တောင်သူတွေကိုယ်တိုင် မျိုးထုတ်တော့မယ်ဆိုရင် - ၂ (လိုက်နာဆောင်ရွက်သင့်သည့် အချက်များ)

15/09/2023 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

 

တောင်သူအဆင့် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ပျိုးခင်းနှင့် စိုက်ကွင်းအတွက် မြေပြုပြင်ခြင်း၊ မစိုက်ခင် စိုက်ပျိုးမည့် မြေအနေအထားကို သိရှိရန်လိုအပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို ကောင်းစွာ စီမံခန့်ခွဲခြင်း၊ မျိုးကွဲနှုတ်ပယ်ခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းသည့် ထိရောက်သော နည်းလမ်းများကို အသုံးချခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ ကောင်းစွာစီမံခန့်ခွဲအသုံးပြုခြင်းတို့ လိုက်နာဆောင်ရွက်ရန် လိုအပ်ပေသည်။ 

စိုက်ခင်းအတွင်း မြေကိုကောင်းမွန်စွာပြုပြင်ပေးခြင်းသည်

  • ပေါင်းမြက်ကို ကာကွယ် နှိမ်နင်းပေးနိုင်ခြင်း၊
  • အပင်အာဟာရဓာတ်များကို ပြန်လည်အသုံးချနိုင်ခြင်း၊
  • ပျိုးပင်များကို စိုက်ပျိုးရလွယ်ကူခြင်း၊
  • မြေမျက်နှာပြင်ညီညာ၍ ရေဝပ်မှု ကွက်ပျောက်ဖြစ်ပေါ်မှုကို လျော့နည်းစေ၍ အပင်ညီညာစွာပေါက်ရောက်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။

ယေဘုယျအားဖြင့် မစိုက်ခင် ၃-၄ ပတ်အလိုတွင် မြေကို ပြုပြင်ပေးရမည်။

မြေကို မပြုပြင်ခင် စိုက်ပျိုးမည့် မြေ၏ အနေအထားကို သိရှိရန် လိုအပ်ပါသည်။ မြေ၏အခြေအနေကို သိရှိနိုင်ရန် တစ်ဧကစိုက်ခင်းမှ ထောင့်ဖြတ်နှစ်ခုအလိုက် မြေနေရာ အနည်းဆုံး (၁၀-၂၀) နေရာသတ်မှတ်၍ တစ်နေရာစီမှ မြေအနက် (၆) လက်မထိ ဂေါ်ပြားဖြင့် V ပုံသဏ္ဍာန် တူးယူနိုင်ပါသည်။ ဂေါ်ပြားတစ်ပြားစာ ရရှိလာသော မြေများကိုဘေးအစွန်းဘက်မှ မြေများဖယ်ထုတ်၍ အလယ်သားကိုယူကာ ရယူထားသော နေရာအားလုံးမှ မြေများကို စုပေါင်း၍ သက်ဆိုင်ရာ မြေဆီလွှာဓါတ်ခွဲစမ်းသပ်ဌာနသို့ နမူနာပေးပို့ဓာတ်ခွဲ ကြည့်ခြင်းအား ဖြင့် သိရှိနိုင်ပါသည်။ သို့မှသာ အပင်မှ လိုအပ်သော အာဟာရနှင့် မြေကြီးမှာ ရှိသော အာဟာရချိန်ဆ၍ လိုအပ်သော မြေဩဇာကို မှန်ကန်စွာ ပံ့ပိုးပေးနိုင်၍ ကုန်ကျစရိတ်သက်သာကာ မြေနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျော့ချပေးနိုင်မည် ဖြစ်ပါသည်။

ဓာတ်မြေဩဇာများထည့်သွင်းရာတွင် 4R-အာဟာရဓာတ် စီမံခန့်ခွဲမှုကို လိုက်နာဆောင်ရွက်သင့်ပါသည်။ မှန်ကန်သော မြေဩဇာ (Right source)၊ မှန်ကန်သော နှုန်းထား (Right rate)၊ မှန်ကန်သော နေရာတွင် (Right place) မှန်ကန်သော အချိန်၌  (Right time) ထည့်သွင်းပေးရန်လိုအပ်ပါသည်။

အပင်အတွက် လိုအပ်သော အာဟာရဓာတ်များ၊ ဓာတ်ခွဲစမ်းသပ်၍ ရရှိလာသော မြေကြီးအတွင်း ပါဝင်သော အာဟာရဓာတ်များ၊ အပင်ကြီးထွားမှုအဆင့်၊ ပတ်ဝန်းကျင် ရာသီဥတု အနေအထားတို့ကို ချိန်ဆ၍ လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ ဥပမာ-နိုက်ထရိုဂျင် ပမာဏလျော့နည်းသော မြေတွင် သတ်မှတ်ထောက်ခံထားသော မြေဩဇာပမာဏနှုန်းထား (မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအတွက် တစ်ဧက ယူရီးယားမြေဩဇာ ၁၁၂ ပေါင်) ကို သီးနှံသက်တမ်း တစ်လျှောက် အနည်းဆုံး (၃) ကြိမ် (ပင်ပွားစည်းချိန်၊ မှို့ကပ်ချိန်၊ အနှံထွက်ချိန်) ခွဲ၍ ထည့်သွင်းပေးရပါမည်။

ရေရှည်စိုက်ပျိုးထုတ်လုပ်မှုအတွက် သဘာဝမြေဩဇာကို အကျိုးရှိစွာထိထိရောက် ရောက်သုံးစွဲပေးရန်လည်းလိုအပ်သည်။ စပါးစိုက်ခင်းတွင် ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာကို စိုတလှည့် ခြောက်တလှည့် ရေစီမံခန့်ခွဲသည့် နည်းလမ်း ကိုအသုံးပြု၍ စိုက်ပျိုးပေးရမည် ဖြစ်ပါသည်။ စပါးစိုက်ခင်းတွင် စိုတလှည့် ခြောက်တလှည့် ရေသွင်းသည့် နည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကို လျော့ချပေးနိုင်သလို မြေကြီးအတွင်း အောက်ဆီဂျင်ကို ရရှိ၍ အမြစ်များကောင်းစွာ ဖြစ်ထွန်းပြီး အာဟာရလည်ပတ်မှုကို အားပေးကာ အပင်ကောင်းစွာရှင်သန်ကြီးထွားစေနိုင်ပါသည်။

စာရေးသူ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနရလဒ်များမှလည်း စိုတလှည့် ခြောက်တလှည့် ရေသွင်းစနစ်သည် အထွက်နှုန်းကို ကောင်းမွန်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကို လျော့နည်းကြောင်း ဖော်ထုတ်ပြသခဲ့ပြီး ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်