ပညာသင်ဆု လျှောက်ထားသူ ၁၉ ဦးလုံးအား ဆုချီးမြှင့်ခြင်း

31/05/2025 07:09 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာနံနက်ခင်းမှာ အစိမ်းရောင်လမ်းကတောင်သူတွေအတွက်

သတင်းကောင်းပို့စ်လေး အပြေးလာတင်ပေးလိုက်ပါတယ်ရှင့်.. 😍

🌾 အဲ့တာကတော့ မိုးစပါးအထွက်ကောင်းဖို့အတွက် မြေဆီလွှာစီမံခန့်ခွဲနည်းနှင့် စက်ပစ္စည်း ရွေးချယ်ဝယ်ယူနည်း သင်တန်းအတွက် အမှန်တကယ်မိုးစပါးစိုက်ပျိုးပြီး နည်းပညာလိုအပ်သူများကို ပညာသင်ဆု (၁၀) ဆု ပေးပါမယ်ဆိုတာကို ပြန်လည်ကြေညာပေးလိုက်တာဖြစ်ပါတယ်

ဒါပေမဲ့ 

ရွေးချယ်ဖို့အတွက် လျှောက်လွှာများကို ပညာသင်ဆု ပေးအပ်ရန်အတွက် ဖတ်ကြည့်ရာမှာ တိုင်းဒေသအသီးသီးက တောင်သူအားလုံးဟာ အမှန်တကယ်လိုအပ်နေကြောင်း ခံစားမိတဲ့အတွက် လျှောက်ထားသူ ၁၉ ယောက်လုံးကို ပေးအပ်လိုက်ကြောင်းလည်း ဝမ်းမြောက်ဝမ်းသာ ကြေညာပေးချင်ပါတယ်။ 

မိခင်ကြီး ဒေါ်ခိုင်ခိုင်ကို ရည်စူးပြီး ပညာသင်ဆုပေးအပ်တဲ့ ဆရာမ  ဒေါ်Thein Thein Aung လည်း စိတ်ချမ်းသာကိုယ်ကျန်းမာကာ တောင်သူအကျိုးကို နှစ်ပေါင်းများစွာဆောင်ရွက်နိုင်တာကို မိခင်ကြီးလည်း ကြည်နူးကာ ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ အစိမ်းရောင်လမ်းမိသားစုကလည်း မေတ္တာပို့ဆုတောင်းလိုက်ရပါတယ်ရှင်  🙏

တောင်သူတွေအတွက်လည်း အကျိုးရှိတဲ့ သင်တန်းတစ်ခုဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်..

ဒါဆို အစိမ်းရောင်လမ်းက သင်တန်းတက်ရောက်ကြမယ့် ဦးကြီးဒေါ်ကြီးတို့နဲ့ ဒီနေ့ ည ၇ နာရီ Zoom Platform မှာ ဆုံတွေ့ကြပါမယ်နော် 🌾🌾


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်