ရေငန်တွားသွားသတ္တဝါ………ပင်လယ်လိပ်

19/11/2021 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ပင်လယ်လိပ်များသည် ရေငန်ပိုင်းနေ သွေးနွေးတွားသွားသတ္တဝါများဖြစ်ကြပြီး သက်တမ်း နှစ် ၁၅၀ ခန့် နေထိုင်နိုင်ကြသော အသက်အရှည်ဆုံး ရေသတ္တဝါများတွင် ပါဝင်​ကြပါသည်။ ခန့်မှန်းအားဖြင့် တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၁၂၀၀၀ ခန့်ရှိကြပြီး ထိုအထဲမှာမှ မျိုးစိတ် ၁၀၀ ခန့်ကိုသာ ပင်လယ်တွားသွားသတ္တဝါအဖြစ် သတ်မှတ်ကြပါသည်။

    ပင်လယ်တွားသွားသတ္တဝါများမှာ အဆုတ်အစား ပါးဟက်ကိုသုံး၍ အသက်ရှူကြသည်။ ထို့ကြောင့် ပင်လယ်သမုဒ္ဒရာအတွင်းရှိ တွားသွားသတ္တဝါများသည် ရေအောက်တွင် ပါးဟက်ဖြင့် အသက်ရှူနိုင်သကဲ့သို့ တစ်ခါတရံတွင် အဆုတ်ကိုအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ တက်ကာ အသက်ရှူကြပါသည်။

    ပင်လယ်လိပ်များမှာမူ သူတို့၏ဥများကို ဥချရန်အတွက်  ကမ်းခြေပေါ်သို့တက်လာကာ ဥဥလေ့ရှိကြပါသည်။ ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် (၇) မျိုးရှိရာ မြန်မာနိုင်ငံတွင် မျိုးစိတ် (၅) မျိုးကို တွေ့ရှိရပါသည်။

၄င်းတို့မှာ-

(၁) ပြင်သာလိပ် (Green Turtle)

(၂) လိပ်စောင်းလျား (Leatherback Turtle)

(၃) လိပ်ကြက်တူရွေး (Hawkbill Turtle)

(၄) လိပ်ခွေး (Loggerhead Turtle)

(၅) လိပ်လှောင်း (Olive Ridley's Turtle) ဟူ၍ ဖြစ်ကြသည်။

၁။ ပြင်သာလိပ်

    ပြင်သာလိပ်သည် အရောင်မျိုးစုံရှိကြပြီး ကျောခွံအလျားမှာ ၃ ပေထိ ရှည်သည်။ သက်ကြီးကောင်များသည် တစ်ခုတည်းသော အရွက်စားပင်လယ်လိပ်ဖြစ်သည်။ ထို့ကြောင့် အသီးအရွက်ပေါများသော ပင်လယ်ကမ်းရိုးတန်းများနှင့် ပင်လယ်အော်များတွင် ကျက်စားကြသည်။

၂။ လိပ်စောင်းလျား

    လိပ်စောင်းလျားသည် ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ဖြစ်ပြီး အလေးချိန် ပေါင် ၅၀၀ မှ ၂၀၀၀ ထိ ရှိကြသည်။ ကျောခွံမှာ ပျော့ပျောင်းပြီး စောင်းလျားသီးပုံသဏ္ဍန် ဇောင်း ၅ ခု ပါရှိကြသည်။

၃။ လိပ်ကြက်တူရွေး

    လိပ်ကြက်တူရွေးမှာ ဦးခေါင်းသွယ်၍ ငှက်နှုတ်သီးပုံမေးရိုး ရှိကြသည်။ အပူပိုင်းဒေသတွင် တွေ့ရအများဆုံးဖြစ်သည်။ လိပ်ကြက်တူရွေးအခွံအား လက်ဝတ်ရတနာအဖြစ်အသုံးပြုရန် တိုက်တွန်းခြိမ်းခြောက်ခြင်း ခံနေရသည်။

၄။ လိပ်ခွေး

    လိပ်ခွေးမှာ ဦးခေါင်းခွံကြီး၍ သန်မာသောမေးရိုးများရှိကြသည်။ လိပ်ခွေးများမှာ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ၄င်းတို့ဥချရာနေရာများ လျော့ပါးနှောင့်ယှက်ခြင်းခံနေရပါသည်။

၅။ လိပ်လှောင်း

    လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ သံလွင်ရောင်ရှိကြသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်သည်။ ခြိမ်းခြောက်အန္တရာယ်များမှာ ငါးဖမ်းပိုက်များတွင် မတော်တဆဖမ်းမိခြင်း၊ ပင်လယ်ထဲကအမှိုက်များနှင့် ငြိတွယ်မိခြင်းတို့ကြောင့် ဖြစ်သည်။

    ယခုအခါ ပင်လယ်လိပ်များမှာ မျိုးသုဥ်းရန်အန္တရာယ်ရှိနေသော မျိုးစိတ်များတွင် ပါဝင်နေပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လိပ်မျိုးထိန်းသိမ်းရေးကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် သမီးလှကျွန်း၊ ဘိုကလေးမြို့နယ်တွင် ကတုံးကလေးကျွန်း၊ ဂယက်ကြီးကျွန်း၊ မစိန့်ယုံကျွန်း၊ ငါးမန်းသောင်ကျွန်း စသည့် နေရာများတွင်လည်းကောင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့ လောင်းလုံဘုတ်ကျွန်း (သိုင်းသောင်စခန်း) တွင်လည်းကောင်း လိပ်မျိုးထိန်းသိမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ 

ပင်လယ်လိပ်များ၏ ဂေဟစနစ်ဝန်ဆောင်မှုများ

- ပင်လယ်လိပ်များသည် ရင့်ရော်နေသော ပင်လယ်မြက်များကိုစားပေးပြီး သူတို့စွန့်ထုတ်လိုက်သောမစင်များမှ အပင်များအတွက် အာဟာရဖြစ်စေခြင်း။

- ပင်လယ်လိပ်များသည် သားကောင်အရေအတွက်အား ထိန်းညှိပေးခြင်း။

- ပင်လယ်လိပ်၏ ဥ၊ ဥခွံ နှင့် သားပေါက်များမှ ဂေဟစနစ်အတွက် အာဟာရအရင်းအမြစ်များ ထောက်ပံ့ပေးခြင်း။

- ပင်လယ်လိပ်များသည် ဒေသအမွေအနှစ်တစ်ခုဖြစ်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ခြင်းတို့ ဖြစ်ကြသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)

Ref: Wikipedia. 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်