ပုစွန်ကျားမွေးမြူရေးနည်းစနစ်များ

17/10/2023 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ရေငန်ပုစွန်ကျားမွေးမြူရေးနည်းစနစ်များမှာ နေရာဒေသ၏ ရာသီဥတု၊ ရေ၊ မြေ သဘာဝအပေါ်အခြေခံ၍ ရေငန်ပုစွန်များ ကြွယ်ဝမှုပေါ်မူတည်ပြီး မွေးမြူထုတ်လုပ်နိုင်ပါသည်။ အဓိကအခြေခံအားဖြင့် မွေးမြူရေးနည်းစနစ် (၃) မျိုးသာရှိပါသည်။

ပထမနည်းမှာ - 

ရေငန်ပုစွန်ကျားများအား သဘာဝအလေ့အထကို အခြေခံသောနည်းစနစ်ဖြစ်သည်။ ဒီရေဖြင့်ပါလာသော ပုစွန်ကျားသားပေါက်များကို ရေငန်ဝင်သော မြေများတွင် တာရိုးများ (တာဘောင်များ) ပြုလုပ်၍ မွေးမြူသောနည်းစနစ်ဖြစ်သည်။ ၎င်းမွေးမြူရေးနည်းစနစ်သည် အကုန်အကျသက်သာ၍ လွယ်ကူသော နည်းစနစ်ဖြစ်သည်။ ရေငန်ဝင်ရောက်သော နယ်မြေများတွင် ဒီရေအတက်အကျကို စောင့်ကြည့်ပြီး ဖမ်းဆီးမွေးမြူခြင်းဖြစ်ပါသည်။ အချုပ်အားဖြင့်သဘာဝကို အခြေခံပြီး ပုစွန်ကျားအသားတိုးမွေးမြူရခြင်းဖြစ်သည်။ 

ရခိုင်ပြည်နယ်ရှိ နတ်မြစ်ကမ်းပါးတစ်လျှောက်တွင် မြေဧက ထောင်ချီ၍ ဖမ်းဆီးမွေးမြူထားကြောင်း လေ့လာသိရှိခဲ့ပါသည်။  တစ်ဧက ပိဿာ ၅၀ ခန့်ရရှိနိုင်ပါသည်။ 

ဒုတိယမွေးမြူနည်းစနစ်မှာ 

မြေကြီးတွင်ကန်ကြီးများကို စနစ်တကျ တည်ဆောက်ပြီး ပုစွန်ကျားသားပေါက်များကို သဘာဝမှ ဖမ်းဆီးရယူ၍ ကန်များအတွင်းထိန်းသိမ်းစောင့်ရှောက်ကာ စနစ်တကျမွေးမြူသော နည်းစနစ်ဖြစ်ပါသည်။ အကုန်အကျများပြီး ကျွမ်းကျင်မှုလိုအပ်ပါသည်။ တစ်ဧကကို ပိဿာချိန် ၃၀၀ ကျော်အထိ ရရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ ယခုအခါ ၎င်းနည်းစနစ်ဖြင့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များသည် ခေတ်ပေါ်နည်းစနစ်များဖြင့် မွေးမြူနေကြောင်း တွေ့ရှိရပါသည်။

တတိယမွေးမြူနည်းစနစ်မှာ 

လိုအပ်သော ရေငန်ပုစွန်ကျားသားပေါက်များကို ပင်လယ်ပြင်မှ မျိုးပုစွန်ကြီးများကို ရယူပြီး အခန်းတွင်းသားပေါက်ထုတ်လုပ်ရေးနည်းဖြင့် ပုစွန်ကျားသားပေါက်များကို ဒုတိယနည်းကဲ့သို့ အသားတိုးကန်ကြီးများ ထည့်သွင်း၍ မွေးမြူသောနည်းစနစ်ဖြစ်ပါသည်။ ကျွမ်းကျင်မှုနှင့် အထူးဂရုစိုက်မွေးမြူရန် လိုအပ်သောနည်းဖြစ်သည်။

ရေငန်ပုစွန်ကျား မွေးမြူနိုင်သည့် နေရာများနှင့် ရေမြေအခြေအနေများ

  • မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းရိုးတန်းတလျှောက်သို့ စီးဝင်သော မြစ်ချောင်းမြောင်းများ၏ ဘေးတဖက်တချက်တွင် ဒီရေတက်ချိန်၌ ရေချို/ရေငန်စပ် နေရာများကို ပုစွန်ကျားမွေးမြူရန် တည်ဆောက်ရန် သတ်မှတ်ရွေးချယ်သင့်သည်။
  • အသင့်တော်ဆုံးနေရာများမှာ ခေါင်ရေတကယ်တက်ချိန်၌ မြစ်ကမ်းပါး၊ မြေနိမ့်ပိုင်းသည် အနည်းဆုံး ၃ ပေ (သို့) ၄ ပေခန့် တက်သောမြေနေရာများ၌ ရွေးချယ်သင့်သည်။
  • ရေငန်ဝင်ရောက်ပြီး စပါးမစိုက်သော မြေနေရာများ၊ မြေနိမ့်ပိုင်းများ အသုံးမပြုတော့သော ဆားကွင်းဟောင်းများကို လည်းကောင်း အသုံးချပါက ပို၍ ကောင်းမွန်ပါသည်။ 
  • ဖော်ပြပါ မြေအနေအထားမျိုးကို ရခိုင်ပြည်နယ်တွင် အများဆုံးရှိ၍ ဧက ၂ သိန်းခန့် မွေးမြူနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါ မြေအမျိုးအစားများတွင် မိုးရာသီအချိန်၌ပင် ချောင်ရေများတွင် ရေငန်ဓာတ်ကျန်ရှိနေကြောင်းပါတွေ့ရှိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်