မျိုးစေ့များရဲ့ ရှင်သန်နိုင်စွမ်းနဲ့ သိုလှောင်သိမ်းဆည်းခြင်း

19/10/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကိုယ်ပိုင်စိုက်ခင်းမှ ရရှိသောမျိုးစေ့များကိုဖြစ်စေ နောက်တစ်ရာသီမှာ စိုက်ပျိုးရန်အတွက် အရည်အသွေးကောင်း မျိုးစေ့များကို ဝယ်ယူထားသည်ဖြစ်စေ တတ်နိုင်သမျှ စနစ်တကျ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ 

မျိုးစေ့သိုလှောင်သိမ်းဆည်းခြင်းဆိုတာ ရိတ်သိမ်းပြီးနောက် ရရှိလာတဲ့မျိုးစေ့တွေကို ထိန်းသိမ်းခြင်း နေရာမှစတင်ကာ မျိုးစေ့များကို ပြန်လည်စိုက်ပျိုးပြီးတဲ့အထိ ကာလကိုဆိုလိုပါတယ်။ မျိုးစေ့များကို အချိန်တိုသိုလှောင်သည်ဖြစ်စေ ကာလကြာရှည်သိုလှောင်သည်ဖြစ်စေ စနစ်တကျ သိုလှောင်သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။

ဘာကြောင့် သိုလှောင်သိမ်းဆည်းကြတာလဲ?

မျိုးစေ့များကို သိုလှောင်သိမ်းဆည်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ စတင်ရိတ်သိမ်းလိုက်ချိန်မှ ပြန်လည်စိုက်ပျိုးချိန်အထိ မျိုးစေ့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝကမ္မအခြေအနေတွေကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ မျိုးစေ့တွေကို သိုလှောင်သိမ်းဆည်းရာမှာ  ယိုယွင်းပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ အကြီးမားဆုံးရန်သူတွေက အပူချိန်မြင့်မားခြင်းနဲ့ အစိုဓာတ်မြင့်မားခြင်းတို့ ဖြစ်တာကြောင့် အပူချိန်နဲ့ အစိုဓာတ်ကို ကောင်းစွာသတိပြုဖို့ လိုအပ်ပါတယ်။ နောက်ပြီး မျိုးစေ့တွေကို သိုလှောင်သိမ်းဆည်းထားချိန်မှာ အင်းဆက်အဖျက်ပိုးမွှားနဲ့ ရောဂါကျရောက်မှုများကိုလည်း ကာကွယ်ထားရမှာ ဖြစ်ပါတယ်။ 

မျိုးစေ့တွေကို စနစ်တကျနဲ့ သိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် 

  • သီးနှံအထွက်နှုန်း ကောင်းစေခြင်း 
  • ကျန်းမာသန်စွမ်းသော အပင်များ ရရှိစေခြင်းနဲ့ 
  • ပိုးမွှားရောဂါကျရောက်မှု နည်းပါးခြင်း
  • သိုလှောင်ရာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော မျိုးစေ့ဆောင်ရောဂါများ ကျရောက်မှုကို လျော့နည်းစေခြင်း စတဲ့ ကောင်းကျိုးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ 

သိုလှောင်မှုအပေါ်သက်ရောက်မှုရှိသော အချက်များ

အဓိက သက်ရောက်မှုရှိနေတာတွေက အပူချိန်၊ အစိုဓာတ်၊ မျိုးစေ့ရင့်မှည့်မှု၊ မျိုးစေ့သက်တမ်း၊ အောက်စီဂျင်နဲ့ အခြားသက်ရောက်မှုတွေဖြစ်ပြီး အောက်ဖော်ပြပါ အချက်များ ပါဝင်ပါတယ်။

  • ကောင်းစွာရင့်မှည့်တဲ့ မျိုးစေ့တွေဟာ မရင့်မှည့်သေးဘဲ စုဆောင်းထားတဲ့ မျိုးစေ့များထက် ရှင်သန်နိုင်စွမ်းကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ပါတယ်။ အဲ့တာကြောင့်ပဲ ကနဦး ရှင်သန်နိုင်စွမ်းမြင့်မားတဲ့ မျိုးစေ့တွေဟာ ရှင်သန်နိုင်စွမ်း နည်းပါးတဲ့ မျိုးစေ့များထက် ပိုမိုကောင်းမွန်စွာ သိမ်းဆည်းထားနိုင်တာ ဖြစ်ပါတယ်။
  • မာကြောပြီး ရေစိမ့် မဝင်နိုင်တဲ့ မျိုးစေ့တွေဟာ ပျော့ပျောင်းပြီး ရေစိမ့်ဝင်နိုင်တဲ့  အစေ့ခွံပါရှိသော မျိုးစေ့များထက် ရှင်သန်နိုင်စွမ်းပိုကောင်းပါတယ်။
  • မျိုးစေ့တွေဟာ သက်ရှိတွေဖြစ်တာကြောင့် ကိုင်တွယ်ရာမှာလည်း သတိပြုသင့်ပါတယ်။ ထိခိုက်ပျက်စီးမှု မရှိတဲ့မျိုးစေ့တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးထားတဲ့ မျိုးစေ့တွေထက် ရှင်သန်စွမ်းကို ပိုမိုထိန်းသိမ်းထားနိုင်ပါတယ်။ 
  • အစိုဓာတ်ပါဝင်မှု နည်းပြီး အပူချိန်လျှော့ချထားတဲ့ အခြေအနေမှာဆိုရင် မျိုးစေ့တွေရဲ့ ရှင်သန်နိုင်သောကာလဟာလည်း ကြာရှည်မှာ ဖြစ်ပါတယ်။ 

မျိုးစေ့ရှင်သန်နိုင်စွမ်း (Seed Viability) 

မျိုးစေ့တွေရဲ့သက်တမ်းဟာ အချိန်ကြာလာတာနဲ့အမျှ ၎င်းတို့ရဲ့ အပင်ပေါက်တဲ့နှုန်းဟာလည်း သဘာဝအတိုင်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ မျိုးစေ့အားလုံးနီးပါးဟာ သာမန်အခြေအနေမှာ စနစ်တကျ သိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် ယေဘူယျအားဖြင့် အနည်းဆုံး ၁ နှစ်အထိတော့ ရှင်သန်နိုင်စွမ်းရှိကြပါတယ်။ ဒါ့ကြောင့် မျိုးစေ့ကို သိုလှောင်ထားတဲ့ အခြေအနေနဲ့ မျိုးစေ့ အမျိုးအစားပေါ် မူတည်ပြီးတော့ ရှင်သန်နိုင်စွမ်းရှိတဲ့ကာလတွေ ကွာခြားနိုင်တာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်