လယ်သမားလည်းဖြစ် စိတ်ပညာရှင်လည်းဖြစ်တဲ့ Mr Fukuoka ဟာ ဂျပန်နိုင်ငံတောင်ဖက် Shikoku ကျွန်းမှာ နေထိုင်သည်။ သူ့စနစ်က ပေါင်းနည်းနည်းရှင်းတာကလွဲပြီး ထယ်မထိုးဘူး။ စက်မရှိဘူး။ ဓာတုပစ္စည်း မရှိဘူး။ မြေဆွေးပြုပြင်သုံးတယ်။ လောင်စာဆီမသုံးတဲ့အတွက် ညစ်ညမ်းမူမရှိအောင် ဖန်တီးထားတယ်။ သူ့နည်းက လုပ်အားကုန်ကျစာရိတ်မရှိဘူး။ အားလုံးသဘာအတိုင်းပါပဲ။ ဂျပန်မှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အသုံးပြုတဲ့ ခေတ်မီနည်းလမ်း နဲ့က တစ်ခြားစီပါပဲ။
အော်ဂဲနစ်မျိုးစေ့ သို့မဟုတ် လိင်မဲ့နည်းနဲ့ ပွားထားတဲ့ မျိုးကိုင်းပျိုးပင်တွေက စိတ်ချရဖို့ လိုပါတယ်နော်။ စျေးကွက်မှာ ရောင်းချနေတဲ့ မျိုးစေ့မျိုးစုံက ဗီဇပြုပြင်မှုက အစ မှိုသတ်ဆေး၊ ပိုးသတ်ဆေးများနဲ့ သေချာစွာ ပြုပြင်ထုတ်ပိုးလေ့ ရှိတဲ့အတွက် အော်ဂဲနစ်မဖြစ်န်ုင်ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ လိုချင်တဲ့ အော်ဂဲနစ်မျိုးစေ့ သို့မဟုတ် မျိုးပင်များကုိ အော်ဂဲနစ် စိုက်ပျိုးသော လယ်ယာဉယျာဉ်များ သို့မဟုတ် On Line များမှ တစ်ဆင့်မှာယူနိုင်ရင် အကောင်းဆုံးပါပဲနော်။
Mr Fukuoka က သူပျိုးထားတဲ့ စပါးစေ့တွေကို ငှက်တွေ ကြွက်တွေ ပုရွက်ဆိတ်တွေ ဖျက်ဆီးတာကို လွတ်ကင်းအောင်၊ မစိုက်ပျိုးမီမှာ ရွံ့တွေနဲ့ လုံးထားလိုက်တယ်။ ထို့အတူ သူစိုက်ပျိုးတဲ့ အခြားမျိုးစေ့နဲ့ ဟင်းသီးဟင်းရွက်မျိုစေ့တွေလည်း မစိုက်ခင်မှာ ရွံ့နဲ့ လုံးထားလိုက်တယ်။
“ သူပြောတာက သူရဲ့ စိုက်ပျိုးရေး အတွေ့အကြုံကို စာနဲ့တော့ မဖော်ပြချင်ပါဘူးတဲ့။ သူသိတာတွေ အားလုံးဟာ သဘာဝကို လေ့လာသင်ယူထားတာသာ ဖြစ်တယ်လို့ပဲ ပြောပါတယ်။
သူရဲ့မျိုးစေ့ပြုပြင်ပုံနည်းကတော့
မြေနီမှုန့် - ၅ ဆ
ဆွေးမြေ့ပြီးမြေဆွေး - ၃ ဆ
မျိုးစေ့ - ၁ ဆ
မျိုစေ့အရွယ်အစားကိုလိုက်၍ ရေ(၁-၂)ဆ
မျိုးစေ့ကို ရွှံ့နဲ့လုံးပြီးတော့ တစ်ရက်နေလှမ်းမယ်။ ပြီးတော့မင်သော် သို့မဟုတ် ငရုတ်သီးအစပ်မှုန့်နဲ့ ပိုးမကျအောင် လူးနယ်ပြီးမှ အပင်ဖောက်တာပဲ ဖြစ်ပါတယ်။
မိမိတို့ စိုက်ပျိုးသူများကလည်း Mr.Fukuoka ရဲ့ နည်းလမ်းက နည်းနည်းလက်ဝင်တယ်ဆိုပေမယ့် အကျိုးရှိတာမို့လို့ စမ်းသပ်ကြည့်ကြပါနော်။
Source _ အခြေခံ အော်ဂဲနစ်လယ်ယာ (မင်းဝင်းထိန် (B.Ag))
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်