြုနိုင်တဲ့ ရော်ဘာပင်တွေကို တိုးတက်ထုတ်လုပ်ဘို့ ကြိုးပမ်းနေကြပြီဖြစ်တယ်။ ရော်ဘာစေးအထွက်လျော့သွားတဲ့နောက်ပိုင်းမှာ အပင်တွေကို ခုတ်လှဲပြီး ရော်ဘာသားအနေနဲ့ အခြားနေရာမှာ အသုံးချမှာဖြစ်တယ်။ ဤကဲ့သို့ ၂ မျိုးသုံးရော်ဘာမျိုးကလုန်း( clone) သို့မဟုတ် စပ်မျိုးက တောင်သူတွေအဖို့ ဝင်ငွေ ၂ ဆ ရစေမှာဖြစ်တယ်။ ဒါပေမယ့် အိန္ဒိယရဲ့ ရော်ဘာဖွံ့ဖြိုးရေးလုပ်ငန်းက ရော်ဘာစေးအထွက်တိုးရေးကိုသာ အာရုံစိုက်နေပြီး ရော်ဘာသားရဲ့ အရည်အသွေးကောင်းအောင်ကြိုးပမ်းဖို့ကိုကျတော့ လစ်လျူရှုထားကြတယ်။ အခုတော့ ပြောင်းလဲလာပါပြီ။ စောစောပိုင်းလေ့လာမှုတွေက ရွေးချယ်မျိုးစပ်တဲ့ အစီအစဉ်တွေကနေ ရော်ဘာသားရဲ့ အရည်အသွေး ကောင်းလာနိုင်တယ်ဆိုတဲ့ သက်သေပြနိုင်နေပြီဖြစ်တယ်။ 

ဒါက အိန္ဒိယမှာ ရော်ဘာနဲ့ပတ်သက်ပြီး ကြိုးပမ်းနေပုံတွေပါ။ ၂ မျိုးသုံးရော်ဘာမျိုးလို့ခေါ်တဲ့ LT clone တွေကို မလေးရှားတို့အင်ဒိုတို့မှာ သုတေသနလုပ်နေတာတော့ကြာပါပြီ။ 

L ဆိုတာ Latex ရော်ဘာစေးနဲ့ T က timber သစ်သား နှစ်မျိုးလုံးအရည်အသွေးကောင်း အထွက်ကောင်းအောင် မျိုးစပ်ထားတဲ့ ရော်ဘာမျိုးပါ။ ကျနော်တို့ဆီမှာလည်း ဘယ်ဒေသမှာ ဘယ်အပင်မျိုး ဘယ် ကလုန်း(clone) က အဆင်အပြေဆုံးဆိုတာ သုတေသနလုပ်ပြီး ရော်ဘာစိုက်တောင်သူတွေကို အသိပညာပေးသင့်ပါတယ်။ စမ်းတဝါးဝါးစိုက်နေရတဲ့ တောင်သူတွေအဖို့ ငွေကုန် အချိန်ကုန်မဖြစ်ရအောင်ပါ။ ရော်ဘာက နှစ်ရှည်ပင်ဖြစ်တော့ ထွက်တဲ့အချိန် ၇ နှစ်ကြာမှ သိရတဲ့အခါ အလွန်နစ်နာလှပါတယ်။ ခုဆိုရင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကစမ်းစိုက်ခဲ့တဲ့ LT clone ဖြစ်တဲ့ ၂၀၀၀ စီးရီးတွေ အစေးစထွက်ပါပြီ။ သေချာစုံစမ်းကြပါ။ ထားဝယ်ဘက်မှာက ဘယ်လို။ လှည်းကူးဘက်မှာဘယ်သို့၊ ကချင်ဘက်မှာ ဘယ်ပုံ ရာသီဥတုမြေခံမတူကြတာကြောင့် အထွက်တွေတူကြမှာမဟုတ်ဘူး။

ညီသွေး 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။