ရေငန်တွားသွားသတ္တဝါ………ပင်လယ်လိပ်

19/11/2021 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ပင်လယ်လိပ်များသည် ရေငန်ပိုင်းနေ သွေးနွေးတွားသွားသတ္တဝါများဖြစ်ကြပြီး သက်တမ်း နှစ် ၁၅၀ ခန့် နေထိုင်နိုင်ကြသော အသက်အရှည်ဆုံး ရေသတ္တဝါများတွင် ပါဝင်​ကြပါသည်။ ခန့်မှန်းအားဖြင့် တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၁၂၀၀၀ ခန့်ရှိကြပြီး ထိုအထဲမှာမှ မျိုးစိတ် ၁၀၀ ခန့်ကိုသာ ပင်လယ်တွားသွားသတ္တဝါအဖြစ် သတ်မှတ်ကြပါသည်။

    ပင်လယ်တွားသွားသတ္တဝါများမှာ အဆုတ်အစား ပါးဟက်ကိုသုံး၍ အသက်ရှူကြသည်။ ထို့ကြောင့် ပင်လယ်သမုဒ္ဒရာအတွင်းရှိ တွားသွားသတ္တဝါများသည် ရေအောက်တွင် ပါးဟက်ဖြင့် အသက်ရှူနိုင်သကဲ့သို့ တစ်ခါတရံတွင် အဆုတ်ကိုအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ တက်ကာ အသက်ရှူကြပါသည်။

    ပင်လယ်လိပ်များမှာမူ သူတို့၏ဥများကို ဥချရန်အတွက်  ကမ်းခြေပေါ်သို့တက်လာကာ ဥဥလေ့ရှိကြပါသည်။ ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် (၇) မျိုးရှိရာ မြန်မာနိုင်ငံတွင် မျိုးစိတ် (၅) မျိုးကို တွေ့ရှိရပါသည်။

၄င်းတို့မှာ-

(၁) ပြင်သာလိပ် (Green Turtle)

(၂) လိပ်စောင်းလျား (Leatherback Turtle)

(၃) လိပ်ကြက်တူရွေး (Hawkbill Turtle)

(၄) လိပ်ခွေး (Loggerhead Turtle)

(၅) လိပ်လှောင်း (Olive Ridley's Turtle) ဟူ၍ ဖြစ်ကြသည်။

၁။ ပြင်သာလိပ်

    ပြင်သာလိပ်သည် အရောင်မျိုးစုံရှိကြပြီး ကျောခွံအလျားမှာ ၃ ပေထိ ရှည်သည်။ သက်ကြီးကောင်များသည် တစ်ခုတည်းသော အရွက်စားပင်လယ်လိပ်ဖြစ်သည်။ ထို့ကြောင့် အသီးအရွက်ပေါများသော ပင်လယ်ကမ်းရိုးတန်းများနှင့် ပင်လယ်အော်များတွင် ကျက်စားကြသည်။

၂။ လိပ်စောင်းလျား

    လိပ်စောင်းလျားသည် ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ဖြစ်ပြီး အလေးချိန် ပေါင် ၅၀၀ မှ ၂၀၀၀ ထိ ရှိကြသည်။ ကျောခွံမှာ ပျော့ပျောင်းပြီး စောင်းလျားသီးပုံသဏ္ဍန် ဇောင်း ၅ ခု ပါရှိကြသည်။

၃။ လိပ်ကြက်တူရွေး

    လိပ်ကြက်တူရွေးမှာ ဦးခေါင်းသွယ်၍ ငှက်နှုတ်သီးပုံမေးရိုး ရှိကြသည်။ အပူပိုင်းဒေသတွင် တွေ့ရအများဆုံးဖြစ်သည်။ လိပ်ကြက်တူရွေးအခွံအား လက်ဝတ်ရတနာအဖြစ်အသုံးပြုရန် တိုက်တွန်းခြိမ်းခြောက်ခြင်း ခံနေရသည်။

၄။ လိပ်ခွေး

    လိပ်ခွေးမှာ ဦးခေါင်းခွံကြီး၍ သန်မာသောမေးရိုးများရှိကြသည်။ လိပ်ခွေးများမှာ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ၄င်းတို့ဥချရာနေရာများ လျော့ပါးနှောင့်ယှက်ခြင်းခံနေရပါသည်။

၅။ လိပ်လှောင်း

    လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ သံလွင်ရောင်ရှိကြသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသော မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်သည်။ ခြိမ်းခြောက်အန္တရာယ်များမှာ ငါးဖမ်းပိုက်များတွင် မတော်တဆဖမ်းမိခြင်း၊ ပင်လယ်ထဲကအမှိုက်များနှင့် ငြိတွယ်မိခြင်းတို့ကြောင့် ဖြစ်သည်။

    ယခုအခါ ပင်လယ်လိပ်များမှာ မျိုးသုဥ်းရန်အန္တရာယ်ရှိနေသော မျိုးစိတ်များတွင် ပါဝင်နေပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လိပ်မျိုးထိန်းသိမ်းရေးကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် သမီးလှကျွန်း၊ ဘိုကလေးမြို့နယ်တွင် ကတုံးကလေးကျွန်း၊ ဂယက်ကြီးကျွန်း၊ မစိန့်ယုံကျွန်း၊ ငါးမန်းသောင်ကျွန်း စသည့် နေရာများတွင်လည်းကောင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့ လောင်းလုံဘုတ်ကျွန်း (သိုင်းသောင်စခန်း) တွင်လည်းကောင်း လိပ်မျိုးထိန်းသိမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ 

ပင်လယ်လိပ်များ၏ ဂေဟစနစ်ဝန်ဆောင်မှုများ

- ပင်လယ်လိပ်များသည် ရင့်ရော်နေသော ပင်လယ်မြက်များကိုစားပေးပြီး သူတို့စွန့်ထုတ်လိုက်သောမစင်များမှ အပင်များအတွက် အာဟာရဖြစ်စေခြင်း။

- ပင်လယ်လိပ်များသည် သားကောင်အရေအတွက်အား ထိန်းညှိပေးခြင်း။

- ပင်လယ်လိပ်၏ ဥ၊ ဥခွံ နှင့် သားပေါက်များမှ ဂေဟစနစ်အတွက် အာဟာရအရင်းအမြစ်များ ထောက်ပံ့ပေးခြင်း။

- ပင်လယ်လိပ်များသည် ဒေသအမွေအနှစ်တစ်ခုဖြစ်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်ခြင်းတို့ ဖြစ်ကြသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)

Ref: Wikipedia. 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်