မျိုးစေ့များ သိမ်းဆည်းခြင်း

16/01/2018 13:05 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

အိန္ဒိယနိုင်ငံမှာ အထွက်တိုးစေတဲ့ ဒေသမျိုးစေ့တွေ မျိုးဆန်တွေကို ထိန်းသိမ်းတဲ့ ရှေးရိုးရာနည်းစနစ်လေးတွေ ဗဟုသုတအဖြစ် ဖော်ပြချင်ပါတယ်။ ပိုးကျရောက်မှု ရောဂါကျရောက်မှုမရှိအောင် မြန်မာမှာ စပါးကျီ ကဲ့သို့ သိမ်းဆည်းသလို အိန္ဒိယနိုင်ငံမှာတော့ ပဲမျိုးစေ့တွေကို သဲနဲ့ ရောစပ်သိမ်းဆည်းကြပါတယ်။ စပါးနဲ့ အချို့ပဲမျိုးတွေကို သစ်ရွက်စိမ်းတွေထည့် သိမ်းဆည်းကြပါသေးတယ်။

ကြက်ဆူမှုန့် ငရုတ်သီးမှုန့် ဆားတို့နဲ့ ရောနယ်ခြင်း သဲရောခြင်း မြက်ပင်ရှည်များဖြင့် ချည်နှောင်ခြင်းစနစ် မြေကျင်းများတွင် ထည့်သွင်းခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ မြေကို အသုံးပြုခြင်း မြေနီ သို့မဟုတ် အနီညိုရောင်မြေကို ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး တောင်း ထည့်စရာခွက်တွေကို သုတ်လိမ်းပြီး မျိုးစေ့များကို ထည့်သွင်း ကာလရှည်ကြာစွာ သိမ်းဆည်းပါတယ်။ တမာကဲ့သို့ အနံပြင်းအစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ စပါး နှံစားအုပ်စုတွေ ပဲမျိုးအမျို့ကို အတူရောထည့်ပြီး အိတ်များနဲ့ အရိပ်အောက်မှာ ချည်နှောင်သိမ်းဆည်းကြပါသေးတယ်။ မြေအိုးအတွင်း အမှုန့်ကြိတ်ထားတဲ့ ကြက်ဆူအမှုန့်နှင့် ပဲမျိုး ၀.၂၅း၁ အချိုးနှုန်းနဲ့ ရောစပ်ပြီး သိမ်းဆည်းကြသလို အိုးအဖုံးကို နွားချေးနဲ့ ရွှံ့လိုပိတ်လိမ်းပြီး ကာလကြာမြင့်စွာ သိမ်းဆည်းထားကြပါတယ်။ ပလတ်စတစ် ၃၀ ကီလို အိတ်မှာ ဆား ၃၀ သား ဟင်းခတ်ငရုတ်သီးမှုန့် ၁၅ ကျပ်သား ပြောင်း ဂျုံလို မျိုးစေ့ ၂၅ ကီလို ရောနယ်ပြီး ပိုးများ ပိုးဥများမဝင်အောင် ချည်နှောင်သိမ်းဆည်းကြပါတယ်။ ကာလအားဖြင့် တစ်နှစ်လောက် အထားခံပါတယ်။

၅ ကီလို ဒါမှမဟုတ် ၃ပိသာဝင်ဆန့် မြေအိုးထဲမှာ အစိုဓာတ် ရေမပါဝင်တဲ့ သဲကို မျိုးစေ့ တစ်လွှာ သဲတစ်လွှာထပ်ပြီး အဆင့်လိုက်ထည့်ပါ အပေါ်မှ သဲထူထူဖုံး သိမ်းဆည်းမယ်ဆိုရင် ကာလအတန်ကြာထိ အရည်အသွေးကောင်းတဲ့ အစေ့အဆန်များ ပျက်စီးလေလွင့်မှု နည်းပါးတာပေါ့ဗျာ။

မြက်ပင်ရှည်များချည်နှောင်ခြင်းစနစ်ကတော့ စပါးကျီလုပ်သလို မြက်ပင်တွေ ဝါးတွေ သစ်ကိုင်းတွေနဲ့ အကာအရံနဲ့ သိမ်းဆည်းတဲ့စနစ်ပါ။ သိသူများတဲ့အတွက် မဖော်ပြတော့ပါ။ တစ်ခုတော့ ပြောစရာ ရှိပါတယ်။ မိမိသိမ်းဆည့်မယ့် မျိုးစေ့ဟာ အစိုဓာတ် လုံးဝမရှိအောင် ခြောက်နေဖို့လိုပြီး ပိုးရောဂါကင်းစင်တဲ့ မျိုးစေ့ ဖြစ်ဖို့တော့လိုပါလိမ့်မယ်။

Substainable Agriculture in India

Khant Zaw Htet


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်