ပုစွန်ကျားမွေးမြူရေးနည်းစနစ်များ

17/10/2023 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ရေငန်ပုစွန်ကျားမွေးမြူရေးနည်းစနစ်များမှာ နေရာဒေသ၏ ရာသီဥတု၊ ရေ၊ မြေ သဘာဝအပေါ်အခြေခံ၍ ရေငန်ပုစွန်များ ကြွယ်ဝမှုပေါ်မူတည်ပြီး မွေးမြူထုတ်လုပ်နိုင်ပါသည်။ အဓိကအခြေခံအားဖြင့် မွေးမြူရေးနည်းစနစ် (၃) မျိုးသာရှိပါသည်။

ပထမနည်းမှာ - 

ရေငန်ပုစွန်ကျားများအား သဘာဝအလေ့အထကို အခြေခံသောနည်းစနစ်ဖြစ်သည်။ ဒီရေဖြင့်ပါလာသော ပုစွန်ကျားသားပေါက်များကို ရေငန်ဝင်သော မြေများတွင် တာရိုးများ (တာဘောင်များ) ပြုလုပ်၍ မွေးမြူသောနည်းစနစ်ဖြစ်သည်။ ၎င်းမွေးမြူရေးနည်းစနစ်သည် အကုန်အကျသက်သာ၍ လွယ်ကူသော နည်းစနစ်ဖြစ်သည်။ ရေငန်ဝင်ရောက်သော နယ်မြေများတွင် ဒီရေအတက်အကျကို စောင့်ကြည့်ပြီး ဖမ်းဆီးမွေးမြူခြင်းဖြစ်ပါသည်။ အချုပ်အားဖြင့်သဘာဝကို အခြေခံပြီး ပုစွန်ကျားအသားတိုးမွေးမြူရခြင်းဖြစ်သည်။ 

ရခိုင်ပြည်နယ်ရှိ နတ်မြစ်ကမ်းပါးတစ်လျှောက်တွင် မြေဧက ထောင်ချီ၍ ဖမ်းဆီးမွေးမြူထားကြောင်း လေ့လာသိရှိခဲ့ပါသည်။  တစ်ဧက ပိဿာ ၅၀ ခန့်ရရှိနိုင်ပါသည်။ 

ဒုတိယမွေးမြူနည်းစနစ်မှာ 

မြေကြီးတွင်ကန်ကြီးများကို စနစ်တကျ တည်ဆောက်ပြီး ပုစွန်ကျားသားပေါက်များကို သဘာဝမှ ဖမ်းဆီးရယူ၍ ကန်များအတွင်းထိန်းသိမ်းစောင့်ရှောက်ကာ စနစ်တကျမွေးမြူသော နည်းစနစ်ဖြစ်ပါသည်။ အကုန်အကျများပြီး ကျွမ်းကျင်မှုလိုအပ်ပါသည်။ တစ်ဧကကို ပိဿာချိန် ၃၀၀ ကျော်အထိ ရရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ ယခုအခါ ၎င်းနည်းစနစ်ဖြင့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များသည် ခေတ်ပေါ်နည်းစနစ်များဖြင့် မွေးမြူနေကြောင်း တွေ့ရှိရပါသည်။

တတိယမွေးမြူနည်းစနစ်မှာ 

လိုအပ်သော ရေငန်ပုစွန်ကျားသားပေါက်များကို ပင်လယ်ပြင်မှ မျိုးပုစွန်ကြီးများကို ရယူပြီး အခန်းတွင်းသားပေါက်ထုတ်လုပ်ရေးနည်းဖြင့် ပုစွန်ကျားသားပေါက်များကို ဒုတိယနည်းကဲ့သို့ အသားတိုးကန်ကြီးများ ထည့်သွင်း၍ မွေးမြူသောနည်းစနစ်ဖြစ်ပါသည်။ ကျွမ်းကျင်မှုနှင့် အထူးဂရုစိုက်မွေးမြူရန် လိုအပ်သောနည်းဖြစ်သည်။

ရေငန်ပုစွန်ကျား မွေးမြူနိုင်သည့် နေရာများနှင့် ရေမြေအခြေအနေများ

  • မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းရိုးတန်းတလျှောက်သို့ စီးဝင်သော မြစ်ချောင်းမြောင်းများ၏ ဘေးတဖက်တချက်တွင် ဒီရေတက်ချိန်၌ ရေချို/ရေငန်စပ် နေရာများကို ပုစွန်ကျားမွေးမြူရန် တည်ဆောက်ရန် သတ်မှတ်ရွေးချယ်သင့်သည်။
  • အသင့်တော်ဆုံးနေရာများမှာ ခေါင်ရေတကယ်တက်ချိန်၌ မြစ်ကမ်းပါး၊ မြေနိမ့်ပိုင်းသည် အနည်းဆုံး ၃ ပေ (သို့) ၄ ပေခန့် တက်သောမြေနေရာများ၌ ရွေးချယ်သင့်သည်။
  • ရေငန်ဝင်ရောက်ပြီး စပါးမစိုက်သော မြေနေရာများ၊ မြေနိမ့်ပိုင်းများ အသုံးမပြုတော့သော ဆားကွင်းဟောင်းများကို လည်းကောင်း အသုံးချပါက ပို၍ ကောင်းမွန်ပါသည်။ 
  • ဖော်ပြပါ မြေအနေအထားမျိုးကို ရခိုင်ပြည်နယ်တွင် အများဆုံးရှိ၍ ဧက ၂ သိန်းခန့် မွေးမြူနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါ မြေအမျိုးအစားများတွင် မိုးရာသီအချိန်၌ပင် ချောင်ရေများတွင် ရေငန်ဓာတ်ကျန်ရှိနေကြောင်းပါတွေ့ရှိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်