မျိုးစေ့တွေက ခရီးသွားသလား

20/02/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သွားတာပေါ့။ နည်းလမ်း (၄) မျိုးနဲ့ သွားပါတယ်တဲ့။ ဘာလို့ခရီးသွားကြတာလဲ။

တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့လေ။ သူတို့မှာလည်း သူတို့အတွက် ကောင်းမွန်တဲ့ ရေမြေရာသီဥတုကို ရှာဖွေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့မျိုးပွား ပေါက်ရောက်ခြင်းအားဖြင့် မျိုးတုန်းမှုကို ကာကွယ်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါကတော့ သဘာဝကဖြစ်တဲ့ ဂေဟစနစ် ထိန်းသိမ်းမှုပါပဲ။ 

(၁) လေ

လေက မျိုးစေ့တွေကို သူတို့မိခင်အပင်ကနေ သယ်ဆောင်ပေးနိုင်ပါတယ်။ လေနဲ့ ခရီးသွားတဲ့မျိုးစေ့တွေကလည်း သူတို့မှာ လေထီးလိုမျိုး တည်ဆောက်ပုံလေးတွေ ရှိတတ်ပါတယ်။ အဲ့လိုတည်ဆောက်ပုံလေးတွေကြောင့်လည်း လေနဲ့တင် ခရီးတော်တော်များများကို ရောက်ပါတယ်။ ဘယ်လိုအပင်တွေပါသလဲဆိုတော့ သစ်ခွလည်းပါမယ်။

(၂) ရေ

ရေနဲ့လည်း ခရီးသွားတဲ့ မျိုးစေ့တွေ။ ကမ်းစပ်နားကျတဲ့  အပင်တွေကနေ မျိုးစေ့တွေက ရေထဲကိုကျတယ် နောက်ထပ်ကမ်းတစ်ခုမှာ သွားတင်တယ်။ သရက်စေ့လိုမျိုး၊ သဖန်းပင်တွေလိုမျိုး အပင်တွေဖြစ်ပါတယ်။ အုန်းသီးတွေလည်း ပါတာပေါ့။ သူတို့တွေက  ရေကိုသုံးပြီး သူတို့အပင်တွေကို တစ်နေရာကနေ တစ်နေရာကို ရောက်ရှိပြီးတော့ မျိုးပွားနိုင်ကြပါတယ်။  

(၃) သတ္တဝါတွေအားဖြင့် 

ညောင်စေ့တွေကို ငှက်ကလေးတွေကစားတယ်။ နောက်တော့ ညောင်ပင်လေးတွေက ပေါက်လာတယ်။ လူတွေသွားတဲ့လမ်းဘေးက ခြုံပုတ်ကနေ ငြိလာလိုက်တာ မနည်းပြန်ခွာထုတ်ပြီး ပစ်ရတယ်ဆိုတာတွေက သတ္တဝါတွေအားဖြင့် မျိုးစေ့တွေ ပျံ့နှံ့တာဖြစ်ပါတယ်။ 

ဒီထဲမှာမှ ပြန်ခွဲရင်တော့ အများကြီးရှိတာပေါ့လေ။ လူတွေသယ်လို့ စက်ပစ္စည်းကိရိယာတွေကြောင့်မို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။

(၄) ပေါက်ကွဲထွက်တယ်။

Squirting cucumber (Ecballium elaterium) ဆိုတဲ့ သခွားမျိုးဟာ သူ့ဘာသာ ပေါက်ကွဲထွက်နိုင်ပါတယ်။ ပေါက်ကွဲလိုက်ရင် အကွာအဝေးတစ်ခုကိုရောက်ရှိနိုင်ပြီးတော့ မျိုးပွားနိုင်ပါတယ်။ အဲ့သခွားမျိုးကတော့ ပေါက်ကွဲထွက်လိုက်ရင် နေရာတော်တော်လှမ်းလှမ်းကိုရောက်ပါတယ်တဲ့။ 

(၅) မြေသားပေါ်မှာ လမ်းလျှောက်တယ်။ 

အခွံမာသီးတွေကိုပြောတာပါ။ သူတို့ကတော့ လျှောက်တာတော့မဟုတ်ပါဘူး။ ကုန်းပေါ်က အုန်းပင်ကြောင့် ကုန်းအောက်မှာ အုန်းပင်ပေါက်နိုင်တယ်လေ။ အုန်းသီးကြွေကျပြီး လိမ့်လာတာပေါ့။ ဗာဒန်ပင်ဆိုလည်း မျိုးစေ့တွေက လိမ့်လိမ့်ပြီး တစ်နေရာမှာ ရောက်သွားပြီး အပင်တွေပေါက်လာ အရိပ်ကြီးရ.... အဲ့လိုနဲ့ မျိုးစေ့တွေက ပျံ့နှံ့ကြပါတယ်။ ထင်းရှုးတောကြီး အဲ့လိုဖြစ်လာကြတာပဲလေ။

(၇) နောက်ဆုံးတစ်ခုကတော့ ပေါင်းစပ်ပေါ့

လေတိုက်လိုက် မိုးရွာလိုက် အောက်ကိုစီးလိုက် လူကကောက်သွားလိုက် ငှက်ထိုးလို့ ရွေ့လိုက်နဲ့ နေရာအနှံ့ကိုပျံ့နှံလာတာမျိုးတွေ ဖြစ်လာပါတယ်။

ဒီပေါင်းတွေ အရင်က မမြင်ဖူးပါဘူး ခုမှပေါက်လာတာဆိုတာတွေက အဲ့လိုပျံ့နှံမှုတွေကြောင့် ပွားများလာတာပါလို့။

ထွန်းဝင်းကျော်

http://ensconet.maich.gr/People_Dispersal.htm

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်